



unicode

ပရိသတ်ကြီးတို့ရေ.. ဒီကနေ့လေးကတော့ ပြည်သူ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး နေခြည်ဦးရဲ့ အသက်(၂၉)နှစ်ပြည့် မွေးနေ့ရက်လေးဖြစ်ပြီး ကောင်းမှုကုသလိုလေးတွေနဲ့အတူ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်နော်..။နေခြည်လေး ကတော့ Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်အချစ်တွေကို စတင်ရရှိခဲ့ကာ နောက်ပိုင်းတွေမှာတော့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးသရုပ်ဆောင်နေပြီး ထိပ်တန်းအနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူပဲ ဖြစ်ပါတယ်နော်..။

နေခြည်လေးဟာ ဆွဲဆောင်မှုရှိတဲ့အလှတွေ၊ အမိုက်စားဖက်ရှင် လေးတွေနဲ့ ဖမ်းစားတတ်ပြီး တက်ကြွလန်းဆန်းတဲ့သူမရဲ့ ပင်ကိုယ်ဟန်ပန်တွေကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေကြရသလို စကားပြေ ာပွင့်လင်းသူလေးလည်း ဖြစ်ပါတယ်..။သူမရဲ့ မွေးနေ့ဖြတ်သန်းပုံရိပ်လေးတွေကို ဝေမျှထားပြီး ကောင်းမှုကုသိုလ်လေးတွေပြုလုပ်ခဲ့ကာ မွေးနေ့လက်ဆောင်လေးအဖြစ် တန်ဖိုးကြီးလက်ဝတ်ရတနာလေးတွေရရှိခဲ့လို့ ချီချီလေးတစ်ယောက် အရမ်းတွေ ပျော်ရွှင်နေပါတယ်နော်..။

နေခြည်လေးကတော့ ပြင်ဦးလွင်အထိ မွေးနေ့လက်ဆောင် းတွေ ပို့ပေးကြလို့ ပျော်နေရပြီး တန်ဖိုးကြီးလက်ဝတ်ရတနာ လေးတွေကိုလည်း မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာ ပျော်ရွှင်နေကာ သူမရဲ့ဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှလာပါတယ်နော်..။ဒီကနေ့လေး မှာတော့ ချီချီလေးရဲ့ ချစ်ရတဲ့ ပရိသတ်တွေအတွက် သူမရဲ့ မွေးနေ့ဖြတ်သန်းပုံရိပ်လေးတွေနဲ့ အပျော်လေး တွေကိုလည်း ဝေမျှထားတာမို့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

သတင်းအရင်းမြစ်: Nay Chi Oo’s IG Acc