ပရိသတ်ကြီးရေ စန္ဒီမြင့်လွင် ကတော့ သာယာတဲ့ မိသားစုဘဝလေးကို တည်ထောင်ထားပြီး အေးအေးချမ်းချမ်း နဲ့ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။စန္ဒီမြင့်လွင်က အနုပညာအလုပ်တွေ လုပ်ကိုင် ခဲ့တဲ့ ကြားထဲကနေ သမီးလေး Treasure ကိုလည်း သေချာ ဂရုစိုက် စောင့်ရှောက်ပေးတဲ့ မိခင်ကောင်း တစ်ယောက်ဖြစ်ပါတယ်။

Treasureလေးကတော့ ဖေဖေ မေမေရဲ့ အသည်းနှလုံးလေး ဖြစ်ပြီး ပြည့်ပြည့် စုံစုံနေရတဲ့ ကလေးလေးဖြစ်ပါတယ်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကလည်း တစ်ဦးတည်းသောသမီးလေးကို အချစ်တွေပုံပေးထားကြတာပါ ။ သူတို့ရဲ့ မိသားစု ပုံလေးတွေကိုလည်း ပရိသတ်တွေ အတွက် အမြဲဖော်ပြလေ့ရှိပါတယ် ။

အခုလည်း မိထ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ သီချင်းလေးကို မာန်အပြည့် နဲ့ ဆိုနေတဲ့ ထရက်ရှာလေး ရဲ့ ဗီဒီယိုလေးကို ဝေမျှလာပါတယ် ။ ဗီဒီယိုလေးထဲမှာ ထရက်ရှာလေး တစ်ယောက် သီချင်းလေးကို ဆိုနေတာ အရမ်းချစ်စရာ ကောင်းတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

crd – Yaungchi

ZAWGYI




crd – Yaungchi