ပရိသတ်တွေ ရဲ့ အချစ်တော် လူရွင်တော် ဦးငြိမ်းချမ်း ကတော့ မကြာခင် ရက်ပိုင်းတွေက ကိုဗစ် ရောဂါကူးစက်ခံ ရပြီး နေမကောင်းဖြစ်နေ ကြောင်း ပရိသတ်တွေကို အသိပေး ပြောကြားခဲ့ ပါတယ် ။ အောက်ဆီဂျင် တွေ ပေးရသည်အထိ ရောဂါကို အတော်လေး လည်း ခံစားခဲ့ ရပါတယ် ။

ဒီနေ့မှာ တော့ သူ့လိုပဲ ကိုဗစ် ကူးစက်ခံရပြီး အသက်ရှူ ကျပ်ကာ အောက်ဆီဂျင် ပေးနေရတဲ့ လူရွင်တော် စိန်သီးကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေ ရှာပါတယ် ။ သူကိုယ်တိုင် လည်း ကိုဗစ်ကို အနိုင် တိုက်နိုင်ခဲ့ပြီး ခုဆို သက်သာနေ ကြောင်း စိန်သီး အတွက် အားပေးစကားလေး ပြောကြားထားတာ တွေ့ရပါတယ် ။

” ညီလေး စိန်သီး အားတင်းထား ညီလေး အရာရာ တိုင်းကို ကျော်ဖြတ် လာခဲ့တာ ဒါကျမှ အလျှော့မပေး နိုင်ဘူးနော် ဒါလဲ နိုင် ကို နိုင်ရမယ် အကိုတောင် ၁ ပါတ်လောက် တော်တော်လေး ခံလိုက်ရတယ် ၃ရက်လောက် မအိပ်နိုင် မစားနိုင် အထိတောင် မခံနိုင်အောင် တကိုယ်လုံး နာနေတာ ဒါပေမယ့် အခု လုံးဝကောင်းသွားပီ စားတယ် အိပ်တယ် ဒို့တွေ ပြည်သူတွေ အပေါ်ထားတဲ့ စေတနာ ပြည်သူတွေ ရဲ့တုံ့ပြန်မေတ္တာကြောင့် ဒို့နေကောင်းရမယ် အားတင်းထားပါချစ်ညီလေး” ဆိုပြီး ရေးသား ဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဖော်ပြပေးရင်း ဦးစိန်သီး လည်း ရောဂါ အမြန်ပျောက်ကင်းပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Credit– Cele Zone
Photo – Nyein Chan

ZAWGYI




Credit– Cele Zone
Photo – Nyein Chan