Make Up Artist အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု တွေကို ရရှိထားသူ ကတော့ မထက်(Pop Seoul) ပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ဓမ္မဘက် ကနေ ရပ်တည် ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။လူထုလှုပ်ရှားမှု တွေမှာလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့် ၅၀၅ (က) ဖြင့်တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။

ပရိသတ်တွေ ကလည်း ပြည်သူတွေ ဘက်ကနေ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးခဲ့တဲ့ မထက်အတွက် ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။အခုလို တရားစွဲ ဆိုခံထားရတဲ့အတွက် ဘေးကင်းလုံခြုံ ရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပြီး လူမှုကွန်ယက်တွင်အချိန်အတော်ကြာ ပျောက်ကွယ် နေတာ ဖြစ်ပါတယ်။အားလုံးကလည်း သူမ အတွက် စိုးရိမ်ပူပန် နေတာဖြစ်ပြီးမနေ့ညကတော့ မထက်ရဲ့ Instagram story တွင် လက်ရှိခံစားချက်တွေကို ရင်ဖွင့် ပြောပြလာတာ ဖြစ်ပါတယ်။သူမကတော့ ရှောင်တိမ်း နေရတဲ့ အခြေအနေ တွေကြောင့် အတော်လေးကို ခက်ခဲပင်ပန်းနေပြီး ရှေ့မဆက်ချင် တော့တဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

ပြည်သူချစ် အနုပညာ ရှင်နှင့် မိတ်ကပ်ဖန်တီး ပညာရှင်အချို့ကတော့ ခက်ခဲကြမ်းတမ်းမယ်ဆိုတာ သိသိကြီးနဲ့ အမှန်တရား ဘက်ကနေ ရပ်တည်ပေးခဲ့ကြသူတွေပါ။ဒီလိုအဆင်မပြေမှု တွေနဲ့ ကြုံတွေ့နေရပေမယ့်လည်း ရောက်ရာနေရာကနေ တော်လှန်တိုက်ပွဲဝင်ပေးနေကြတာ လေးစားစရာကောင်းလွန်းလှပါတယ်။ပြည်သူတွေ မျှော်လင့် နေကြတဲ့ ရောင်နီလာမယ့် နေ့ရက်တွေ အမြန်ဆုံး ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Photo Crd-Ma Htet’s IG Account

ZAW GYI

Make Up Artist အျဖစ္ ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈ ေတြကို ရရွိထားသူ ကေတာ့ မထက္(Pop Seoul) ပဲ ျဖစ္ပါတယ္။ သူမကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူ ဓမၼဘက္ ကေန ရပ္တည္ ေပးခဲ့သူတစ္ဦး ျဖစ္ပါတယ္။လူထုလႈပ္ရွားမႈ ေတြမွာလည္း က်ရာအခန္းက႑ကေန ပါဝင္ခဲ့တာေၾကာင့္ ၅၀၅ (က) ျဖင့္တရားစြဲဆို ခံထားရတာ ျဖစ္ပါတယ္။

ပရိသတ္ေတြ ကလည္း ျပည္သူေတြ ဘက္ကေန တစ္ေသြးတည္း တစ္သားတည္း ရပ္တည္ေပးခဲ့တဲ့ မထက္အတြက္ ဂုဏ္ယူေနၾကတာ ျဖစ္ပါတယ္။အခုလို တရားစြဲ ဆိုခံထားရတဲ့အတြက္ ေဘးကင္းလုံျခဳံ ရာသို႔ တိမ္းေရွာင္ေနရတာ ျဖစ္ၿပီး လူမႈကြန္ယက္တြင္အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္ ေနတာ ျဖစ္ပါတယ္။အားလုံးကလည္း သူမ အတြက္ စိုးရိမ္ပူပန္ ေနတာျဖစ္ၿပီးမေန႔ညကေတာ့ မထက္ရဲ့ Instagram story တြင္ လက္ရွိခံစားခ်က္ေတြကို ရင္ဖြင့္ ေျပာျပလာတာ ျဖစ္ပါတယ္။သူမကေတာ့ ေရွာင္တိမ္း ေနရတဲ့ အေျခအေန ေတြေၾကာင့္ အေတာ္ေလးကို ခက္ခဲပင္ပန္းေနၿပီး ေရွ႕မဆက္ခ်င္ ေတာ့တဲ့အေၾကာင္း ေရးသားထားတာ ျဖစ္ပါတယ္။

ျပည္သူခ်စ္ အႏုပညာ ရွင္ႏွင့္ မိတ္ကပ္ဖန္တီး ပညာရွင္အခ်ိဳ႕ကေတာ့ ခက္ခဲၾကမ္းတမ္းမယ္ဆိုတာ သိသိႀကီးနဲ႔ အမွန္တရား ဘက္ကေန ရပ္တည္ေပးခဲ့ၾကသူေတြပါ။ဒီလိုအဆင္မေျပမႈ ေတြနဲ႔ ၾကဳံေတြ႕ေနရေပမယ့္လည္း ေရာက္ရာေနရာကေန ေတာ္လွန္တိုက္ပြဲဝင္ေပးေနၾကတာ ေလးစားစရာေကာင္းလြန္းလွပါတယ္။ျပည္သူေတြ ေမၽွာ္လင့္ ေနၾကတဲ့ ေရာင္နီလာမယ့္ ေန႔ရက္ေတြ အျမန္ဆုံး ေရာက္ရွိနိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Photo Crd-Ma Htet’s IG Account