ပရိသတ္ႀကီးေရ ပရိသတ္ေတြ ရဲ့ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီး ေခ်ာ စမိုင္းလ္ ကေတာ့ ေနစဥ္ ေန႔တိုင္း မွာ အလႉဒါန တစ္ခုမဟုတ္ တစ္ခုကို ျပဳလုပ္ၿပီး ေန႔စဥ္ ဘဝကို ျဖတ္သန္း ေနေလ့ရွိတဲ့ သူတစ္ေယာက္ပါ။ သာသနိက အေဆာက္အအုံ ေတြ သာသနာေရး အတြက္ေတြ သာမက အေျခခံ လူတန္းစားေတြ အတြက္ကိုပါ လႉဒါန္း မႈ ေတြျပဳေနတာ ကို ပရိသတ္ေတြ သိရွိၿပီးသာျဖစ္မွာပါ။

လတ္တေလာမွာ လည္း စမိုင္းလ္ က ေအာင္ဇမၺဴဆရာေတာ္ ဘုရားႀကီး ရဲ့ တစ္လ တိတိ ပိဋကတ္သုံး ပုံ အသံမစဲ ပူေဇာ္ ရြတ္ဖတ္ ပူေဇာ္ ပြဲ မွာ နဝကမၼအလႉေငြလႉဒါန္းတဲ့ အလႉေလး ကို သြာေရာက္ ျပဳလုပ္ခဲ့ပါတယ္။ ေအာင္ဇမၺဴဆရာေတာ္ ဘုရား ရဲ့သာသနာ ျပဳခရီး ေငြရတု ( ၂၅ႏွစ္ျပည့္ ) ေန႔ တြင္ ပထမ အႀကိမ္ တစ္လတိတိ ပိဋကတ္ သုံးပုံ အသံမစဲ ပူေဇာ္ရြတ္ဖတ္ ပူေဇာ္ ပြဲမွာ ရြတ္ဖတ္ ပူေဇာ္မည့္ သံဃာေတာ္မ်ား အတြက္ စမိုင္းလ္ က နဝကမၼအလႉေငြေတြကို လႉဒါန္းကုသိုလ္ ျပဳခဲ့တာပဲျဖစ္ပါတယ္။

စမိုင္းလ္ ကေတာ့ သူ႔တို႔ မိသားစု ရဲ့ ၾကည္ႏူးဖြယ္ ကာလဒါန အလႉေလး ကို ပရိသတ္ေတြ လည္း ၾကည္ႏူး ပီတိ ျဖာကာ သာဓု ေခၚေစနိုင္ဖို႔ သူ႔ရဲ့ လူမႈကြန္ရက္စာမ်က္ႏွာ ကေန လႉဒါန္း ေနမႈပုံေလး ေတြကို မၽွေဝ ေဖာ္ျပထားခဲ့တာပါ။ CeleZone ပရိသတ္ႀကီး ေရ စမိုင္းလ္ တို႔ရဲ့ ေကာင္းမႈ အစုစုကို ပရိသတ္ေတြက သာဓုေခၚ ဆိုေပးခဲ့ ၾက ပါဦး။

Chilli – CeleZone
Source – စမိုင္းလ္ Smile

UNICODE

ပရိသတ်ကြီးရေ ပရိသတ်တွေ ရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီး ချော စမိုင်းလ် ကတော့ နေစဉ် နေ့တိုင်း မှာ အလှူဒါန တစ်ခုမဟုတ် တစ်ခုကို ပြုလုပ်ပြီး နေ့စဉ် ဘဝကို ဖြတ်သန်း နေလေ့ရှိတဲ့ သူတစ်ယောက်ပါ။ သာသနိက အဆောက်အအုံ တွေ သာသနာရေး အတွက်တွေ သာမက အခြေခံ လူတန်းစားတွေ အတွက်ကိုပါ လှူဒါန်း မှု တွေပြုနေတာ ကို ပရိသတ်တွေ သိရှိပြီးသာဖြစ်မှာပါ။

လတ်တလောမှာ လည်း စမိုင်းလ် က အောင်ဇမ္ဗူဆရာတော် ဘုရားကြီး ရဲ့ တစ်လ တိတိ ပိဋကတ်သုံး ပုံ အသံမစဲ ပူဇော် ရွတ်ဖတ် ပူဇော် ပွဲ မှာ နဝကမ္မအလှူငွေလှူဒါန်းတဲ့ အလှူလေး ကို သွာရောက် ပြုလုပ်ခဲ့ပါတယ်။ အောင်ဇမ္ဗူဆရာတော် ဘုရား ရဲ့သာသနာ ပြုခရီး ငွေရတု ( ၂၅နှစ်ပြည့် ) နေ့ တွင် ပထမ အကြိမ် တစ်လတိတိ ပိဋကတ် သုံးပုံ အသံမစဲ ပူဇော်ရွတ်ဖတ် ပူဇော် ပွဲမှာ ရွတ်ဖတ် ပူဇော်မည့် သံဃာတော်များ အတွက် စမိုင်းလ် က နဝကမ္မအလှူငွေတွေကို လှူဒါန်းကုသိုလ် ပြုခဲ့တာပဲဖြစ်ပါတယ်။

စမိုင်းလ် ကတော့ သူ့တို့ မိသားစု ရဲ့ ကြည်နူးဖွယ် ကာလဒါန အလှူလေး ကို ပရိသတ်တွေ လည်း ကြည်နူး ပီတိ ဖြာကာ သာဓု ခေါ်စေနိုင်ဖို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ကနေ လှူဒါန်း နေမှုပုံလေး တွေကို မျှဝေ ဖော်ပြထားခဲ့တာပါ။ CeleZone ပရိသတ်ကြီး ရေ စမိုင်းလ် တို့ရဲ့ ကောင်းမှု အစုစုကို ပရိသတ်တွေက သာဓုခေါ် ဆိုပေးခဲ့ ကြ ပါဦး။

Chilli – CeleZone
Source – စမိုင်းလ် Smile