


Swelsones News

unicode

ချစ်ပရိသတ်ကြီးရေ အနုပညာလောက ရဲ့ အရည်ချင်းရှိတဲ့ မော်ဒယ်တွေ ကို မွေးထုတ်ပေးနေတဲ့ ဂျွန်လွင်ကို ချစ်ပရိသတ်ကြီး သိကြမယ်ထင်ပါတယ်။သူကတော့ အောင်မြင်နေတဲ့ မော်ဒယ်အေဂျင်စီကြီးကို တည်ထောင်ထားကာ အောင်မြင်နေသူ လည်းဖြစ်ပါတယ်။အများက မော်ဒယ်ဖခင်ကြီး လို့ခေါ်ရလောက်အောင် အရည်အချင်းရှိတဲ့ မော်ဒယ်တွေ မွေးထုတ်ပေးခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဂျွန်လွင် က မွေးနေ့မှာ ကချင်းရိုးရာတွေလာပို့ သွားတဲ့ နေခြည်ဦးအတွက် မွေးနေ့ဆုတောင်း ပေးခဲ့တာပဲဖြစ်ပါတယ်။ ဂျွန်လွင်က “HAPPY 29th BIRTHDAY PAR CHI CHI ဒီနေ့ကရုပ်ရှင်သရုပ်ဆောင်& Beauty Bloggerနေခြည်ဦး ရဲ့29 နှစ်ပြည့်မွေးနေ့ဆိုပြီး နေ့လည်စာကိုidea အကောင်းဆုံးထုတ်ပိုးမှု့ နှင့်ကချင်ရိုးရာဟင်း တွေပြီးလာပို့ပေး သွားတယ်။ ကျေးဇူးတင်ပါတယ် ချီချီသမီးရေ။အခုလိုမွေးနေ့မှာ တကူးတကလာပို့ပေ းတဲ့အတွက်စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်ပါစေ။ အနုပညာနယ်ပယ်မှာလည်းယခုထက်ပိုအောင်မြင် ပြီး အကယ်ဒမီပေါင်းများစွာဆွတ်ခူးနိုင်ပါစေ။သာယာပျော်ရွှင်သောမိသားစုဘဝ ကိုလည်း ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

လတ်တလောမှာလဲ ဂျွန်လွင်က နေခြည်ဦး ကို ဝေဖန်တယ်ဆိုတဲ့ သတင်းတွေဟာလူမှုကွန်ယက် မှာ ပြန့်နှံ့ခဲ့ပါသေးတယ်။ နေခြည်ဦးအတွက် ဂျွန်လွင်ရဲ့ မွေးနေ့ဆုတောင်းလေးကို ပရိသတ်ကြီး အတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Swelsones News