ပရိသတ်ကြီးရေ ချယ်ရီသင်း ကတော့ ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှု့ကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ် အချစ်တော် အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး အလှူအတန်း ရက်ရောလှတဲ့ ချယ်ရီသင်း ကတော့ လိုအပ် နေတဲ့ သူတွေကို သူတတ်နိုင် သလောက် အမြဲလိုလို ကူညီပေးလေ့ရှိပါတယ်။

လတ်တလော မှာလည်း ချယ်ရီသင်း က အရိုး ကင်ဆာရော အသဲကင်ဆာ ရောဂါပါဖြစ်နေပြီး ရောဂါဒဏ်ကို အလူးအလဲ ခံနေရတဲ့ ဝေဒနာရှင် တစ်ဦးအတွက် ဆေးကုသနိုင်ဖို့ ကူညီ ထောက်ပံ့ခဲ့ပါတယ်။ အခုတစ်ခေါက် ကတော့ ဝေဒနာရှင် ကို ချယ်ရီသင်းက ဒုတိယ အကြိမ်မြောက် လှူဒါန်းပေးတာ ဖြစ်ပြီး ပထမတစ်ကြိမ်တုန်း ကလည်း လှူဒါန်းပေးခဲ့ ပါတယ်။ အခုတစ်ခေါက် မှာတော့ ဆေးဖိုး မရှိလို့ ဆေးကုသမှု မခံယူနိုင်ဘဲ ရောဂါဝေဒနာ ဒဏ်ကိုပဲ အလူးအလဲခံနေတဲ့ ဒီဝေဒနာရှင်အတွက် ချယ်ရီသင်းက သူကိုယ်တိုင် အပါအဝင် ပရိသတ် အလှူရှင်တွေ လှူဒါန်းပေးတဲ့ အလှူငွေ စုစုပေါင်း (၁၀)သိန်းကျပ်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ချယ်ရီသင်း က အလှူငွေတွေ ကို ကာယကံရှင်ရဲ့ အိမ်အထိ သူကိုယ်တိုင် သွားရောက်ပြီး လှူဒါန်းပေးခဲ့တဲ့ အပြင် အားပေးစကားတွေလည်း ပြောခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ချယ်ရီသင်းရဲ့ သူကိုယ်တိုင် အပင်းပန်းခံပြီးကို လူတစ်ဖက် သားအဆင်ပြေစေဖို့ ကူညီတတ်တဲ့ စိတ်လေး ကတော့ တကယ်ကို ချစ်ဖို့ကောင်းလှတဲ့ စိတ်ထားလေး ပါပဲနော်။

Source – Cherry Thin
crd CeleZone

ZAWGYI




Source – Cherry Thin
crd CeleZone