မင်းသမီးချောလေး မိုးယုစံ ကတော့ လက်ရှိမှာ ဒုတိယမြောက်ရင်သွေးလေး ကို ကိုယ်ဝန်လွယ်ထားရတဲ့ မိခင် လောင်းလေးတစ်ဦး ပဲ ဖြစ်ပါတယ် ။ သားလေးတစ်ယောက်ပိုင်ဆိုင် ထားတဲ့ မိုးယုစံက ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝ လေးတစ်ခုကို ပိုင်ဆိုင်ထားတာ လည်း ဖြစ်ပါတယ် ။ မိုးယုစံရဲ့ ခင်ပွန်းသည်ကလည်း သူမအပေါ်မှာအရမ်းတာဝန် ကျေသလို အစစအရာရာ လိုလေ သေးမရှိအောင် ဂရုစိုက်ကြင်နာတတ် တာပဲ ဖြစ်ပါတယ် ။

အခုချိန်မှာ မိုးယုရဲ့ကိုယ်ဝန်က နေ့စေ့ လစေ့ ဖြစ်နေပြီဖြစ်တာကြောင့် အသေးစိတ်ဂရုစိုက်ပြီး နေထိုင် နေရတာ ဖြစ်ပါတယ်။ သားနှစ်ယောက်ရဲ့မိခင် ဖြစ်တော့မယ့် မိုးယုက ရင်သွေးလေး မွေးဖွားဖို့အတွက် အရမ်းရင်ခုန်နေတာ လည်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်း ကတော့ မိုးယုစံတို့ ဇနီးမောင်နှံက သူမတို့မိသားစုဘဝထဲကို မကြာခင်မှာ ဝင်ရောက်လာတော့မယ့် ရင်သွေးလေး ရဲ့မျက်နှာကိုမြင် တွေ့ရဖို့ Ultrasound သွားရိုက်ကြည့် ခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း မိုးယုက ဒုတိယ ရင်သွေးလေး နဲ့ပတ်သက်တဲ့ အမှတ်တရ ဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ် ။

မိုးယုစံက “Baby Shower ပွဲလေးအမှတ်တရ ပါပဲ သားကြီးလေးAustin တုန်းကမလုပ်လိုက်ရ လို့စိတ်မကောင်းဖြစ်ပေမယ့် သားကြီးလေးရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကတော့ မာမီ့ ဖုန်းထဲ ရင်ထဲထိအပြည့်ပါပဲ သားလေးနှစ်ယောက်လုံး ငယ်ဘဝ မှတ်တမ်းလေးတွေကို သားလေးတွေ ကြီးလာတဲ့အခါပြန်ကြည့်လို့ရအောင် မာမီ အမှတ်တရ သိမ်းထားပါတယ် သားငယ်လေးကိုတွေ့ရဖို့ ၁လ ကျော်ပဲလိုတော့တယ် welcome baby Kevin ကိုကိုကြီးAustinကတော့ ညီလေးကိုတွေ့ချင်နေပြီ ပွဲလေးကို surprise လုပ်ပေးကြတဲ့ ချစ်ရတဲ့ သူတွေနဲ့ ကူညီပေးကြသူများအားလုံး ကိုလည်းကျေးဇူးတင်တယ် “ဆိုပြီး ဗီဒီယိုလေး နဲ့အတူ တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ် တွေအတွက် မိုးယုစံတို့ဇနီးမောင်နှံ ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Moe Yu San’a FB Acc

unicode




Source: Moe Yu San’a FB Acc