ပရိသတ်ကြီးရေ အေးသောင်း ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် တစ်ယောက်ပါ။ အေးသောင်းကတော့ ဒီနေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ကနေ ရှေးမြန်မာအမျိုးသမီး တို့ရဲ့ ဝတ်စားဆင်ယင်မှု အတိုင်း ဝတ်ဆင်ကာ ရိုက်ကူး ထားတဲ့ အမှတ်တရပုံလေးတွေကို မျှဝေ လာခဲ့ပါတယ်။

ပုံလေးတွေနဲ့ အတူလည်း “မတင်ဖြစ်ခဲ့တဲ့ ပုံလေးတချို့ အမှတ်တရတင် လိုက်ပါတယ်။ ဒီပြက္ခဒိန်လေးရိုက်တော့ ခေတ်အဆက်ဆက်ကအဝတ်အစားပုံစံလေးရိုက်ချင်တာရယ် သီတင်းကျွတ်ရာသီ လေးအကြောင်းပါချင်တာရယ် ပုဂံမြို့လေးပါချင်တာရယ် တွေကြောင့်အချိန်သေချာယူပြီးစီစဉ်ခဲ့ရတယ်။ ” ဆိုပြီး ပုံလေးတွေကို အခုလို ပုံစံရိုက်ကူးဖြစ်ခဲ့ရတဲ့ အကြောင်းကိုလည်း မအေးသောင်းက မျှဝေထားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအငွေ့အသက်လေး တွေ အပြည့်အဝဖန်တီးထားနိုင်ခဲ့တဲ့ အတွကလည်း အေးသောင်းက ဒီပုံလေးတွေကို ပြန်ကြည့်တိုင်း ကျေနပ်မိနေပါတယ်တဲ့။ ပရိသတ်ကြီးရေ အေးသောင်းကတော့ သူတန်ဖိုးထားရတဲ့ မြန်မာပြည်လေးလည်း လက်ရှိ ကျရောက်နေတဲ့ ကပ်ဘေးဆိုးတွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး အေးချမ်းစေဖို့လည်း ဆုတောင်းထားခဲ့ပါသေးတယ်။

Source – Aye Thaung

ZAWGYI




Source : Aye Thaung