သ႐ုပ္ေဆာင္ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္ တို႔ ဇနီးေမာင္ႏွံ ကေတာ့ အႏုပညာ ေလာကမွာ ထိပ္တန္း အႏုပညာရွင္ေတြ အျဖစ္ ရပ္တည္ေန ၾကသူေတြပါပဲေနာ္။ အခုျဖစ္ေနတဲ့ လူထုလႈပ္ရွားမႈေတြမွာလည္း တက္ႂကြစြာ ပါဝင္ေန ၾကသူေတြ ပါေနာ္။ ဒီလို ပါဝင္တဲ့အတြက္ စစ္ေကာင္စီ အစိုးရက ပုဒ္မ ၅၀၅ ( က ) ျဖင့္ တရားစြဲဆိုထားတာပါေနာ္။

အခုလိုတရားစြဲ ထားတဲ့ အတြက္ အႏုပညာရွင္ ေတာ္ေတာ္မ်ားမ်ား က ထြက္ေျပး တိမ္းေရွာင္ေန ၾကတာပါေနာ္။ ေျပတီဦး နဲ႔ အိျႏၵာေက်ာ္ဇင္ ကေတာ့ ေဖေဖာ္ဝါရီကတည္းကပင္ မိသားစု နဲ႔ ခဏခြဲခြာကာ ေရွာင္ပုန္းေန ၾကတာ ပါေနာ္။

အခုလို တိမ္းေရွာင္ ေန တဲ့ ၾကားကေန ဒီေန႔ ညေန (၃) နာရီတြင္ သူတို႔ရဲ့ ေနအိမ္ တြင္ ဖမ္းဆီးခံ လိုက္ရၿပီလို႔ ည (၈) နာရီ သတင္းတြင္ ေၾကျငာခဲ့ တာပါ။ ဒီသတင္း ၾကားၾကားခ်င္းမွာဘဲ အႏုပညာရွင္ အသိုင္းအဝိုင္းက သူတို႔ႏွစ္ေယာက္ကို ေလးစားခ်စ္ခင္ၾကသူမ်ားနဲ႔ ပရိသတ္မ်ားကပါ စိတ္မေကာင္းျဖစ္ခဲ့ၾကတာပါ။
ကေလးေတြေၾကာင့္ ကိုယ္တိုင္အဖမ္းခံလိုက္ရတယ္ဆိုတဲ့ ေျပတီဦး ႏွင့္ အိျႏၵာေက်ာ္ဇင္ ဇနီးေမာင္ႏွံ အေၾကာင္း နီးစပ္ရာ အသိုင္းအဝိုင္း ေျပာၾကားခဲ့ ပါတယ္။

Credit..thu han soe

UNICODE

သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံ ကတော့ အနုပညာ လောကမှာ ထိပ်တန်း အနုပညာရှင်တွေ အဖြစ် ရပ်တည်နေ ကြသူတွေပါပဲနော်။ အခုဖြစ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာ ပါဝင်နေ ကြသူတွေ ပါနော်။ ဒီလို ပါဝင်တဲ့အတွက် စစ်ကောင်စီ အစိုးရက ပုဒ်မ ၅၀၅ ( က ) ဖြင့် တရားစွဲဆိုထားတာပါနော်။

အခုလိုတရားစွဲ ထားတဲ့ အတွက် အနုပညာရှင် တော်တော်များများ က ထွက်ပြေး တိမ်းရှောင်နေ ကြတာပါနော်။ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် ကတော့ ဖေဖော်ဝါရီကတည်းကပင် မိသားစု နဲ့ ခဏခွဲခွာကာ ရှောင်ပုန်းနေ ကြတာ ပါနော်။

အခုလို တိမ်းရှောင် နေ တဲ့ ကြားကနေ ဒီနေ့ ညနေ (၃) နာရီတွင် သူတို့ရဲ့ နေအိမ် တွင် ဖမ်းဆီးခံ လိုက်ရပြီလို့ ည (၈) နာရီ သတင်းတွင် ကြေငြာခဲ့ တာပါ။ ဒီသတင်း ကြားကြားချင်းမှာဘဲ အနုပညာရှင် အသိုင်းအဝိုင်းက သူတို့နှစ်ယောက်ကို လေးစားချစ်ခင်ကြသူများနဲ့ ပရိသတ်များကပါ စိတ်မကောင်းဖြစ်ခဲ့ကြတာပါ။
ကလေးတွေကြောင့် ကိုယ်တိုင်အဖမ်းခံလိုက်ရတယ်ဆိုတဲ့ ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် ဇနီးမောင်နှံ အကြောင်း နီးစပ်ရာ အသိုင်းအဝိုင်း ပြောကြားခဲ့ ပါတယ်။

Credit..thu han soe