ပရိသတ်ကြီးရေ ဘုန်းလျှံကတော့ ဗီဒီယို ခေတ်ကာလကတည်းက အနုပညာရပ်ဝန်းမှာ အောင်မြင်လာခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်မှု တွေကို ရရှိထားခဲ့တဲ့ သူပါ။ ဒါ့အပြင် ကံကြမ္မာရဲ့ မျက်နှာသာ မပေးမှုကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပေမယ့် ပြန်လည် လွတ်မြောက်လာတဲ့ အချိန်လေးမှာတော့ စိတ်သစ် လူသစ်ဖြင့် ဘဝသစ်ကို ရိုးရှင်းအေးချမ်းစွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက် ထားခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့ရဲ့ ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြီလို့ ပရိသတ်တွေကို စိတ်မကောင်းစွာ ဖွင့်ဟထားခဲ့ပါတယ်။ ဒီလိုဖွင့်ဟ ထားတဲ့ ဘုန်းလျှံအတွက်လည်း ချစ်တဲ့ ပရိသတ်တွေက များစွာ စိတ်မကောင်းဖြစ်ခဲ့ရပြီး အားပေးစကားလေးတွေ ဆိုထားခဲ့ပါတယ်။ လက်ရှိမှာတော့ ရင်သွေးလေး ကို ဆုံးရှုံးခဲ့ရတဲ့ ဇနီးသည်ကို စိတ်ပြေ လက်ပျောက် ဖြစ်အောင် ရခိုင် ပြည်နယ်က မြောက်ဦးမြို့လေးကို အလည်အပတ် ရောက် ရှိနေခဲ့ပြီဖြစ်ပါတယ်။

မြောက်ဦးမြို့လေး ရဲ့ လှပတဲ့ ရှုခင်းလေးတွေကြောင့် ပျော်ရွှင် နေတဲ့ ဇနီးသည်ကိုကြည့်ပြီး ပီတိ ဖြစ်နေရတာပါ။ ဒါ့အပြင် နှစ်ယောက် အတူ ပျော်ရွှင်ကြည်နူးပြီး ချစ်အားတွေပိုနေတဲ့ ဘုန်းလျှံတို့ရဲ့ ပုံရိပ်လေးတွေ ကတော့ ပရိသတ်တွေလည်း သဘောကျစေခဲ့ပါတယ်။ ဘုန်းလျှံကတော့ ဇနီးလေးလိုချင်တဲ့ နွေးထွေး ၊ ကြင်နာမှုတွေပေးပြီး လူတိုင်းသာယာသော အိမ်ထောင်ရေးကို ထူထောင်နိုင်ကြပါစေလို့လည်း ဆုတောင်းပေးထားပါသေးတယ်။

Source – Bhone Hlyan

ZAWGYI

ပရိသတ္ႀကီးေရ ဘုန္းလၽွံကေတာ့ ဗီဒီယို ေခတ္ကာလကတည္းက အႏုပညာရပ္ဝန္းမွာ ေအာင္ျမင္လာခဲ့ၿပီး ပရိသတ္ေတြရဲ့ခ်စ္ခင္မႈ ေတြကို ရရွိထားခဲ့တဲ့ သူပါ။ ဒါ့အျပင္ ကံၾကမၼာရဲ့ မ်က္ႏွာသာ မေပးမႈေၾကာင့္ ျပစ္ဒဏ္က်ခံခဲ့ရေပမယ့္ ျပန္လည္ လြတ္ေျမာက္လာတဲ့ အခ်ိန္ေလးမွာေတာ့ စိတ္သစ္ လူသစ္ျဖင့္ ဘဝသစ္ကို ရိုးရွင္းေအးခ်မ္းစြာ ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ သာယာ ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးကို တည္ေဆာက္ ထားခဲ့ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက သူတို႔ရဲ့ ရင္ေသြးေလးကို ဆုံးရႈံးလိုက္ရၿပီလို႔ ပရိသတ္ေတြကို စိတ္မေကာင္းစြာ ဖြင့္ဟထားခဲ့ပါတယ္။ ဒီလိုဖြင့္ဟ ထားတဲ့ ဘုန္းလၽွံအတြက္လည္း ခ်စ္တဲ့ ပရိသတ္ေတြက မ်ားစြာ စိတ္မေကာင္းျဖစ္ခဲ့ရၿပီး အားေပးစကားေလးေတြ ဆိုထားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ရင္ေသြးေလး ကို ဆုံးရႈံးခဲ့ရတဲ့ ဇနီးသည္ကို စိတ္ေၿပ လက္ေပ်ာက္ ျဖစ္ေအာင္ ရခိုင္ ျပည္နယ္က ေျမာက္ဦးၿမိဳ႕ေလးကို အလည္အပတ္ ေရာက္ ရွိေနခဲ့ၿပီျဖစ္ပါတယ္။

ေျမာက္ဦးၿမိဳ႕ေလး ရဲ့ လွပတဲ့ ရႈခင္းေလးေတြေၾကာင့္ ေပ်ာ္ရႊင္ ေနတဲ့ ဇနီးသည္ကိုၾကည့္ၿပီး ပီတိ ျဖစ္ေနရတာပါ။ ဒါ့အျပင္ ႏွစ္ေယာက္ အတူ ေပ်ာ္ရႊင္ၾကည္ႏူးၿပီး ခ်စ္အားေတြပိုေနတဲ့ ဘုန္းလၽွံတို႔ရဲ့ ပုံရိပ္ေလးေတြ ကေတာ့ ပရိသတ္ေတြလည္း သေဘာက်ေစခဲ့ပါတယ္။ ဘုန္းလၽွံကေတာ့ ဇနီးေလးလိုခ်င္တဲ့ ေႏြးေထြး ၊ ၾကင္နာမႈေတြေပးၿပီး လူတိုင္းသာယာေသာ အိမ္ေထာင္ေရးကို ထူေထာင္နိုင္ၾကပါေစလို႔လည္း ဆုေတာင္းေပးထားပါေသးတယ္။

Source – Bhone Hlyan