သမီးေလး စစ္လြန္းဝတီထက္ နဲ႔ အတူ သာယာၾကည္ႏူးစရာ ေကာင္းတဲ့ဘဝေလးကို အတူတည္ေဆာက္ ထားသူကေတာ့ စိုင္းလႊမ္ းပဲ ျဖစ္ပါတယ္။ သူဟာ တစ္ေခတ္ တစ္ခါက ဇူးျမတ္ထက္ အမည္နဲ႔ သ႐ုပ္ေဆာင္ အလုပ္ကို လုပ္ကိုင္ခဲ့ တာလည္း ျဖစ္ပါတယ္။ လက္ရွိမွာ ေတာ့ အႏုပညာလႈပ္ရွားမႈ ေတြ သိပ္မရွိေတာ့ဘဲ သီခ်င္းဆိုတဲ့ ဗီဒီယိုဖိုင္ေလးေတြကို ပရိသတ္ေတြ နဲ႔ အဆက္သြယ္မျပတ္ေအာင္ တင္ေပးေလ့ရွိတာလည္း ျဖစ္ပါတယ္။

မၾကာေသးခင္ ကလည္း သူ႔ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာ မွာ သမီးေလးနဲ႔ ပတ္သတ္ၿပီး သူ႔ရဲ့ ရင္တြင္းခံစားခ်က္ ေတြကို ေရးသားေဝမၽွလာတာပဲ ျဖစ္ပါတယ္။ “ ေလးနက္စြာ ဖတ္ေစခ်င္ပါတယ္ …မိစၧာဝါယမ သိပ္ျပင္းထန္လြန္းရင္ ကံေကာင္းသူ လည္း ခံရတတ္တယ္ ။

(သီတဂူဆရာေတာ္)ျမတ္စြာဘုရားရွင္ေတာင္ ၄ ႀကိမ္လုပ္ ႀကံခံရေတာ့တစ္ႀကိမ္ ေျခမပုတ္ေသးတာ ကၽြန္ေတာ္က ဘာမို႔လို႔လဲ…နားလည္ပါတယ္LOW PROFILE နဲ႔ ေနတိုင္း ထင္ခ်င္ရာ ထင္ေနတဲ့သူေတြရယ္ ေနာက္တစ္ခါ ထပ္ၿပီး စိ တ္အေႏွာက္ယွက္ျဖစ္မခံရဖို႔ကို ရည္ရြယ္ပါတယ္ ဘယ္သူ႔ကိုမွနစ္နာေစလိုတဲ့စိတ္မရွိလို႔လည္းေျပာပါ…HCIS (online Class)ကိုအိမ္ကေန စာသင္ေနရတာတက္ႂကြၾကည္ႏူး ေနတဲ့ သမီးကိုၾကည့္ၿပီး ေနာက္တစ္ႀကိမ္ ဘာအတြက္ေၾကာင့္မွစိတ္မဆင္းရဲ ေစခ်င္ေတာ့လို႔ အစကေတာ့ ဒါကေတာ့လိုက္ရွင္းျပေနစရာ မွမလိုတာပဲ ဆိုၿပီးေနခဲ့ေပမဲ့ စိတ္အေႏွာက္ယွက္ေတာ့ ျဖစ္ခဲ့ရေသးတာပါပဲအဲ့ဒါေၾကာင့္ အတစ္ခါတည္း သမီးေက်ာင္းစတက္ကတည္း အခ်ိန္က ေနခုခ်ိန္ထိ က်ေနာ္ လက္မွတ္နဲ႔ ေငြသြင္းထားတဲ့ လက္ခံေဘာက္ခ်ာေတြ ေပါင္းၿပီးေျပာလိုက္တာ ပါ ။အခုလိုတင္တာကတကယ္လို႔မ်ား စာရြက္ေလးေတြ မေတာ္တဆေပ်ာက္ပ်က္သြားခဲ့ ရင္ေတာင္အမွတ္တရတစ္ခု ျဖစ္သိမ္းထားတဲ့ သေဘာလည္း ပါတာေပါ့စိတ္ထဲမွာ သမီးေလးအေဖကေက်ာင္းစားရိတ္ေတာင္ ဆိုၿပီး….အတိအက်မသိ အျမင္မရွင္းပဲ ေျပာေနၾကတဲ့သူေတြတခ်ိဳ႕ကို လည္းဒါေလာက္ဆို ေက်နပ္ၾကပါေတာ့ တကယ္ေတာ့ကၽြန္ေတာ္အရြယ္ထက္ပိုတဲ့အလုပ္ေတြနဲ႔စိတ္ေရာလူေရာအရမ္းပင္ပန္းေနရလို႔ပါကၽြန္ေတာ္ တစ္ေယာက္တည္း အတြက္ဆို ဘယ္အရာမွ ဂ႐ုမစိုက္တတ္ေပမဲ့ ကၽြန္ေတာ္သမီးနဲ႔ကၽြန္ေတာ္တို႔မိသားစုအတြက္ ကၽြန္ေတာ္ကို ေျပာခ်င္ရာ ေျပာေနၾကတာ ၿငိမ္ေနလို႔ လည္း မျဖစ္လို႔ ကၽြန္ေတာ္ ပတ္ဝန္းက်င္ နဲ႔ အလွမ္းေဝးၿပီးအမွန္တရားကို မသိေသးတဲ့သူေတြအတြက္ပါ အားလုံးကိုလည္း အျမဲေမတၱာ ပို႔လၽွက္ပါ သမီးေလးကို ေစာင့္ေရွာက္ေပးခဲ့ၾကတဲ့ MISY မိသားစုေတြ နဲ႔ အခုေႏြးေထြးစြာနဲ႔ ႀကိဳဆို ေစာင့္ေရွာက္ ေပးခဲ့ၾကတဲ့ HCIS မိသားစုကိုလည္းေက်းဇူးအထူးတင္ပါတယ္….” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ ေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd- Sai Hlwan’s Facebook Account

UNICODE

သမီးလေး စစ်လွန်းဝတီထက် နဲ့ အတူ သာယာကြည်နူးစရာ ကောင်းတဲ့ဘဝလေးကို အတူတည်ဆောက် ထားသူကတော့ စိုင်းလွှမ် းပဲ ဖြစ်ပါတယ်။ သူဟာ တစ်ခေတ် တစ်ခါက ဇူးမြတ်ထက် အမည်နဲ့ သရုပ်ဆောင် အလုပ်ကို လုပ်ကိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ တော့ အနုပညာလှုပ်ရှားမှု တွေ သိပ်မရှိတော့ဘဲ သီချင်းဆိုတဲ့ ဗီဒီယိုဖိုင်လေးတွေကို ပရိသတ်တွေ နဲ့ အဆက်သွယ်မပြတ်အောင် တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာ သမီးလေးနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ရင်တွင်းခံစားချက် တွေကို ရေးသားဝေမျှလာတာပဲ ဖြစ်ပါတယ်။ “ လေးနက်စွာ ဖတ်စေချင်ပါတယ် …မိစ္ဆာဝါယမ သိပ်ပြင်းထန်လွန်းရင် ကံကောင်းသူ လည်း ခံရတတ်တယ် ။

(သီတဂူဆရာတော်)မြတ်စွာဘုရားရှင်တောင် ၄ ကြိမ်လုပ် ကြံခံရတော့တစ်ကြိမ် ခြေမပုတ်သေးတာ ကျွန်တော်က ဘာမို့လို့လဲ…နားလည်ပါတယ်LOW PROFILE နဲ့ နေတိုင်း ထင်ချင်ရာ ထင်နေတဲ့သူတွေရယ် နောက်တစ်ခါ ထပ်ပြီး စိ တ်အနှောက်ယှက်ဖြစ်မခံရဖို့ကို ရည်ရွယ်ပါတယ် ဘယ်သူ့ကိုမှနစ်နာစေလိုတဲ့စိတ်မရှိလို့လည်းပြောပါ…HCIS (online Class)ကိုအိမ်ကနေ စာသင်နေရတာတက်ကြွကြည်နူး နေတဲ့ သမီးကိုကြည့်ပြီး နောက်တစ်ကြိမ် ဘာအတွက်ကြောင့်မှစိတ်မဆင်းရဲ စေချင်တော့လို့ အစကတော့ ဒါကတော့လိုက်ရှင်းပြနေစရာ မှမလိုတာပဲ ဆိုပြီးနေခဲ့ပေမဲ့ စိတ်အနှောက်ယှက်တော့ ဖြစ်ခဲ့ရသေးတာပါပဲအဲ့ဒါကြောင့် အတစ်ခါတည်း သမီးကျောင်းစတက်ကတည်း အချိန်က နေခုချိန်ထိ ကျနော် လက်မှတ်နဲ့ ငွေသွင်းထားတဲ့ လက်ခံဘောက်ချာတွေ ပေါင်းပြီးပြောလိုက်တာ ပါ ။အခုလိုတင်တာကတကယ်လို့များ စာရွက်လေးတွေ မတော်တဆပျောက်ပျက်သွားခဲ့ ရင်တောင်အမှတ်တရတစ်ခု ဖြစ်သိမ်းထားတဲ့ သဘောလည်း ပါတာပေါ့စိတ်ထဲမှာ သမီးလေးအဖေကကျောင်းစားရိတ်တောင် ဆိုပြီး….အတိအကျမသိ အမြင်မရှင်းပဲ ပြောနေကြတဲ့သူတွေတချို့ကို လည်းဒါလောက်ဆို ကျေနပ်ကြပါတော့ တကယ်တော့ကျွန်တော်အရွယ်ထက်ပိုတဲ့အလုပ်တွေနဲ့စိတ်ရောလူရောအရမ်းပင်ပန်းနေရလို့ပါကျွန်တော် တစ်ယောက်တည်း အတွက်ဆို ဘယ်အရာမှ ဂရုမစိုက်တတ်ပေမဲ့ ကျွန်တော်သမီးနဲ့ကျွန်တော်တို့မိသားစုအတွက် ကျွန်တော်ကို ပြောချင်ရာ ပြောနေကြတာ ငြိမ်နေလို့ လည်း မဖြစ်လို့ ကျွန်တော် ပတ်ဝန်းကျင် နဲ့ အလှမ်းဝေးပြီးအမှန်တရားကို မသိသေးတဲ့သူတွေအတွက်ပါ အားလုံးကိုလည်း အမြဲမေတ္တာ ပို့လျှက်ပါ သမီးလေးကို စောင့်ရှောက်ပေးခဲ့ကြတဲ့ MISY မိသားစုတွေ နဲ့ အခုနွေးထွေးစွာနဲ့ ကြိုဆို စောင့်ရှောက် ပေးခဲ့ကြတဲ့ HCIS မိသားစုကိုလည်းကျေးဇူးအထူးတင်ပါတယ်….” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက်ရပါတယ်နော်။

Source and Photo Crd- Sai Hlwan’s Facebook Account