ျပည္သူလူထုက ေတာ့ လူထုလႈပ္ရွားမႈအတြင္းမွာ က်ဆုံးသြား ၾကတဲ့ သူရဲေကာင္းေတြရဲ့ က်န္ရစ္သူမိသားစုနဲ႔ထပ္တူ ဝမ္းနည္းပူေဆြးေနရတာပဲ ျဖစ္ပါတယ္။မိမိနဲ႔ ေသြးသားမေတာ္စပ္ၾကေပမယ့္ ကိုယ့္ရဲ့မိသားစုဝင္ဆုံးရႈံးလိုက္ရသလိုမ်ိဳး ရင္နင့္စြာ နဲ႔ ခံစားေနၾကရတာျဖစ္ပါတယ္။ဒါ့ေၾကာင့္မွလို႔ ျပည္သူလူထုက က်န္ရစ္သူမိသားစုဝင္ေတြကို တတ္နိုင္သေလာက္ ေဖးမကူညီေပးၾကၿပီး အားေပးစကားေတြ နဲ႔ႏွစ္သိမ့္ေပးေနၾကတာျဖစ္ပါတယ္။မတ္လ(၁၄)ရက္ေန႔ကဆိုရင္ (၁၇)ႏွစ္အရြယ္သာရွိေသးတဲ့ ေမာင္လွိုင္းဂ်က္ေမာင္ က ေရွ႕ဆုံးမွာ ဒိုင္းကာရင္း က်ည္ထိသြားခဲ့တာျဖစ္ပါတယ္။

ေမာင္လွိုင္းဂ်က္ေမာင္က မိသားစုရဲ့စားဝတ္ေနေရးအတြက္ ေရသန႔္ပို႔ၿပီး တစ္ဖက္တစ္လမ္းကေန ကူညီေပးေနတာျဖစ္ပါတယ္။ဒီလိုမ်ိဳး မိဘကိုလုပ္ေကၽြးျပဳစုေနတဲ့ သားေလးက အမ်ားအက်ိဳးအတြက္သယ္ပိုး ေဆာင္ရြက္ရင္းအသက္ေပးသြားခဲ့ရတာျဖစ္ပါတယ္။ေမာင္လွိုင္းဂ်က္ေမာင္တို႔မိသားစုေလးက အရမ္းခ်ိဳ႕တဲ့ၿပီး ဖခင္ျဖစ္သူဆိုရင္ၾကက္ေၾကာ္ေရာင္းကာ အသက္ေမြးဝမ္းေက်ာင္းျပဳ ရတာျဖစ္ပါတယ္။ေမာင္လွိုင္းဂ်က္ေမာင္ကေတာ့ မိသားစုကမျပည့္စုံေပမယ့္လည္း လူထုလႈပ္ရွားမႈေတြမွာ ခြန္အားရွိသေလာက္ ပါဝင္ခဲ့တာျဖစ္ပါတယ္။

က်န္ရစ္သူမိဘေတြကေတာ့ အားကိုးရတဲ့သားေလးဆုံးရႈံးသြားရတဲ့အတြက္ ျဖည္မဆည္နိုင္ေအာင္ ခံစားေနၾကရတာျဖစ္ပါတယ္။ဒါ့ေၾကာင့္မွလို႔ ျပည္သူေတြကလည္း ေမာင္လွိုင္းဂ်က္ေမာင္ရဲ့ က်န္ရစ္သူမိသားစုေလး ကိုတိုက္ရိုက္လႉဒါန္းခ်င္တယ္ဆိုရင္ေတာ့ ေရႊျပည္သာ ပုလဲလမ္း၊ဘုန္းႀကီးေက်ာင္းေကြ႕မွတ္တိုင္ နိဗိန္ဒဘုန္းႀကီးေက်ာင္း အမွတ္(၁) ရပ္ကြက္မွာ ေနထိုင္ၾကတာျဖစ္လို႔ အိမ္တိုင္ရာ ေရာက္သြားၿပီး ကူညီေဖးမေပးလို႔ရပါတယ္။ျပည္သူေတြနဲ႔အတူတူ ပူးေပါင္းပါဝင္ရင္း အေစာဆုံးေႂကြလြင့္သြားခဲ့ရတဲ့သူရဲေကာင္းေတြကို ျပည္သူေတြကလည္း အျမဲတမ္းေအာက္ ေမ့သတိရေနၾကမွာျဖစ္ပါတယ္။

Source&Photo Credit: Original Uploder

unicode

ပြည်သူလူထုက တော့ လူထုလှုပ်ရှားမှုအတွင်းမှာ ကျဆုံးသွား ကြတဲ့ သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းပူဆွေးနေရတာပဲ ဖြစ်ပါတယ်။မိမိနဲ့ သွေးသားမတော်စပ်ကြပေမယ့် ကိုယ့်ရဲ့မိသားစုဝင်ဆုံးရှုံးလိုက်ရသလိုမျိုး ရင်နင့်စွာ နဲ့ ခံစားနေကြရတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ပြည်သူလူထုက ကျန်ရစ်သူမိသားစုဝင်တွေကို တတ်နိုင်သလောက် ဖေးမကူညီပေးကြပြီး အားပေးစကားတွေ နဲ့နှစ်သိမ့်ပေးနေကြတာဖြစ်ပါတယ်။မတ်လ(၁၄)ရက်နေ့ကဆိုရင် (၁၇)နှစ်အရွယ်သာရှိသေးတဲ့ မောင်လှိုင်းဂျက်မောင် က ရှေ့ဆုံးမှာ ဒိုင်းကာရင်း ကျည်ထိသွားခဲ့တာဖြစ်ပါတယ်။

မောင်လှိုင်းဂျက်မောင်က မိသားစုရဲ့စားဝတ်နေရေးအတွက် ရေသန့်ပို့ပြီး တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာဖြစ်ပါတယ်။ဒီလိုမျိုး မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သားလေးက အများအကျိုးအတွက်သယ်ပိုး ဆောင်ရွက်ရင်းအသက်ပေးသွားခဲ့ရတာဖြစ်ပါတယ်။မောင်လှိုင်းဂျက်မောင်တို့မိသားစုလေးက အရမ်းချို့တဲ့ပြီး ဖခင်ဖြစ်သူဆိုရင်ကြက်ကြော်ရောင်းကာ အသက်မွေးဝမ်းကျောင်းပြု ရတာဖြစ်ပါတယ်။မောင်လှိုင်းဂျက်မောင်ကတော့ မိသားစုကမပြည့်စုံပေမယ့်လည်း လူထုလှုပ်ရှားမှုတွေမှာ ခွန်အားရှိသလောက် ပါဝင်ခဲ့တာဖြစ်ပါတယ်။

ကျန်ရစ်သူမိဘတွေကတော့ အားကိုးရတဲ့သားလေးဆုံးရှုံးသွားရတဲ့အတွက် ဖြည်မဆည်နိုင်အောင် ခံစားနေကြရတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ပြည်သူတွေကလည်း မောင်လှိုင်းဂျက်မောင်ရဲ့ ကျန်ရစ်သူမိသားစုလေး ကိုတိုက်ရိုက်လှူဒါန်းချင်တယ်ဆိုရင်တော့ ရွှေပြည်သာ ပုလဲလမ်း၊ဘုန်းကြီးကျောင်းကွေ့မှတ်တိုင် နိဗိန်ဒဘုန်းကြီးကျောင်း အမှတ်(၁) ရပ်ကွက်မှာ နေထိုင်ကြတာဖြစ်လို့ အိမ်တိုင်ရာ ရောက်သွားပြီး ကူညီဖေးမပေးလို့ရပါတယ်။ပြည်သူတွေနဲ့အတူတူ ပူးပေါင်းပါဝင်ရင်း အစောဆုံးကြွေလွင့်သွားခဲ့ရတဲ့သူရဲကောင်းတွေကို ပြည်သူတွေကလည်း အမြဲတမ်းအောက် မေ့သတိရနေကြမှာဖြစ်ပါတယ်။

Source&Photo Credit: Original Uploder