မင်းသားချော အောင်ရဲလင်းက ချောမောတဲ့ ရုပ်ရည်နဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့် မိန်းကလေးတွေကြားမှာ နာမည်ကြီးသူ တစ်ယောက် ဖြစ်ပါတယ်။ အောင်ရဲလင်းက ဗီဒီယိုနဲ့ ကြော်ငြာတွေကို တော်တော် များများ ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အနုပညာ လုပ်ငန်းတွေ လုပ်ကိုင်တာ နည်းပါးသွားပြီး ပရိသတ်တွေနဲ့ အလှမ်းဝေးနေလျက် ရှိပါတယ်။ ဒါပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် တွေကတော့ အောင်ရဲလင်းကို ဒီနေ့ဒီအချိန်ထိ သတိတရ အားပေးနေကြဆဲဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့ကတော့ အောင်ရဲလင်းရဲ့ မွေးနေ့လေး ပဲဖြစ်ပါတယ်။ အောင်ရဲလင်းအတွက် သရုပ်ဆောင် ဟိန်းဇေ ကလည်း သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် “Happy birthday pr သူငယ်ချင်း ကိုကြီးအောင်ရဲလင်း မပြောင်းလဲသော စိတ်ထားနဲ့ နှစ်ပေါင်းများစွာ ခင်မင်ခွင့်ရခဲ့သော တန်ဖိုးရှိတဲ့ စိတ်ထားကောင်းသောသူငယ်ချင်းတွေ ထဲ က သူငယ်ချင်း တယောက်ပါ 😍❤️ အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေ သူငယ်ချင်း ကိုကြီး” ဆိုပြီး အောင်ရဲလင်းအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

အောင်ရဲလင်းနဲ့ ဟိန်းဇေ တို့ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ သူငယ်ချင်း အဖြစ် မကြာခဏပူးတွဲသရုပ်ဆောင်ရလေ့ရှိပြီး အပြင်မှာလည်း ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းညီအစ်ကိုတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့မွေးနေ့ရှင် အောင်ရဲလင်းအတွက် အမှတ်တရ မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

Source: Hein Zay
Credit ; Cele Active World

zawgyi

မင္းသားေခ်ာ ေအာင္ရဲလင္းက ေခ်ာေမာတဲ့ ႐ုပ္ရည္နဲ႔ ႀကံ့ခိုင္သန္စြမ္းတဲ့ ခႏၶာကိုယ္ အခ်ိဳးအစားေၾကာင့္ မိန္းကေလးေတြၾကားမွာ နာမည္ႀကီးသူ တစ္ေယာက္ ျဖစ္ပါတယ္။ ေအာင္ရဲလင္းက ဗီဒီယိုနဲ႔ ေၾကာ္ျငာေတြကို ေတာ္ေတာ္ မ်ားမ်ား ရိုက္ကူးခဲ့သူတစ္ေယာက္ျဖစ္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အႏုပညာ လုပ္ငန္းေတြ လုပ္ကိုင္တာ နည္းပါးသြားၿပီး ပရိသတ္ေတြနဲ႔ အလွမ္းေဝးေနလ်က္ ရွိပါတယ္။ ဒါေပမယ့္ သူ႔ကိုခ်စ္တဲ့ ပရိသတ္ေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ ေတြကေတာ့ ေအာင္ရဲလင္းကို ဒီေန႔ဒီအခ်ိန္ထိ သတိတရ အားေပးေနၾကဆဲျဖစ္ပါတယ္။

ဒီကေန႔ ဇြန္လ (၁၉) ရက္ေန႔ကေတာ့ ေအာင္ရဲလင္းရဲ့ ေမြးေန႔ေလး ပဲျဖစ္ပါတယ္။ ေအာင္ရဲလင္းအတြက္ သ႐ုပ္ေဆာင္ ဟိန္းေဇ ကလည္း သူ႔ရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာကေနတဆင့္ “Happy birthday pr သူငယ္ခ်င္း ကိုႀကီးေအာင္ရဲလင္း မေျပာင္းလဲေသာ စိတ္ထားနဲ႔ ႏွစ္ေပါင္းမ်ားစြာ ခင္မင္ခြင့္ရခဲ့ေသာ တန္ဖိုးရွိတဲ့ စိတ္ထားေကာင္းေသာသူငယ္ခ်င္းေတြ ထဲ က သူငယ္ခ်င္း တေယာက္ပါ 😍❤️ အစစအရာရာ အဆင္ေၿပ ေအာင္ျမင္ပါေစ သူငယ္ခ်င္း ကိုႀကီး” ဆိုၿပီး ေအာင္ရဲလင္းအတြက္ ေမြးေန႔ဆုေတာင္းေပးခဲ့တာကို ေတြ႕ရပါတယ္။

ေအာင္ရဲလင္းနဲ႔ ဟိန္းေဇ တို႔ကေတာ့ ဗီဒီယိုဇာတ္ကားေတြမွာ သူငယ္ခ်င္း အျဖစ္ မၾကာခဏပူးတြဲသ႐ုပ္ေဆာင္ရေလ့ရွိၿပီး အျပင္မွာလည္း ခင္မင္ရင္းႏွီးၾကတဲ့ သူငယ္ခ်င္းညီအစ္ကိုေတြပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း ဒီကေန႔ရဲ့ေမြးေန႔ရွင္ ေအာင္ရဲလင္းအတြက္ အမွတ္တရ ေမြးေန႔ဆုေတာင္းစကားေလးေတြ ေျပာခဲ့ၾကပါဦးေနာ္။

Source: Hein Zay
Credit ; Cele Active World