



UNICODE

ဝါရင့် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ရန်အောင် ကတော့ အနုပညာ အလုပ်တွေကို အချိန်အတော်ကြာ လုပ်ကိုင်လျက်ရှိနေခဲ့ပြီး အောင်မြင် တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည် ထားနိုင်ခဲ့ကာ ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှု ကို အခိုင်အမာရယူထား နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယနေ့အချိန် အထိအနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်လျက်ရှိ နေခဲ့ပြီး ခန့်ချောကြီး ချောနေဆဲဖြစ် တဲ့ ရန်အောင် ကတော့ မွေးမိခင်ကို ယနေ့အချိန်ထိ လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာ တစ်ယောက်ပဲဖြစ်ပါတယ်။

ရန်အောင် ကတော့ ယခုမှာ မွေးနေ့တုန်းက ကန်တော့ထားတဲ့ ရွှေပုတီးကြီး ကို အရမ်းကြိုက် လို့ရေချိုးတဲ့အချိန်ကလွဲပြီး အမြဲဆွဲထားတဲ့ မေမေကိုကြည့်ကာ ဝမ်းသာပီတိဖြာ နေခဲ့ပါတယ်။ရန်အောင် ကတော့ ” မွေးနေ့တုံးက အမေ့အတွက် ကန်တော့ထားတဲ့ရွှေပုတီးကို ရတဲ့နေ့ကတည်းက အရဟံဂုဏ်တော်ကို ချက်ခြင်းစိတ်ကြည့်ပြီး “အမေ ကြိုက်တယ်သား..”ဆိုပြီး ဆုတွေတောင်း ပေးနေတာ “ဆိုပြီး မေမေ ရဲ့ပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ရန်အောင်ကတော့ ” အလေးကြီးဖြစ်နေမယ် ထင်တာတဲ့ ခုတော့ ပုတီးလုံးအရွယ် နဲ့ အလေးချိန်က အတော်ပဲ ဆိုပြီး လည်ပင်းမှာ စွဲလိုက်တာ ရေချိုးမှချွတ်တော့တယ်ကြည့်လိုက်ရင် ရွှေပုတီးလေး အမြဲစိတ်နေတာတွေ့ရလို့ ပြောမပြတတ်အောင် ကျေနပ်ပီတိ ဖြစ်ရပြန်တယ် ခုလည်းဓါတ်ပုံရိုက်ဖို့ အိုက်တင်လုပ်နေတာသာကြည့်တော့…ချစ်လိုက်တာ မေမေမေမေ သက်တော်ရာကျော်ရှည်ပါစေ… ” ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ အတွက် ရန်အောင် တို့သားအမိနှစ်ယောက် ရဲ့ ပျော်ရွှင်နေကြတဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။

Source : Yan Aung ‘ s Facebook Acc