


Source: Aung Ye Lin’s fb

UNICODE

တည်ကြည်တဲ့ ရုပ်သွင် နဲ့ အမိုက်စား ခန္ဓာကိုယ် အချိုးအစား တို့ကို ပိုင်ဆိုင်ထား တဲ့ မင်းသားချော အောင်ရဲလင်း ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ကို အခိုင်အမာ ရရှိထားသူ တစ်ယောက် ဖြစ်ပါတယ်။ အောင်ရဲလင်း ကတော့ လက်ရှိ မှာ အသက် သုံးဆယ်ကျော် အရွယ်ကို ရောက်ရှိနေပြီ ဆိုပေမယ့် အိမ်ထောင် မပြုသေးပဲ တစ်ကိုယ် တည်း လူပျို ကြီးအဖြစ် အေးအေး ဆေးဆေးနေ ထိုင်နေဆဲ ဖြစ်ပါတယ်။ အနုပညာ အလုပ်တွေ နဲ့ အနည်းငယ် အလှမ်းဝေးသွားခဲ့တဲ့ အောင်ရဲလင်း က ဒီနှစ်ပိုင်း မှာတော့ အနုပညာ အလုပ်တွေ ကို ဖြည်းဖြည်း နဲ့ ပုံမှန် လုပ်ကိုင်လာလျက် ရှိတာကို တွေ့ရပါတယ်။

အောင်ရဲလင်း တစ်ယောက် အောင်မြင်ခြင်း ရဲ့ နောက်ကွယ်မှာ သူ့ကို အစစ အရာရာ ပံ့ပိုး ပေးတဲ့ မိဘ ၊ မန်နေဂျာ ၊ မိတ်ကပ်ဆရာ ၊ ဒီဇိုင်နာ စတဲ့ ပုဂ္ဂိုလ်တွေများစွာ ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၂၆) ရက်နေ့ကတော့ အောင်ရဲလင်း ကို မိတ်ကပ်၊ ဆံပင် အစရှိတာ တွေကို တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ အလှဖန်တီး ရှင် မထက် ရဲ့ မွေးနေ့ လေးပဲ ဖြစ်ပါတယ်။ အောင်ရဲလင်း ကလည်း သူ့ ရဲ့ အနုပညာသက်တမ်း တစ်လျှောက် မှာ နံဘေး ကနေ လိုအပ်တာ မှန်သမျှ ဖြည့် စည်း ပေးနေတဲ့ မထက်ကို ဖေ့စ်ဘုတ် စာမျက်နှာကနေ တဆင့် မှတ်မှတ် ရရ မွေးနေ့ ဆုတောင်းပေးခဲ့တာ ကို အခုလိုပဲ တွေ့ရပါတယ်။

အောင်ရဲလင်း နဲ့ မထက် တို့ကတော့ ဆယ်စုနှစ် ကျော်တိုင် လက်တွဲ လာတဲ့ လုပ်ဖော် ကိုင်ဖက်တွေ ဖြစ်သလို မောင်နှမတွေ လို့ ပြောရင် လည်း မှားမယ် မထင်ပါဘူး။ ပရိသတ်ကြီး ကလည်း ဒီကနေ့ ရှင် မွေးနေ့ ရှင် မထက် အတွက် အမှတ်တရ မွေးနေ့ဆုတောင်း စကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Aung Ye Lin’s fb
Bilie – Cele Connections