ေမာ္ဒယ္လ္ စူးရွထက္ ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ နိုင္ငံေရးအေၿခ အေနေတြမွာ ေသြးေအးမသြားပဲ တတ္နိုင္တဲ့ဘက္ကေန ပါဝင္အားျဖည့္ကူညီေနတဲ့ သူတစ္ေယာက္ပါ။ နိုင္ငံေရးအေျပာင္းအလဲဟာဆိုရင္ ယေန႔အပါအဝင္ ရက္ေပါင္း ၄၇တိုင္ ရွိခဲ့ၿပီျဖစ္ၿပီး စူးရွထက္ကေတာ့ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေနတာျဖစ္ပါတယ္။ သူမကိုယ္တိုင္လဲ လမ္းေပၚထြက္ၿပီး လူထုလႈပ္ ရွားမႈႀကီးမွာ ပါဝင္ခဲ့သလို လိုအပ္တဲ့ေနရာ ေတြမွာလည္း သြားေရာက္လႉဒါန္းတာကို ေတြ႕ရပါတယ္။

အလႉအတန္းေတြဆို လက္မေႏွးတတ္တဲ့ စူးရွထက္က လူထုလႈပ္ ရွားမႈမွာ ​အသက္ေပးကာ ေသဆုံးခဲ့ရတဲ့ ျပည္သူ႔ သူရဲေကာင္းေတြရဲ့ မိသားစုေတြထံလည္း အလႉေငြေပးအပ္ခဲ့တာပါ။ ဒါ့အျပင္လည္း သူမရဲ့ ေနအိမ္မွာ စားေသာက္ဖြယ္ရာ ေတြနဲ႔ ေန႔စဥ္ဆက္တိုက္ဆိုသလို ေကၽြးေမြးတာလည္း ျဖစ္ပါတယ္။ သူမရဲ့ ေခၽြးနည္းစာထဲကေန အလႉျပဳေနခဲ့တဲ့ စူးရွ ထက္က မတ္လ ၂၁ရက္ေန႔မွာ က်ေရာက္မယ့္ ေမြးေန႔ အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြရွိေနပါတယ္။

ဒါကေတာ့ သူမရဲ့ ေမြးေန႔မွာ အမွန္တကယ္ လိုအပ္ေနတဲ့ ေနရာေတြကို အလႉျပဳခ်င္တာေၾကာင့္ လက္ေဆာင္ ရရွိထားတဲ့ ၉သိန္းဝန္းက်င္တန္ ပုလဲဆြဲႀကိဳးေလးကို ေလလံတင္ေရာင္းခ်ေနခဲ့တာပါ။ စူးရွထက္ က သူမရဲ့ Facebook Account ထက္မွာ ” အခုလာမဲ့ ၂၁ရက္ေန႔ စူးေမြးေန႔ကို အခုကာလမွာအမွန္တကယ္လိုအပ္တဲ့ေနရာေလးေတြကို ေရာင္းရတဲ့ေငြေလးနဲ႔ ခြဲလႉေပးမယ္ ” ဆိုၿပီး Postတင္ကာ ပုလဲဆြဲႀကိဳး ကို ေလလံတင္ေရာင္းခ်ေနတာျဖစ္လို႔ ပရိသတ္ေတြထံ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

သတင္းအရင္းျမစ္: Source – Zar Chi’s Facebook Account

unicode

မော်ဒယ်လ် စူးရှထက် ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေတွေမှာ သွေးအေးမသွားပဲ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ကူညီနေတဲ့ သူတစ်ယောက်ပါ။ နိုင်ငံရေးအပြောင်းအလဲဟာဆိုရင် ယနေ့အပါအဝင် ရက်ပေါင်း ၄ရတိုင် ရှိခဲ့ပြီဖြစ်ပြီး စူးရှထက်ကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာဖြစ်ပါတယ်။ သူမကိုယ်တိုင်လဲ လမ်းပေါ်ထွက်ပြီး လူထုလှုပ် ရှားမှုကြီးမှာ ပါဝင်ခဲ့သလို လိုအပ်တဲ့နေရာ တွေမှာလည်း သွားရောက်လှူဒါန်းတာကို တွေ့ရပါတယ်။

အလှူအတန်းတွေဆို လက်မနှေးတတ်တဲ့ စူးရှထက်က လူထုလှုပ် ရှားမှုမှာ ​အသက်ပေးကာ သေဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုတွေထံလည်း အလှူငွေပေးအပ်ခဲ့တာပါ။ ဒါ့အပြင်လည်း သူမရဲ့ နေအိမ်မှာ စားသောက်ဖွယ်ရာ တွေနဲ့ နေ့စဉ်ဆက်တိုက်ဆိုသလို ကျွေးမွေးတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ချွေးနည်းစာထဲကနေ အလှူပြုနေခဲ့တဲ့ စူးရှ ထက်က မတ်လ ၂၁ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့ အတွက် ကြိုတင်ပြင်ဆင်မှုတွေရှိနေပါတယ်။

ဒါကတော့ သူမရဲ့ မွေးနေ့မှာ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို အလှူပြုချင်တာကြောင့် လက်ဆောင် ရရှိထားတဲ့ ၉သိန်းဝန်းကျင်တန် ပုလဲဆွဲကြိုးလေးကို လေလံတင်ရောင်းချနေခဲ့တာပါ။ စူးရှထက် က သူမရဲ့ Facebook Account ထက်မှာ ” အခုလာမဲ့ ၂၁ရက်နေ့ စူးမွေးနေ့ကို အခုကာလမှာအမှန်တကယ်လိုအပ်တဲ့နေရာလေးတွေကို ရောင်းရတဲ့ငွေလေးနဲ့ ခွဲလှူပေးမယ် ” ဆိုပြီး Postတင်ကာ ပုလဲဆွဲကြိုး ကို လေလံတင်ရောင်းချနေတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Source – Zar Chi’s Facebook Account