



UNICODE

သရုပ်ဆောင် နဲ့ အဆိုတော် မင်းမော်ကွန်း ကတော့ ဆယ်ကျော်သက် အရွယ်ကတည်းက သရုပ်ဆောင် တစ်ယောက်အဖြစ်ရော “မြေပဲယို” အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် အဖြစ်ပါ အောင်မြင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ မင်းမော်ကွန်းက သူ့ရဲ့ အောင်မြင်မှု အရှိန်အဟုန် ကောင်းနေဆဲ အချိန်မှာတင် လက်ထပ်ခဲ့ပြီး အခုဆိုရင် သားနှစ်ယောက် ၊ သမီ းတစ်ယောက် နဲ့ ပျော်စရာ ကောင်းတဲ့ မိသားစုကြီး ကို တည်ဆောက် ထားနိုင်ခဲ့ ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက လည်း မင်းမော်ကွန်း အပြင် သူ့ရဲ့ ဇနီးနဲ့ ချစ်စရာကောင်း ကြတဲ့ ကလေးတွေကို ချစ်ခင်အားပေး ကြတာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် မင်းမော်ကွန်း ရဲ့ သမီးလေး လေပြေသွေး ကတော့ ဖေဖေ ၊ မေမေရဲ့ အချောအလှတွေ အကုန် ရရှိထားတာကြောင့် ပရိသတ်တွေ ရဲ့ အာရုံစိုက်ခြင်းကိုခံရသူလေး ဖြစ် ပါတယ်။ လတ်တလောမှာ တော့ လေပြေသွေး က ကိုဗစ် စင်တာမှာ လုပ်အား ပေးသွားရောက် ကူညီနေခဲ့တာဖြစ်ပြီး ဖေဖေ မင်းမော်ကွန်းကလည်း တာဝန် တွေပြီးဆုံးလို့ အိမ်ပြန် ရောက်လာတဲ့ သမီးလေးကို “Volunteer လေး အိမ်ပြန်ရောက်ပါပြီ။ Welcome home Ngelay.. I am so proud of u ❤️❤️❤️❤️❤️” ဆိုပြီး ဝမ်းသာဂုဏ်ပြုစကားဆိုကာ သမီးငယ် ရဲ့ Volunteer အမှတ်တရတွေကိုပါ ချပြလာပါတယ်။

မင်းမော်ကွန်း ကတော့ အသက် ငယ်ပေမယ့် မေတ္တာတရား ကြီးမားတဲ့ သမီးငယ်လေး အတွက် ဝမ်းသာဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လေပြေသွေးလေး ကို အရင်ကထက် အများကြီး ပိုချစ်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Kyaw Htay Lwin ‘s fb
Bilie – Cele Connections