


Chilli – CeleGabar
Source – Ah Moon

UNICODE

ပရိသတ်ကြီး ရေ ပရိသတ်တွေ ရဲ့ အချစ်တော် အမွန်းက တော့ ဒီနေ့ ဇန်နဝါရီလ (၁၉)ရက်မှာ ကျရောက် တဲ့ မွေးနေ့ အထိမ်းအမှတ်အနေ နဲ့ မွန်မြတ်လှတဲ့ အလှူလေး တစ်ခု ကိုပြုလုပ်ခဲ့ ပါတယ်။ အလှူလေး ကတော့ သွေးကင်ဆာ ရောဂါခံစားနေရတဲ့ (၈) နှစ်အရွယ် သမီးငယ်လေး အတွက် ဆေးကုသစရိတ် ကိုတတ်နိုင် သလောက် လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

အမွန်းက ဒီနေ့ မွေးနေ့ ရက်လေးလေးမှာ အသက် (၃၀) ပြည့်မြောက်သွားခဲ့တာ ဖြစ်ပြီး ကလေးငယ်လေး အတွက်ကိုလည်း သိန်း(၃၀) တိတိ မတည်လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ အမွန်း ရဲ့ မွေးနေ့ အလှူလေး ကတော့ အနာဂတ်တွေ များစွာ နေတဲ့ လူ့အသက် တစ်ချောင်းကို ကယ်တင်တဲ့ အလှူလေး ဖြစ်တာကြောင့် တကယ်ကိုမှ မွန်မြတ်လွန်းလှတဲ့ အလှူလေးပဲ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြား အထိ သွားရောက် ကုသရမှာ ဖြစ်တဲ့အတွက် ဆေးကုသ ကုန်ကျစရိတ်က များလွန်းလှတဲ့ အတွက် ပရိသတ်တွေကို လည်း ပါဝင်လှူဒါန်းဖို့လည်း ဖိတ်ခေါ်ထားခဲ့ ပါသေးတယ်။ Cele Gabar ပရိသတ်ကြီး ရေ အမွန်းရဲ့ မွန်မြတ်လှတဲ့ မွေးနေ့ အလှူလေးကို သာဓု ခေါ်ဆို ပေးခဲ့ကြပါဦး ပရိသတ်ကြီးတို့ရေ။

Chilli – CeleGabar
Source – Ah Moon