အဆိုေတာ္ လင္းလင္ းနဲ႔ ခ်စ္သုေဝ ဇနီးေမာင္ႏွံႏွစ္ေယာက္ ဟာဆိုရင္ ဘာသာမတူေပမယ့္ ခ်စ္ျခင္းေမတၱာ၊ နားလည္မႈေတြအျပည့္နဲ႔ တည္ေဆာက္ထားတဲ့အိမ္ေထာင္ေရးျဖစ္တာေၾကာင့္ ပရိသတ္ေတြ အားလုံးက အားက်ခ်စ္ခင္ေနၾကရတာပဲျဖစ္ပါတယ္။ တူညီတဲ့ အႏုပညာလမ္းေၾကာင္ းမွာ ေလၽွာက္လွမ္းေနၾကတဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝက ခ်စ္စရာေကာင္းတဲ့ သမီးေလး ႏွစ္ေယာက္ျဖစ္တဲ့ ေမျမန္မာေခတ္ နဲ႔ ေမျမန္မာသစ္ တို႔ကိုလည္း ေမြးဖြားထားၾကတာပဲ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းၿပီး အျမဲတမ္း ေပ်ာ္ရႊင္စရာေတြ ျပည့္ႏွက္ေန ၾကတဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ မိသားစုေလး ကေတာ့ လူတကာအားက်ျခင္းခံရတယ္ဆိုလည္း မမွားပါဘူး။

သမီးေလးေတြနဲ႔ ပက္သတ္ၿပီး ခ်စ္စရာေကာင္းတဲ့ အခိုက္ အတံ့ေတြကို အျမဲတမ္း မွတ္တမ္းတင္ ထားေလ့ရွိတဲ့ ခ်စ္သုေဝက ဒီတစ္ေခါက္မွာလည္း ေခတ္နဲ႔သစ္ရဲ့ ခ်စ္စရာေကာင္းတဲ့ အေျပာအဆို၊ အမူအယာေလးကို ျပသလာပါတယ္။ ခ်စ္သုေဝက “သမီးေမေမက ဘာအလုပ္လုပ္လဲလို႔” သမီးေတြကို ေမးမိရာမွ သမီးႏွစ္ေယာက္ရဲ့ အေျဖေၾကာင့္ ရယ္ရခက္ ၊ ငိုရခက္ျဖစ္ခဲ့ရတာကို အခုလိုပဲ မၽွေဝေပးလာခဲ့ပါတယ္။

ခ်စ္သုေဝကေတာ့ သမီးႏွစ္ေယာက္ နဲ႔မွ ဆရာဝန္၊ အဆိုေတာ္ ၊ မင္းသမီးဆိုတဲ့ ဂုဏ္ပုဒ္ေပ်ာက္သြားခဲ့ၿပီး ထမင္းေတြပဲခ်က္တဲ့ အိမ္ရွင္မႀကီးျဖစ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေခတ္နဲ႔သစ္ရဲ့ အေျဖေလးကိုၾကည့္ၿပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: Chit Thu Wai’s fb
Bilie – Cele Connections

unicode

အဆိုတော် လင်းလင် းနဲ့ ချစ်သုဝေ ဇနီးမောင်နှံနှစ်ယောက် ဟာဆိုရင် ဘာသာမတူပေမယ့် ချစ်ခြင်းမေတ္တာ၊ နားလည်မှုတွေအပြည့်နဲ့ တည်ဆောက်ထားတဲ့အိမ်ထောင်ရေးဖြစ်တာကြောင့် ပရိသတ်တွေ အားလုံးက အားကျချစ်ခင်နေကြရတာပဲဖြစ်ပါတယ်။ တူညီတဲ့ အနုပညာလမ်းကြောင် းမှာ လျှောက်လှမ်းနေကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေက ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ကိုလည်း မွေးဖွားထားကြတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အမြဲတမ်း ပျော်ရွှင်စရာတွေ ပြည့်နှက်နေ ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေး ကတော့ လူတကာအားကျခြင်းခံရတယ်ဆိုလည်း မမှားပါဘူး။

သမီးလေးတွေနဲ့ ပက်သတ်ပြီး ချစ်စရာကောင်းတဲ့ အခိုက် အတံ့တွေကို အမြဲတမ်း မှတ်တမ်းတင် ထားလေ့ရှိတဲ့ ချစ်သုဝေက ဒီတစ်ခေါက်မှာလည်း ခေတ်နဲ့သစ်ရဲ့ ချစ်စရာကောင်းတဲ့ အပြောအဆို၊ အမူအယာလေးကို ပြသလာပါတယ်။ ချစ်သုဝေက “သမီးမေမေက ဘာအလုပ်လုပ်လဲလို့” သမီးတွေကို မေးမိရာမှ သမီးနှစ်ယောက်ရဲ့ အဖြေကြောင့် ရယ်ရခက် ၊ ငိုရခက်ဖြစ်ခဲ့ရတာကို အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

ချစ်သုဝေကတော့ သမီးနှစ်ယောက် နဲ့မှ ဆရာဝန်၊ အဆိုတော် ၊ မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ပျောက်သွားခဲ့ပြီး ထမင်းတွေပဲချက်တဲ့ အိမ်ရှင်မကြီးဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ အဖြေလေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Chit Thu Wai’s fb
Bilie – Cele Connections