

{“uid”:”5C29B075-1566-49A4-8AC4-44499F86CCFE_1611756963609″,”source”:”other”,”origin”:”unknown”}


Chilli – CeleZone
Source – Aung Lay

unicode

ပရိသတ်တွေရဲ့ အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသားချောအောင်လေး ကတော့ မနေ့က ဇန်နဝါရီလ (၂၇)ရက်နေ့က အသက် (၂၉)နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်လေးပဲဖြစ်ပါတယ်။ အောင်လေးကတော့ မနေ့က မွေးနေ့ရက် လေးမှာ ဘုရားသွာပြီး ခိုလေးတွေကို အစာကျွေး လမ်းမှာတွေ့တဲ့ သံဃာတော်တွေကို အလှူငွေတွေကပ်လှူခဲ့ပါသေးတယ်။

ဒါ့အပြင်အောင်လေးက မွေးနေ့အလှူလေးအနေနဲ့ C.P.C Orphanage မိဘမဲ့ကလေးများဂေဟာမှာ ကလေးတွေအတွက် သွားရောက်လှူဒါန်းမှု ပြုလုပ်ခဲ့ပါသေးတယ်။ C.P.C Orphanage မိဘမဲ့ကလေးများဂေဟာမှာရှိတဲ့ ကလေးတွေအတွက် လိုအပ်တာတွေအသုံးပြုနိုင်ဖို့အတွက် အလှူငွေ (၂)သိန်းကျပ်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

သာဓု သာဓု သာဓု ပါ အောင်လေးရေ အခုလို လှူဒါန်းရတဲ့ အကျိုးကြောင့် အနုပညာလေယကမှာဒီထက်မက အောင်မြင်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို များစွာရရှိပါစေ ဒီထက်မကလည်း လှူဒါန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်။ CeleZone ပရိသတ်ကြီးရေ အောင်လေးရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Chilli – CeleZone
Source – Aung Lay