



UNICODE

တစ်ခေတ် တစ်ခါက ပုရိသတွေ ရဲ့ နှုတ်ဖျား မှာ ရေပန်းစား နာမည်ကြီးခဲ့ သူကတော့ သရုပ်ဆောင် မင်းသမီးချော လေး ယမင်းကိုကိုပဲ ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော် က ဗီဒီယို နဲ့ ရုပ်ရှင် ဇာတ်ကားများတွင် ကျရာ နေရာ ကနေ ပီပြင် ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ် တော်တော်များများ ကလည်း VCD အခွေများ တွင် သူမကို သတိထားမိ လာကြတာလည်း ဖြစ်ပါတယ်။

ယမင်းကိုကို ဟာ အနုပညာ အလုပ်တွေ ရပ်နား ထားခဲ့သည်မှာ နှစ်တွေ အတော်ကြာနေပြီ ဖြစ်ပြီး လက်ရှိ မှာတော့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင် နေတာလည်း ဖြစ်ပါတယ်။ သူမဟာ ဘာသာရေးလည်း ကိုင်းရှိုင်းသူ ဖြစ်ပြီး အလှူအတန်း တွေကိုလည်း များ စွာ ပြုလုပ်သူ ဖြစ်တာကြောင့်လည်း နိုင်ငံတော်က ချီးမြှင့်တဲ့ သီရိ သုဓမ္မသိင်္ဂီဘွဲ့ကို လည်း ရရှိ ထားတာလည်း ဖြစ်ပါတယ်။ နှစ်တွေ ဘယ်လောက်ပဲ ကြာသွားပေမယ့်လည်း ပရိသတ်တွေကတော့ ယမင်းကိုကို အား အခုချိန်ထိ တစ်ခဲနက် ချစ်ခင် အားပေးနေကြ ဆဲပဲ ဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှုလေးတွေ တိုင်းကိုလည်း ပရိသတ်တွေကို ဝေမျှပေး လေ့ရှိပြီး မကြာသေးခင် မိနစ်ပိုင်း လောက်ကလည်း ယမင်းကိုကို ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပုံလေး တွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါက တော့ ရွှေရောင် တလက်လက်တောက်ပနေတဲ့ သူမရဲ့အိမ်တွင် သံဃာတော်များပင့်ဖိတ်ပြီးတရားနာယူကာ အေးချမ်းမှုကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ မျက်နှာလေးက ကြည်လင်နေပြီး ယနေ့ချိန်ထိ ပရိသတ်တွေ ချစ်နေရတဲ့ သရုပ်ဆောင် ယမင်းကိုကိုရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Ya Min Ko Ko’s Facebook Page