အသံပါဝါ အားေကာင္းေကာင္း နဲ႔ သီခ်င္း ေတြကို သီဆိုတတ္သူ ကေတာ့ အဆိုေတာ္ ထြန္းအိျႏၵာဗိုလ္ ပဲ ျဖစ္ပါတယ္။ သူမဟာ အဆိုဘက္ တြင္ သာမကဘဲ သ႐ုပ္ေဆာင္ ဘက္မွာပါ ထူးခၽြန္သူ တစ္ေယာက္ျဖစ္ၿပီး အကယ္ဒမီ ထူးခၽြန္ဆုကိုပါ ရရွိ ပိုင္ဆိုင္ထား တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ထြန္းအိျႏၵာဗိုလ္က သားေလးတစ္ေယာက္ကို လည္းပိုင္ဆိုင္ထားၿပီး ေပ်ာ္ရႊင္ ခ်မ္းေျမ့တဲ့ မိသားစုဘဝ ေလးကို ျဖတ္သန္းေနတာပါ။

သားေလး ဟာအခုဆိုရင္ အရြယ္ေရာက္လာၿပီ ျဖစ္ကာ ေခ်ာေမာ ခန႔္ညားၿပီး ေမေမ အရမ္းခ်စ္ရတဲ့ သားေလးတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သားေလးဟာထူးခၽြန္ ထက္ျမက္တဲ့ကေလး တစ္ေယာက္ ျဖစ္ကာ ေက်ာင္း မွာလည္း ဆု တံဆိပ္ေတြ အျမဲရ ေနတာေၾကာင့္ ေမေမက အရမ္းဂုဏ္ယူေနရတာပါ။

ဒီေန႔ ေလးကေတာ့ ခ်စ္ရတဲ့ သားေလးရဲ့ ေမြးေန႔ ေလးျဖစ္တာေၾကာင့္ သားေလး ရဲ့ ငယ္စဥ္ကေလး ဘဝကအမွတ္ပုံရိပ္ ေလးေတြကိုေဖာ္ျပကာ ေမြးေန႔ဆုမြန္ေကာင္း ေတာင္းေပးခဲ့တာ ေတြ႕ရပါတယ္။ ပုံေလးေတြ နဲ႔ အတူ ” Happy birthday သား …ေထရဝါဒ ဗုဒၶဘာသာ စစ္စစ္ ကို ကိုးကြယ္ က်င့္ႀကံ အားထုတ္ နိုင္ပါေစ ….နိဗၺာန္ ကို မ်က္ေမွာက္ျပဳနိုင္ပါေစ….သာသနာ ကို လႉဒါန္း ေထာက္ပံ့နိုင္ပါေစ …..”စာေလးကို ေရးသား ေဝမၽွထား ရာ cele zone ပရိသတ္ႀကီးလည္းၾကည့္ရႈ နိုင္ေစရန္ ျပန္လည္ မၽွေဝေပးလိုက္ပါတယ္။

Yuan – Cele Zone
Photo – MiMi Khine

UNICODE

အသံပါဝါ အားကောင်းကောင်း နဲ့ သီချင်း တွေကို သီဆိုတတ်သူ ကတော့ အဆိုတော် ထွန်းအိန္ဒြာဗိုလ် ပဲ ဖြစ်ပါတယ်။ သူမဟာ အဆိုဘက် တွင် သာမကဘဲ သရုပ်ဆောင် ဘက်မှာပါ ထူးချွန်သူ တစ်ယောက်ဖြစ်ပြီး အကယ်ဒမီ ထူးချွန်ဆုကိုပါ ရရှိ ပိုင်ဆိုင်ထား တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ထွန်းအိန္ဒြာဗိုလ်က သားလေးတစ်ယောက်ကို လည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင် ချမ်းမြေ့တဲ့ မိသားစုဘဝ လေးကို ဖြတ်သန်းနေတာပါ။

သားလေး ဟာအခုဆိုရင် အရွယ်ရောက်လာပြီ ဖြစ်ကာ ချောမော ခန့်ညားပြီး မေမေ အရမ်းချစ်ရတဲ့ သားလေးတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သားလေးဟာထူးချွန် ထက်မြက်တဲ့ကလေး တစ်ယောက် ဖြစ်ကာ ကျောင်း မှာလည်း ဆု တံဆိပ်တွေ အမြဲရ နေတာကြောင့် မေမေက အရမ်းဂုဏ်ယူနေရတာပါ။

ဒီနေ့ လေးကတော့ ချစ်ရတဲ့ သားလေးရဲ့ မွေးနေ့ လေးဖြစ်တာကြောင့် သားလေး ရဲ့ ငယ်စဉ်ကလေး ဘဝကအမှတ်ပုံရိပ် လေးတွေကိုဖော်ပြကာ မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့တာ တွေ့ရပါတယ်။ ပုံလေးတွေ နဲ့ အတူ ” Happy birthday သား …ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ် ကို ကိုးကွယ် ကျင့်ကြံ အားထုတ် နိုင်ပါစေ ….နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ပါစေ….သာသနာ ကို လှူဒါန်း ထောက်ပံ့နိုင်ပါစေ …..”စာလေးကို ရေးသား ဝေမျှထား ရာ cele zone ပရိသတ်ကြီးလည်းကြည့်ရှု နိုင်စေရန် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone
Photo – MiMi Khine