ပရိတ်သတ်ကြီး ရေ အနုပညာလောကမှာ နေရာတခုရခဲ့တဲ့ သရုပ်ဆောင် စမိုင်းလ် ဟာအခုချိန်မှာတိမ်ရှောင်နေရပြီး အနုပညာ သမားချင်း သွေးခွဲ အပုတ်ချနေတာတွေကိုလဲ ခံနေရတာဖြစ်ပါတယ်။သူမကို ဘယ်လိုအပုတ်ချသတင်းလွှင့်လဲ ဆိုတော့ သူမ အမည်နဲ့လက်နက်များကို ပျူစောထီးများအတွက် ရောင်းချပေးပြီး စိတ်ကိုပြောင်းလဲစေတဲ့ ဆေးတွေရောင်းနေတယ်လို့ အနုပညာရှင်တွေထဲမှာတိတ်တဆိတ် သတင်းဖြန့်ခံခဲ့ရပါတယ်။အဲ့ဒိလိုခံရမှုအပေါ်သူမကတော့ အခုလိုပဲ သစ္စာဆိုဖြေရှင်းထားပါတယ်။အခုလိုလူတိုင်းစိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေတဲ့အချိန် လက်နက်သွင်းတယ် ဆေးရောင်းတယ်ဆိုပြီးကြုံတုန်းအပုပ်ချဖို့ကြိုးစားနေတဲ့သူတွေကို အံ့လည်းအံ့ဩမိပါတယ်။

သေနတ်ဆိုလို့ သရက်သီးသနပ်ပဲ ရှိတယ်နော်။ သူတစ်ပါးကို သေစေနိုင်တဲ့လက်နက် နဲ့ ဆေးရောင်းပြီးချမ်းသာလာတဲ့ အပူစာတွေစားမိရင် စားသမျှအဆိပ်သင့်ပြီးသေပါစေကျိန်ရဲပါတယ်🙏🏼လူတွေအပေါ် အတတ်နိုင်ဆုံး ကူညီနေတာတောင် ချမ်းသာလို့ အမြင်ကတ်တဲ့သူတွေရှိနေတာတော့လည်း… ဟင်းသိပ်သိနေရင်လည်းပြပါလားသက်သေ ခုလို စာလေးရေးပြီးမနာလိုတာတွေ ဖုံးမရဖိမရဖြစ်နေတဲ့လူတွေ ရဲ့ စိတ်ဓါတ်ကတော့ကြောက်စရာတော်တော်ကောင်းနေပြီ။

ကိုယ့်ကိုတောင် ဘယ်တော့လာခေါ်မလဲဆိုပြီး ကြောက်နေရတဲ့ဘဝမှာ အချင်ချင်း သွေးခွဲစေမဲ့စာတွေကို မယုံကြပါ နဲ့ ရှင်အခုသတင်းကိုတော့ သရုပ်ဆောင်စမိုင်းလ်ရဲ့မူရင်းအကောင့်ကနေပြန်လည်ကူးယူဖော်ပြလိုက်တာ ဖြစ်ပါတယ် ။ ပရိတ်သတ်ကြီးအနေနဲ့လဲသတင်းမှားတွေကိုမယုံကြစေဖိုရည်ရွယ်ပြီးတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

Credit…..

ZAWGYI




Credit…..