


Source: Dain Daung

UNICODE

ဟာသ လူရွှင်တော်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင် ကတော့ အနုပညာလောမှာ ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ပိုင်ဆိုင်ရရှိထားခဲ့ပါတယ်။ သူဟာ ယခုနောက်ပိုင်း မှာတော့ အနုပညာ အလုပ်တွေထက် ပရဟိတအလုပ်တွေ ကိုသာ ဦးစားပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒိန်းဒေါင်က ချွန်တွန်းပရဟိတအဖွဲ့လေးကို တည်ထောင်ပြီး လိုအပ်တဲ့ နေရာတွေနဲ့ မှီခိုမဲ့ ဘိုးဘွားတွေကို ထောက်ပံ လှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။

ဒိန်းဒေါင် ကတော့ အလှူအတန်းဘက် မှာ ရှေ့ဆုံးက ပါဝင်ဆောင်ရွက်တတ် သလို မိဘအပေါ် မှာလည်းသိတတ် လိမ္မာတဲ့ သားလိမ္မာလေး တစ်ယောက်ပါ။ ဒါ့အပြင် ကန်စွန်းရွက်ရောင်းတဲ့ အဘွားကိုလည်း သူရဲ့မွေးစားအမေ အဖြစ်သတ်မှတ်ကာ ပျက်စီးနေတဲ့ အိမ်လေးကို ပြန်ပြင်ပေးခဲ့ပြီး တစ်လတစ်ခါ ပိုက်ဆံတွေကိုလည်း ကိုယ်တိုင် သွားရောက်ပြီးကန်တော့လေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဒိန်းဒေါင်ဟာ မွေးစားအမေဆီကနေ တန်းဖိုးဖြတ် မရတဲ့ မွေးနေ့လက်ဆောင်လေးကိုရရှိခဲ့လို့ပျော်နေတဲ့ အကြောင်း ပြောပြလာခဲ့ပါတယ်။

အဲဒီအကြောင်းကိုတော့”အမေပေးတဲ့ မွေးနေ့လက်ဆောင်ရခဲ့တယ် ငါ့သားကို ရှင်ဘုရင် ဖြစ်စေချင်တယ်တဲ့”ဆိုပြီး ရေးသားကာ ဗီဒီယို ဖိုင်လေးနဲ့အတူမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေး ကိုတော့ ပရိသတ်ကြီးလည်း ကြည်းနူးပီတိ ဖြစ်လို့ရအောင် ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

Source: Dain Daung