ျပည္သူခ်စ္ ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ ခင္လွိုင္ကေတာ့ အကယ္ဒမီဆု ႀကီးနဲ႔ေဝးကြာေနဆဲျဖစ္ေပမယ့္ တစ္နိုင္ငံလုံး အတိုင္းအတာနဲ႔ ေအာင္ျမင္မႈရရွိေနသူတစ္ဦးပါ။ ခင္လွိုင္ကေတာ့ အလုပ္အေပၚ ရိုးရိုးသားသား ႀကိဳးႀကိဳးစားစားလုပ္ကိုင္ခဲ့တာေၾကာင့္ ေအာင္ျမင္မႈအသီးအပြင့္ေတြကို ခံစားေနရၿပီး စိတ္လက္ခ်မ္းသာစြာ ေနထိုင္ေနရတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ခင္လွိုင္က လူတိုင္းအား က်ရတဲ့ ခ်စ္စရာ ေကာင္းၿပီး ေႏြးေထြးလုံျခဳံတဲ့ မိသားစု ဘဝႀကီးကိုလည္း ပိုင္ဆိုင္ထားသူ တစ္ဦးလည္း ျဖစ္ပါ တယ္။

သားသမီးေတြအေပၚ နားလည္မႈ အျပည့္ေပးၿပီး အုပ္ခ်ဳပ္တဲ့ ခင္လွိုင္က သူကိုယ္တိုင္လည္း သားသမီးေတြကို အရမ္းခ်စ္သလို သားသမီး ေတြကိုလည္း ခ်စ္ခ်စ္ခင္ခင္ရွိတာပဲ ျမင္ေစခ်င္သူတစ္ေယာက္ပါ။ ဒီတစ္ေခါက္ မွာေတာ့ ခင္လွိုင္က သမီးငယ္ သဇင္ထူးျမင့္ ရဲ့ ေမြးေန႔ညမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ျဖစ္ၿပီး (၂)လၾကာ စကားမေျပာၾကတဲ့ ေနရဲနဲ႔ သဇင္ထူးျမင့္ တို႔ကို အဆင္ေျပသြားေအာင္ ညႇိႏွိုင္းေပးၿပီး တစ္ေယာက္ နဲ႔တစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္ေနဖို႔ ဆုံးမေပးခဲ့တာ ကိုလည္း အခုလိုပဲ ေတြ႕ရပ ါတယ္။

ခင္လွိုင္ကေတာ့ ဖခင္တစ္ေယာက္ပီပီ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ေကာက္ၿပီး မေခၚမေျပာၾကတဲ့ ေနရဲနဲ႔ သဇင္ထူးျမင့္ တို႔ကို အဆင္ေျပေအာင္ ညႇိုႏွိုင္းေပးခဲ့တာ တကယ့္ကိုခ်စ္စရာေကာင္း ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ဆုေတာင္းေပး လိုက္ပါတယ္။

Source: Khin Hlaing’s fb

unicode

ပြည်သူချစ် ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ အကယ်ဒမီဆု ကြီးနဲ့ဝေးကွာနေဆဲဖြစ်ပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မှုရရှိနေသူတစ်ဦးပါ။ ခင်လှိုင်ကတော့ အလုပ်အပေါ် ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့တာကြောင့် အောင်မြင်မှုအသီးအပွင့်တွေကို ခံစားနေရပြီး စိတ်လက်ချမ်းသာစွာ နေထိုင်နေရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်လှိုင်က လူတိုင်းအား ကျရတဲ့ ချစ်စရာ ကောင်းပြီး နွေးထွေးလုံခြုံတဲ့ မိသားစု ဘဝကြီးကိုလည်း ပိုင်ဆိုင်ထားသူ တစ်ဦးလည်း ဖြစ်ပါ တယ်။

သားသမီးတွေအပေါ် နားလည်မှု အပြည့်ပေးပြီး အုပ်ချုပ်တဲ့ ခင်လှိုင်က သူကိုယ်တိုင်လည်း သားသမီးတွေကို အရမ်းချစ်သလို သားသမီး တွေကိုလည်း ချစ်ချစ်ခင်ခင်ရှိတာပဲ မြင်စေချင်သူတစ်ယောက်ပါ။ ဒီတစ်ခေါက် မှာတော့ ခင်လှိုင်က သမီးငယ် သဇင်ထူးမြင့် ရဲ့ မွေးနေ့ညမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ပြီး (၂)လကြာ စကားမပြောကြတဲ့ နေရဲနဲ့ သဇင်ထူးမြင့် တို့ကို အဆင်ပြေသွားအောင် ညှိနှိုင်းပေးပြီး တစ်ယောက် နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေဖို့ ဆုံးမပေးခဲ့တာ ကိုလည်း အခုလိုပဲ တွေ့ရပ ါတယ်။

ခင်လှိုင်ကတော့ ဖခင်တစ်ယောက်ပီပီ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ပြီး မခေါ်မပြောကြတဲ့ နေရဲနဲ့ သဇင်ထူးမြင့် တို့ကို အဆင်ပြေအောင် ညှိုနှိုင်းပေးခဲ့တာ တကယ့်ကိုချစ်စရာကောင်း ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။

Source: Khin Hlaing’s fb