မျှာ်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတာပါနော်။
crd-original
UNICODE
ပရိသတ်ကြီး ရေ မနေ့က ပြန်လွတ်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ပိုင်တံခွန် ပါလာမယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် တကယ်တမ်း ဖြစ်မလာခဲ့ပါဘူးနော်။ ဒီသတင်းဟာ သူ့ကို စောင့်မျှော်နေသူတွေအတွက် ဝမ်းနည်းစရာပါပဲနော်။ ပိုင်တံခွန်တို့ တစ်မိသားစုလုံးကလည်း သူပြန်လွတ်လာမယ်အထင်နဲ့ ပျော်နေကြတာပါနော်။
ပိုင်တံခွန် ရဲ့ ကောင်မလေး ဆိုရင်လည်း သူ့ကောင်လေး အမြန်လွတ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေခဲ့ တာပါနော်။ထောင်ထဲထိရောက်အောင် ထောင်ဝင်စာတွေ ပို့ပေးခဲ့တဲ့ ပိုင်တံခွန်ရဲ့ ချစ်သူ လေးဟာ ဒီတစ်ခါမှာတော့ အတော်ကိုစိတ်မကောင်း ဖြစ်ခဲ့ရပါတယ်နော်။ မနေ့က သူ့ကောင်လေး ပြန်လွတ်မယ်လို့ ထင်ခဲ့ပေမယ့် မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတာပါနော်။
” ကိုယ့်မိသားစုလေး မပျော်ခဲ့ရ ပေမယ့်ဒီနေ့ ပျော်ရွှင်နေကြတဲ့ မိသားစုတွေကို မြင်ရတော့ မျက်ရည်ကြားက ပီတိ ဖြစ်ရပြန်တယ်။ ❤️ငါတို့ကို surprise လုပ်ချင်လို့များ မနက်က မထွက်လာတာ လားဆိုပြီး အရူးတစ်ယောက် လို ငါတွေးနေခဲ့သေးတာ မဲလုံးရာ ဒီအချိန်ထိဆိုမှတော့… 💔မနက်က ပြုံးပျော် နေတဲ့ ဒို့မေက အခုငိုနေတယ်။ တစ်မနက်လုံး အလုပ်ရှုပ်ပြီး ဆူညံနေတဲ့ အိမ်ကခုတော့ တိတ်ဆိတ်လို့။နင့်သူငယ်ချင်း ဖူးလေး လွတ်ပြီး နင်မပါတော့ စိတ်မကောင်းဖြစ်နေမလား၊ အားငယ်နေမလားဆိုပြီး ငါ့မှာ တွေးပူရပြန်တယ်။ဘာမှမဖြစ်သလို ဟန်ဆောင်ပြ နေရတာငါလည်း ပင်ပန်းလှပြီ… 😔” လို့ ပိုင်တံခွန် ရဲ့ အစ်မကိုယ်တိုင်ခံစားချက် တွေ ရေးထားပါတယ်နော်။
crd-original