တစ်နိုင်ငံလုံးက ပရိသတ်တွေရော အနုပညာရှင် အချင်းချင်းကရော လေးစား နှစ်သက်ရတဲ့ အဆိုတော် ရေမွန် ကတော့ ဘဝ တစ်ပါးကို ကူးပြောင်းသွားခဲ့တာ (၈) လနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ရေမွန် ကွယ်လွန်သွားပေမယ့် သူ့ရဲ့ နာမည်နဲ့ သူဖန်တီးခဲ့တဲ့သီချင်းတွေကတော့ ဆက်လက် ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။ ရေမွန်ရဲ့ အချစ်ဆုံးသူငယ်ချင်းထဲက တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာလည်း ရေမွန်အသက်ရှင်စဉ်ကတည်းက ဝယ်ယူခဲ့တဲ့ သီချင်းနှစ်ပုဒ်ကို ရေမွန်ကွယ်လွန်ပြီးချိန်မှ ပြန်လည်သီဆို သွားမယ့်အချိန်ကို အခုလိုပဲ ပြောလာပါတယ်။

“ပိုပိုး နဲ့ တီတီသင်ဇာ…💜 သမီးသင်ဇာက တပည့်ဟောင်းပါ။ သူသရုပ်ဆောင် ဖြစ်ကာစ (2006/7)လောက်ကတစ်ခါ (2014)လောက်ကတစ်ခါ အိမ်မှာသွားသင်ပေးဖူးပါတယ်။ သင်တန်းတက်လိုက် ၊ ရိုက်ကူးရေးတွေ ဝင်လာလို့ ထိုးရပ် သွားလိုက်နဲ့ပေါ့ 😄 (2014) သွားသင်တော့ တွတ်ပီသီချင်းလေးနှစ်ပုဒ်ဆိုဖို့ဝယ်ဖြစ်ခဲ့တယ်။ သူ့အလုပ်တွေ ဝင်လာတော့ ထုံးစံအတိုင်း ရပ်သွား ပြန်ရော..ဝယ်ထားတဲ့သီချင်း(8)နှစ်သက်တမ်း (တွတ်ပီဆုံးပြီးတော့မှ )တွတ်ပီရှိစဉ်က မဆိုမသွင်းဖြစ်လိုက်တာ နောင်တတွေရ ယူကြုံးမရဖြစ်ပြီး အမှတ်တရပြန်ဆိုချင်လို့ ဆက်သွယ်လာတယ်။

သတ်မှတ်သက်တမ်းအတော်ကြာသွားလို့ သီချင်းနှစ်ပုဒ် ဖိုးထပ်မံ‌ပေး၊Vocal Guide Fees အပြင် သူငယ်ချင်း တွတ်ပီအတွက် အလှူငွေပါ ထည့်ပေးခဲ့တဲ့ သမီး သင်ဇာကို ကျေးဇူးများစွာတင်ပါတယ်”“တွတ်ပီ ဆန္ဒလေးပြည့်သွားအောင် များများ လှူပေးလို့ရပြီ..😊 (သင်ဇာနဲ့တွတ်ပီကလဲ ပြောမနာဆိုမနာ အတော်ခင်ခဲ့တဲ့ဘော်ဒါတွေဘဲ) သင်တန်းသွားပေးတိုင်းအစားအသောက် ၊ အသီးအနှံ ၊ အအေးအစုံအလင်ချကြွေး Lunch ပါအတင်းပြင်ဆင်ပေးတဲ့ ဟိုးအရင်ကလိုဘဲ အမြဲနွေးထွေးခဲ့တဲ့ သင်ဇာ့မေမေကိုလဲ ကျေးဇူးပါ။

မိသားစုအားလုံး ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ကြပါစေ 🌹ဘေးကင်းကြပါစေ..🥰 (မရောက်တာ ကြာတော့မမှတ်မိဘဲ မျက်စိလည်နေမှာစိုးလို့ လူကြီး လူကောင်း Body guard ပိုပိုးကို ခေါ်သွားလိုက်လို့ ပါလာတာ 😄 )”ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။သင်ဇာဝင့်ကျော်ကတော့ အချစ်ဆုံးသူငယ်ချင်း ရေမွန်ရေးထားတဲ့ သီချင်းကို သီဆိုဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော် သီဆိုမယ့် သီချင်းလေး ထွက်ရှိခဲ့ရင် အားပေးကြပါဦးနော်။

Source: Khin Myat Mon

ZAWGYI

တစ္နိုင္ငံလုံးက ပရိသတ္ေတြေရာ အႏုပညာရွင္ အခ်င္းခ်င္းကေရာ ေလးစား ႏွစ္သက္ရတဲ့ အဆိုေတာ္ ေရမြန္ ကေတာ့ ဘဝ တစ္ပါးကို ကူးေျပာင္းသြားခဲ့တာ (၈) လနီးပါးရွိခဲ့ၿပီျဖစ္ပါတယ္။ ေရမြန္ ကြယ္လြန္သြားေပမယ့္ သူ႔ရဲ့ နာမည္နဲ႔ သူဖန္တီးခဲ့တဲ့သီခ်င္းေတြကေတာ့ ဆက္လက္ ရွင္သန္ေနဆဲပဲ ျဖစ္ပါတယ္။ ေရမြန္ရဲ့ အခ်စ္ဆုံးသူငယ္ခ်င္းထဲက တစ္ေယာက္ျဖစ္တဲ့ သင္ဇာဝင့္ေက်ာ္ဟာလည္း ေရမြန္အသက္ရွင္စဥ္ကတည္းက ဝယ္ယူခဲ့တဲ့ သီခ်င္းႏွစ္ပုဒ္ကို ေရမြန္ကြယ္လြန္ၿပီးခ်ိန္မွ ျပန္လည္သီဆို သြားမယ့္အခ်ိန္ကို အခုလိုပဲ ေျပာလာပါတယ္။

“ပိုပိုး နဲ႔ တီတီသင္ဇာ…💜 သမီးသင္ဇာက တပည့္ေဟာင္းပါ။ သူသ႐ုပ္ေဆာင္ ျဖစ္ကာစ (2006/7)ေလာက္ကတစ္ခါ (2014)ေလာက္ကတစ္ခါ အိမ္မွာသြားသင္ေပးဖူးပါတယ္။ သင္တန္းတက္လိုက္ ၊ ရိုက္ကူးေရးေတြ ဝင္လာလို႔ ထိုးရပ္ သြားလိုက္နဲ႔ေပါ့ 😄 (2014) သြားသင္ေတာ့ တြတ္ပီသီခ်င္းေလးႏွစ္ပုဒ္ဆိုဖို႔ဝယ္ျဖစ္ခဲ့တယ္။ သူ႔အလုပ္ေတြ ဝင္လာေတာ့ ထုံးစံအတိုင္း ရပ္သြား ျပန္ေရာ..ဝယ္ထားတဲ့သီခ်င္း(8)ႏွစ္သက္တမ္း (တြတ္ပီဆုံးၿပီးေတာ့မွ )တြတ္ပီရွိစဥ္က မဆိုမသြင္းျဖစ္လိုက္တာ ေနာင္တေတြရ ယူၾကဳံးမရျဖစ္ၿပီး အမွတ္တရျပန္ဆိုခ်င္လို႔ ဆက္သြယ္လာတယ္။

သတ္မွတ္သက္တမ္းအေတာ္ၾကာသြားလို႔ သီခ်င္းႏွစ္ပုဒ္ ဖိုးထပ္မံ‌ေပး၊Vocal Guide Fees အျပင္ သူငယ္ခ်င္း တြတ္ပီအတြက္ အလႉေငြပါ ထည့္ေပးခဲ့တဲ့ သမီး သင္ဇာကို ေက်းဇူးမ်ားစြာတင္ပါတယ္”“တြတ္ပီ ဆႏၵေလးျပည့္သြားေအာင္ မ်ားမ်ား လႉေပးလို႔ရၿပီ..😊 (သင္ဇာနဲ႔တြတ္ပီကလဲ ေျပာမနာဆိုမနာ အေတာ္ခင္ခဲ့တဲ့ေဘာ္ဒါေတြဘဲ) သင္တန္းသြားေပးတိုင္းအစားအေသာက္ ၊ အသီးအႏွံ ၊ အေအးအစုံအလင္ခ်ေႂကြး Lunch ပါအတင္းျပင္ဆင္ေပးတဲ့ ဟိုးအရင္ကလိုဘဲ အျမဲေႏြးေထြးခဲ့တဲ့ သင္ဇာ့ေမေမကိုလဲ ေက်းဇူးပါ။

မိသားစုအားလုံး ေရလိုေအးလို႔ ပန္းလိုခ်မ္းေျမ့ၾကပါေစ 🌹ေဘးကင္းၾကပါေစ..🥰 (မေရာက္တာ ၾကာေတာ့မမွတ္မိဘဲ မ်က္စိလည္ေနမွာစိုးလို႔ လူႀကီး လူေကာင္း Body guard ပိုပိုးကို ေခၚသြားလိုက္လို႔ ပါလာတာ 😄 )”ဆိုၿပီး ေျပာလာတာပဲ ျဖစ္ပါတယ္။သင္ဇာဝင့္ေက်ာ္ကေတာ့ အခ်စ္ဆုံးသူငယ္ခ်င္း ေရမြန္ေရးထားတဲ့ သီခ်င္းကို သီဆိုဖို႔ ျပင္ဆင္ေနၿပီပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း သင္ဇာဝင့္ေက်ာ္ သီဆိုမယ့္ သီခ်င္းေလး ထြက္ရွိခဲ့ရင္ အားေပးၾကပါဦးေနာ္။

Source: Khin Myat Mon