



unicode

ဟာသ လူရွှင်တော် ကြာစိ ကေတာ့ ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှုတွေကို အပြည့်အဝ ရရှိထားခဲ့တဲ့ အနုပညာရှ င်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကြာစိ ကတော့ 5 star လူရွှင်တော် အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး မိန်းကလေးလို ဝတ်စားဆင်ယဉ် ကာ ဟာသ ပြက်လုံ;တွေကြောင့် ပိုမိုလူသိမ်ားလာခဲ့တာ ဖြစ်ပါတယ်။ ယခုနောက် ပိုင်းမှာဆိုရင်တော့ သူ့ရဲ့ အနုပညာ အလုပ် တွေက အရင်က ပိုမိုလုပ်ကိုင် လာနေရပြီး အောင်မြင် မှုတွေကိုလည်း ရရှိခဲ့ပါတယ်။

ကြာစိ ကတော့ ချစ်စရာ ကောင်းတဲ့ ဇနီးချောလေးကိုပိုင်ဆိုင် ထားပြီး သမီးရတနာ လေးတစ်ယောက် ကိုလည်း မွေးထားပါသေးတယ်။ ဒါ့အပြင် ကြာစိက အနုပညာအလုပ် တွေလည်း ကြိုးစားလုပ်ကိုင်ပြီး ချစ်ရတဲ့ မိသားစုလေး အတွက် လိုလေသေးမရှိအောင် ထားပေးတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ ကြာစိ ရဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့လေး ကျရောက်ခဲ့ တာကြောင့် ကြည်နူးစရာ အမှတ်တရ လေးတွေ တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေကတော့ ချစ်ဇနီး ချောလေးက surprise လုပ်ပေးထားတဲ့ မွေးနေ့ကိတ်လေး တွေနဲ့အတူ အိပ်ခန်း ထဲမှာလုပ်ပေးတဲ့ ပြင်ဆင်မှုလေး တွေကတော့ ချစ်စရာကောင်းလောက်ပါတယ်။ ပရိသတ်တွေလည်း ဟာသလူရွှင်တော် ကြာစိရဲ့ ယနေ့ကျရောက်တဲ့ မွေးနေ့လေးကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါဦး။ ကဲ…ယခုမှာတော့ ကြာစိရဲ့ မွေးနေ့လေးအတွက် ဇနီးဖြစ်သူက ချစ်စရာကောင်းလောက် အောင် Surprise လုပ်ပေးထားတာကို ပရိသတ် တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Source – Kyar Si fb account