ကိုဗစ် ရောဂါကြောင့် လူမှုကွန်ရက် စာမျက်နှာ ထက်မှာဆိုရင် သေဆုံးသူ သတင်းတွေ ၊ အောက်ဆီဂျင် အရေးပေါ် လိုအပ်လို့ တောင်းခံနေကြတဲ့ သတင်းတွေ အပြည့်ပါပဲ ။ အောက်ဆီဂျင် လိုအပ်နေသူ တွေလည်း ရှိနေသေးလို့ အလှူရှင် တွေလည်း စုပေါင်းလှူဒါန်းပေးလျက်ရှိပါတယ် ။

ဒီလို လှူဒါန်းကြသူတွေ အထဲမှာ ခိုင်နှင်းဝေလည်း အပါအဝင်ပါပဲ ။အောက်ဆီဂျင် အလှူအတွက် အလှူငွေများစွာ ကောက်ခံပြီး အစွမ်းကုန် ကြိုးစားဝယ်ယူနေတာတွေ့ရပါတယ် ။ အခုလည်း သူမှာ ယူထားတဲ့ အောက်ဆီဂျင် စက်တွေ ရောက်ရှိလာရာ ချက်ချင်းကို ဆိုသလို လိုအပ်သူတွေကို လှူဒါန်းပေးနေတာ တွေ့ရပါတယ် ။

ခုလို လှူဒါန်းပေးနေတဲ့ အကြောင်းကို လည်း ” ရတနာ (၅)ပါး ဂုဏ်ကျေးဇူးတော်ကြောင့် စက်တွေ ရောက်လာပါပြီရှင်..ကြိုတင် စီစစ်ထားသော အရေးပေါ် လူနာများ အတွက် ဦးစားပေး အမြန် ဌားရပါသောကြောင့် (ကိုယ့် အတွက်တောင် မချန်ထားပဲ )တချို့ ပရဟိတ အသင်းများသို့ အပြီးအပြတ် လှူဒါန်းခြင်း၊အရေးပေါ် လူနာများအား ခဏ ဌားရမ်း ခြင်းများကို ပြုလုပ်ထားပါတယ်..နောက်ထပ် အကူအညီတောင်းသူ များကို ထပ်မံ ကူညီနိုင်ဘို့ ဆက်ကြိုးစားပါမယ်…

အကူ အညီတောင်းသူ မှန်သမျှ ကျန်ခဲ့ရင်လဲ ကျမကို နားလည် ခွင့်လွှတ်ပေးကြပါရှင်..နောက်ထပ် အမြန်ဆုံး ထပ်မံ ကူညီနိုင်ဘို့ ဆက်လက် ကြိုးစားပါမယ်..အကုန် မကူညီနိုင်တဲ့ အတွက် စိတ်သောက များစွာလဲ အမှန် တကယ် ရင်ဆိုင်နေရပါတယ်..လှူဒါန်းပေးကြပါသော အလှူရှင်များ အားလုံး နှင့် ခုနှစ်ရက် သားသမီး များအားလုံး အသက်ကယ်ခွင့် ကုသိုလ်အား ထပ်တူ ထပ်မျှ ရရှိနိုင်ကြပြီး အားလုံးပဲ ကပ်ကြီး (၃) ပါး ကျော်လွှားနိုင်ကြပါစေရှင်. (ဒုတိယ အသုတ် အတွက် ပစ္စည်းအားလုံး မကျန်ပဲ ဌားရမ်းထားပြီး ဖြစ်ပါတယ်ရှင်..) ” ဆိုပြီး ရေးသား ဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone
Photo – Khine Hnin Wai

ZAWGYI

ကိုဗစ္ ေရာဂါေၾကာင့္ လူမႈကြန္ရက္ စာမ်က္ႏွာ ထက္မွာဆိုရင္ ေသဆုံးသူ သတင္းေတြ ၊ ေအာက္ဆီဂ်င္ အေရးေပၚ လိုအပ္လို႔ ေတာင္းခံေနၾကတဲ့ သတင္းေတြ အျပည့္ပါပဲ ။ ေအာက္ဆီဂ်င္ လိုအပ္ေနသူ ေတြလည္း ရွိေနေသးလို႔ အလႉရွင္ ေတြလည္း စုေပါင္းလႉဒါန္းေပးလ်က္ရွိပါတယ္ ။

ဒီလို လႉဒါန္းၾကသူေတြ အထဲမွာ ခိုင္ႏွင္းေဝလည္း အပါအဝင္ပါပဲ ။ေအာက္ဆီဂ်င္ အလႉအတြက္ အလႉေငြမ်ားစြာ ေကာက္ခံၿပီး အစြမ္းကုန္ ႀကိဳးစားဝယ္ယူေနတာေတြ႕ရပါတယ္ ။ အခုလည္း သူမွာ ယူထားတဲ့ ေအာက္ဆီဂ်င္ စက္ေတြ ေရာက္ရွိလာရာ ခ်က္ခ်င္းကို ဆိုသလို လိုအပ္သူေတြကို လႉဒါန္းေပးေနတာ ေတြ႕ရပါတယ္ ။

ခုလို လႉဒါန္းေပးေနတဲ့ အေၾကာင္းကို လည္း ” ရတနာ (၅)ပါး ဂုဏ္ေက်းဇူးေတာ္ေၾကာင့္ စက္ေတြ ေရာက္လာပါၿပီရွင္..ႀကိဳတင္ စီစစ္ထားေသာ အေရးေပၚ လူနာမ်ား အတြက္ ဦးစားေပး အျမန္ ဌားရပါေသာေၾကာင့္ (ကိုယ့္ အတြက္ေတာင္ မခ်န္ထားပဲ )တခ်ိဳ႕ ပရဟိတ အသင္းမ်ားသို႔ အၿပီးအျပတ္ လႉဒါန္းျခင္း၊အေရးေပၚ လူနာမ်ားအား ခဏ ဌားရမ္း ျခင္းမ်ားကို ျပဳလုပ္ထားပါတယ္..ေနာက္ထပ္ အကူအညီေတာင္းသူ မ်ားကို ထပ္မံ ကူညီနိုင္ဘို႔ ဆက္ႀကိဳးစားပါမယ္…

အကူ အညီေတာင္းသူ မွန္သမၽွ က်န္ခဲ့ရင္လဲ က်မကို နားလည္ ခြင့္လႊတ္ေပးၾကပါရွင္..ေနာက္ထပ္ အျမန္ဆုံး ထပ္မံ ကူညီနိုင္ဘို႔ ဆက္လက္ ႀကိဳးစားပါမယ္..အကုန္ မကူညီနိုင္တဲ့ အတြက္ စိတ္ေသာက မ်ားစြာလဲ အမွန္ တကယ္ ရင္ဆိုင္ေနရပါတယ္..လႉဒါန္းေပးၾကပါေသာ အလႉရွင္မ်ား အားလုံး ႏွင့္ ခုႏွစ္ရက္ သားသမီး မ်ားအားလုံး အသက္ကယ္ခြင့္ ကုသိုလ္အား ထပ္တူ ထပ္မၽွ ရရွိနိုင္ၾကၿပီး အားလုံးပဲ ကပ္ႀကီး (၃) ပါး ေက်ာ္လႊားနိုင္ၾကပါေစရွင္. (ဒုတိယ အသုတ္ အတြက္ ပစၥည္းအားလုံး မက်န္ပဲ ဌားရမ္းထားၿပီး ျဖစ္ပါတယ္ရွင္..) ” ဆိုၿပီး ေရးသား ေဖာ္ျပထားရာ ျပန္လည္ ေဝမၽွေပးလိုက္ပါတယ္ ။

Yuan – Cele Zone
Photo – Khine Hnin Wai