ဝေဠုကျော်ကတော့ ဝေဠုကျော် ဖောင်ဒေးရှင်းကို တည်ထောင် ထားပြီး လိုအပ်နေတဲ့ နေရာတွေမှာ လိုက်လံကူညီ လှူဒါန်းပေးနေတဲ့ ပရဟိတ မင်းသားကြီး တစ်ယောက်ပါ ။ ဝေဠုကျော် ဖောင်ဒေးရှင်းရဲ့ အကူညီ တွေကြောင့် ခက်ခဲနေတဲ့ ဘဝတွေ အဆင်ပြေသွားခဲ့ တာလည်း မနည်းပါဘူးနော် ။ မင်းသား တစ်ယောက်ဆိုတဲ့ မာန်မာနမရှိဘဲ နေရာအစုံကို ကိုယ်တိုင် သွားရောက်ကာ နေ့စဉ်မနားတမ်း ကူညီလုပ်ဆောင် ပေးနေတာကြောင့် ပြည်သူပရိသတ်တွေက လေးစားအားကျနေတာပါ။

ဒီလိုကာလမှာဆိုရင် အကြောင်း အမျိုးမျိုး ကြောင့် အကူအညီ လိုအပ်နေသူ တွေလည်း အများအပြားရှိနေပြီး ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း တတ်နိုင်သလောက် ကူညီမှုတွေ ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် စားဝတ်နေရေး အမှန် တကယ် ကြပ်တည်း နေတဲ့ လက်လုပ်လက်စား ပြည်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ ဆီကိုလည်း အလှူရှင်တွေကိုယ်စား သွားရောက်ကာ ဆန် ၊ ဆီ အပါအဝင် လိုအပ်တဲ့ အခြား စားနပ်ရိက္ခာများ သွား​ရောက်လှူဒါန်းပေးခဲ့တာ ကိုတွေ့မြင်ရပါတယ်။

အခုလည်း လုပ်ခဝင်ငွေ နည်းပါးနေတဲ့ အုတ်ဖုတ် လုပ်သား မိသားစု (၁၇၀) စာအတွက် အလှူရှင်တွေကိုယ်စား သွားရောက်ကာ လိုအပ်နေတဲ့ စားသောက်ကုန်များ သွားရောက် လှူဒါန်းပေးခဲ့ပြန်ပါတယ်။ အလှူလက်ခံ ရရှိတဲ့ ပုံလေးတွေနဲ့ အတူ ” 31-5-2021 #မှော်ဘီသို့အလှူ ဝေဠုကျော် ဖောင်ဒေးရှင်းမှ မှော်ဘီမြို့နယ်၊ အမှတ်၄လမ်းမကြီး ၊ကကပြန် ၊အုတ်ဝန်းအတွင်း ရှိ အုတ်ဖုတ်လုပ်သား မိသားစု ၁ရဝစု သို့ ဆန် ကုလားပဲ ငါးခြောက် ကြက်သွန်နီ ငါးပြာရည်တို့ကို သွားရောက် ကူညီ ထောက်ပံ့ပေးခဲ့ပါတယ်။ အုတ်ဖုတ်လုပ်သား မိသားစုတွေမှာ လုပ်ခဝင်ငွေနည်းပါးကြပြီး အစစအရာရာ လိုအပ်နေကြတယ့် အနယ်နယ်အရပ်ရပ်က ခိုကပ်နေထိုင် အလုပ်လာလုပ်ကြတယ့်သူများပါ။ အခုလိုအချိန် ဆောက်လုပ်ရေးတွေ ကမရှိသလောက်ဖြစ်တော့ အုပ်ထုတ်လုပ်မှု့ကလည်း နဲ့ပါးလာတဲ့အတွက် အုပ်ဖုတ် လုပ်သားတွေ အဆင်မပြေကြလို့ စားနပ်ရိက္ခာအလှူအတွက် အကူအညီတောင်းခံလာတာပါ။ နောက်ထပ် အလှူခံ လာကြသည့် အဆင်မပြေ ကြပ်တည်းကြသည့် မိသားစုများအတွက် လည်း စေတနာ အလှူရှင် များအနေဖြင့် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ အလှူခံပါရစေ။” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်။

Credit – Cele Zone

Photo – Wai Lu Kyaw

ZAW GYI
ေဝဠဳေက်ာ္ကေတာ့ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို တည္ေထာင္ ထားၿပီး လိုအပ္ေနတဲ့ ေနရာေတြမွာ လိုက္လံကူညီ လႉဒါန္းေပးေနတဲ့ ပရဟိတ မင္းသားႀကီး တစ္ေယာက္ပါ ။ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းရဲ့ အကူညီ ေတြေၾကာင့္ ခက္ခဲေနတဲ့ ဘဝေတြ အဆင္ေျပသြားခဲ့ တာလည္း မနည္းပါဘူးေနာ္ ။ မင္းသား တစ္ေယာက္ဆိုတဲ့ မာန္မာနမရွိဘဲ ေနရာအစုံကို ကိုယ္တိုင္ သြားေရာက္ကာ ေန႔စဥ္မနားတမ္း ကူညီလုပ္ေဆာင္ ေပးေနတာေၾကာင့္ ျပည္သူပရိသတ္ေတြက ေလးစားအားက်ေနတာပါ။

ဒီလိုကာလမွာဆိုရင္ အေၾကာင္း အမ်ိဳးမ်ိဳး ေၾကာင့္ အကူအညီ လိုအပ္ေနသူ ေတြလည္း အမ်ားအျပားရွိေနၿပီး ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကလည္း တတ္နိုင္သေလာက္ ကူညီမႈေတြ ေပးခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ စားဝတ္ေနေရး အမွန္ တကယ္ ၾကပ္တည္း ေနတဲ့ လက္လုပ္လက္စား ျပည္သူေတြနဲ႔ စစ္ေဘးေရွာင္ ျပည္သူေတြ ဆီကိုလည္း အလႉရွင္ေတြကိုယ္စား သြားေရာက္ကာ ဆန္ ၊ ဆီ အပါအဝင္ လိုအပ္တဲ့ အျခား စားနပ္ရိကၡာမ်ား သြား​ေရာက္လႉဒါန္းေပးခဲ့တာ ကိုေတြ႕ျမင္ရပါတယ္။

အခုလည္း လုပ္ခဝင္ေငြ နည္းပါးေနတဲ့ အုတ္ဖုတ္ လုပ္သား မိသားစု (၁၇၀) စာအတြက္ အလႉရွင္ေတြကိုယ္စား သြားေရာက္ကာ လိုအပ္ေနတဲ့ စားေသာက္ကုန္မ်ား သြားေရာက္ လႉဒါန္းေပးခဲ့ျပန္ပါတယ္။ အလႉလက္ခံ ရရွိတဲ့ ပုံေလးေတြနဲ႔ အတူ ” 31-5-2021 #ေမွာ္ဘီသို႔အလႉ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းမွ ေမွာ္ဘီၿမိဳ႕နယ္၊ အမွတ္၄လမ္းမႀကီး ၊ကကျပန္ ၊အုတ္ဝန္းအတြင္း ရွိ အုတ္ဖုတ္လုပ္သား မိသားစု ၁ရဝစု သို႔ ဆန္ ကုလားပဲ ငါးေျခာက္ ၾကက္သြန္နီ ငါးျပာရည္တို႔ကို သြားေရာက္ ကူညီ ေထာက္ပံ့ေပးခဲ့ပါတယ္။ အုတ္ဖုတ္လုပ္သား မိသားစုေတြမွာ လုပ္ခဝင္ေငြနည္းပါးၾကၿပီး အစစအရာရာ လိုအပ္ေနၾကတယ့္ အနယ္နယ္အရပ္ရပ္က ခိုကပ္ေနထိုင္ အလုပ္လာလုပ္ၾကတယ့္သူမ်ားပါ။ အခုလိုအခ်ိန္ ေဆာက္လုပ္ေရးေတြ ကမရွိသေလာက္ျဖစ္ေတာ့ အုပ္ထုတ္လုပ္မႈ႔ကလည္း နဲ႔ပါးလာတဲ့အတြက္ အုပ္ဖုတ္ လုပ္သားေတြ အဆင္မေျပၾကလို႔ စားနပ္ရိကၡာအလႉအတြက္ အကူအညီေတာင္းခံလာတာပါ။ ေနာက္ထပ္ အလႉခံ လာၾကသည့္ အဆင္မေၿပ ၾကပ္တည္းၾကသည့္ မိသားစုမ်ားအတြက္ လည္း ေစတနာ အလႉရွင္ မ်ားအေနျဖင့္ ဝိုင္းဝန္းကူညီ ေထာက္ပံ့ေပးၾကဖို႔ အလႉခံပါရေစ။” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

Credit – Cele Zone

Photo – Wai Lu Kyaw