သ႐ုပ္ေဆာင္ ေဆာင္းယြန္းစံကေတာ့ ကိုရီးယားမင္း သမီး ေဆာင္းေဟ ကိုနဲ႔တူတယ္ဆိုၿပီး ပရိသတ္ေတြၾကားမွာ နာမည္ႀကီး ထင္ရွားလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းၿပီး ငယ္ငယ္ရြယ္ရြယ္ ေလးနဲ႔ အလုပ္ေတြမ်ားစြာကို ဦးစီးလုပ္ကိုင္ေနတဲ့ အရည္အခ်င္း အျပည့္ရွိတဲ့ မိန္းကေလးတစ္ေယာက္လည္းျဖစ္တဲ့ ေဆာင္းယြန္းစံက လက္ရွိမွာေတာ့ အႏုပညာအလုပ္ ေတြအျပင္ မိဘေတြရဲ့ စီးပြားေရးလုပ္ငန္းေတြကိုပါ တစ္ဖက္ တစ္လမ္းကေန ကူညီလုပ္ကိုင္ေပးေနတာပဲ ျဖစ္ပါတယ္။ လူေလးလွသလို အလႉအတန္းပရဟိတ အလုပ္ေတြကိုလည္း လုပ္ကိုင္ေနတဲ့ ေဆာင္းယြန္းစံကို ပရိသတ္ေတြကလည္း ခ်စ္ခင္စြာနဲ႔ အားေပးေနၾကတာပဲ ျဖစ္ပါတယ္။

လာမယ့္ ဇန္နဝါရီလ (၂၃) ရက္ေန႔မွာ ေမြးေန႔က်ေရာက္မယ့္ ေဆာင္းယြန္းစံက ေမြးေန႔မေရာက္ခင္ ရက္ပိုင္းအလိုကတည္းက ခ်စ္ပရိသတ္ေတြဆီက အမွတ္တရ ေမြးေန႔လက္ေဆာင္ေတြ ရရွိေနၿပီပဲ ျဖစ္ပါတယ္။ ေဆာင္းယြန္းစံက “Birthday မေရာက္ေသးေပမဲ့ 🎁 ေဆာင္းရဲ့ ခ်စ္ရတဲ့ Fans ေလးေတြရဲ့ Birthday Pre Surprise ေတြလုပ္ေပးၾကလို႔ အရမ္းေပ်ာ္ေနပါၿပီ ♥️” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

ေဆာင္းယြန္းစံကေတာ့ ေမြးေန႔ မေရာက္ခင္ကတည္းက ခ်စ္ပရိသတ္ေတြဆီက ႀကိဳတင္ Surprise လုပ္ခံေနရၿပီး သည္းသည္းလႈပ္ အခ်စ္ခံေနရတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အခ်စ္ခံရလြန္းၿပီး ဂ႐ုစိုက္ခံရလြန္းသူေလး ေဆာင္းယြန္းစံကို အားက်ေန ၾကၿပီထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Saung Yoon San’s fb

unicode

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ကိုရီးယားမင်း သမီး ဆောင်းဟေ ကိုနဲ့တူတယ်ဆိုပြီး ပရိသတ်တွေကြားမှာ နာမည်ကြီး ထင်ရှားလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ငယ်ငယ်ရွယ်ရွယ် လေးနဲ့ အလုပ်တွေများစွာကို ဦးစီးလုပ်ကိုင်နေတဲ့ အရည်အချင်း အပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်တဲ့ ဆောင်းယွန်းစံက လက်ရှိမှာတော့ အနုပညာအလုပ် တွေအပြင် မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ တစ်ဖက် တစ်လမ်းကနေ ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။ လူလေးလှသလို အလှူအတန်းပရဟိတ အလုပ်တွေကိုလည်း လုပ်ကိုင်နေတဲ့ ဆောင်းယွန်းစံကို ပရိသတ်တွေကလည်း ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီလ (၂၃) ရက်နေ့မှာ မွေးနေ့ကျရောက်မယ့် ဆောင်းယွန်းစံက မွေးနေ့မရောက်ခင် ရက်ပိုင်းအလိုကတည်းက ချစ်ပရိသတ်တွေဆီက အမှတ်တရ မွေးနေ့လက်ဆောင်တွေ ရရှိနေပြီပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းစံက “Birthday မရောက်သေးပေမဲ့ 🎁 ဆောင်းရဲ့ ချစ်ရတဲ့ Fans လေးတွေရဲ့ Birthday Pre Surprise တွေလုပ်ပေးကြလို့ အရမ်းပျော်နေပါပြီ ♥️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ဆောင်းယွန်းစံကတော့ မွေးနေ့ မရောက်ခင်ကတည်းက ချစ်ပရိသတ်တွေဆီက ကြိုတင် Surprise လုပ်ခံနေရပြီး သည်းသည်းလှုပ် အချစ်ခံနေရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံရလွန်းပြီး ဂရုစိုက်ခံရလွန်းသူလေး ဆောင်းယွန်းစံကို အားကျနေ ကြပြီထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Saung Yoon San’s fb