



unicode

ဖြူဖြူသေးသေးလေး နဲ့ အရမ်းချစ်စရာ ကောင်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည် ကတော့ ဖြူဖြူ နွဲ့နွဲ့လေးဖြစ်ပေမယ့် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာတော့ ကျရာဇာတ်ရုပ် ကာရိုက်တာ အတိုင်း စိတ်ရောလူပါ ပြောင်းလဲပြီး သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အခုဆိုရင် အသက်သုံးဆယ်ကျော်အမျိုးသမီးတစ်ယောက် ဖြစ်လို့နေပြီဖြစ်ပြီး အလုပ်တွေကိုလည်း အချိန်ပေးလုပ်ကိုင် နေသလို ဘာသာရေး နဲ့ ကုသိုလ်ရေးမှာလည်း လစ်ဟင်းသွားမှုမ ရှိအောင် အမြဲတမ်းကြိုးစားနေသူ လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လူလေး လှသလို စိတ်ထားလေး လည်း နူးညံ့သိမ်မွေ့တဲ့ ဝတ်မှုံရွှေရည်ကို ဆယ်စုနှစ် တစ်ခုကျော်တိုင် အချစ်မလျော့ပဲ အားပေး လာတာ ဒီနေ့ဒီအချိန်ထိပဲ ဖြစ်ပါတယ်။

ထိပ်တန်းမင်းသမီး ပီပီ အလုပ်တွေကို နေ့ညဆက်တိုက်လုပ်ကိုင်နေရတဲ့ ဝတ်မှုံရွှေရည်က ဘာသာရေးကိုလည်း လုပ်ကိုင်နိုင်ဖို့ မကြာခဏဆိုသလို တရားစခန်းဝင်ရောက်တတ် သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဝတ်မှုံရွှေရည်က (၂၀၂၁) ခုနှစ်ရဲ့ နှစ်ဦးကုသိုလ်အဖြစ် မှော်ဘီမြို့က အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ အဓိဌာန်ပြု တရားစခန်းဝင်နေတဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အသိပေး လာခဲ့ပါတယ်။

ဝတ်မှုံရွှေရည် ကတော့ မကြာခဏ ဆိုသလို တရားစခန်းဝင် ကုသိုလ်ယူ တတ်သူတစ်ယောက်ဖြစ်ပြီး ဒီတစ်ခါမှာလည်း သူမရဲ့ ရှိသမျှအလုပ်တွေကို မေ့ထားပြီး ကုသိုလ်ရေးကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် တစ်ယောက် တရားစခန်းဝင်နေတဲ့အချိန်ခဏလေးမှာ မွန်မြတ်အေး ချမ်းလှတဲ့ တရားထူး၊ တရားမြတ်တွေရရှိပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Wutt Hmone Shwe Yi’s fb