ပရိတ်သတ်တွေရဲ့ အချစ်တော် ဇာတ်ပို့သရုပ် ဆောင်နှိုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် ရုပ်ရှင် များစွာကို ရိုက်ကူးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင် ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်စွာနဲ့သရုပ်ဆောင်နိုင်တဲ့ အတွက် ယနေ့အချိန်ထိ ပရိတ်သတ်တွေ ရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲဖြစ် ပါတယ်နော်..။နှိုင်းယှဉ်က သရုပ်ဆောင်ပိုင်းမှာ ကျွမ်းကျင် ပိုင်နိုင်ရုံတင်မကပဲ Online Sale ရောင်းတဲံ နေရာမှာလည်း အောင်မြင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။
နှိုင်းယှဉ်က ခင်ပွန်းကောင်း ပီသပီး သူမအပေါ်အရမ်းကိုချစ်ခင်ကြင်နာ တဲ့ခင်ပွန်းသည် ကိုဘင်းကိုပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာသားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်နော်.။လတ်တလော မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း သူမဟာ လူထုလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တာပဲဖြစ်ပါတယ်။အခုလို နိုင်ငံရေး မငြိမ်မသက်ဖြစ်နေတာကြောင့် သူမရဲ့စီးပွားရေးလုပ်ငန်းလေးတွေကိုရပ်တန့်ထားရတာ ကြာခဲ့ပြီပဲဖြစ်ပါတယ်။ခုရက် ပိုင်းမှာဆိုရင်တော့ နှိုင်းယှဉ်က စျေးရောင်းတဲ့ လုပ်ငန်းလေးတွေကို ပြန်လည်လုပ်ကိုင်ရန်အတွက်ပြင်ဆင်နေတာပဲဖြစ်ပါတယ်.။အဲ့ဒီလိုစျေးတွေ ပြန်ရောင်းဖို့ပြင်ဆင်နေတဲ့အပေါ် သူမကို လိပ်ပြာလုံရဲ့လားလို့မေးလာတဲ့သူတွေကို အခုလိုပဲထိထိမိမိလေးပြန်လည် ပြောကြားလိုက်တာပဲဖြစ်ပါတယ်နော်..။
နှိုင်းယှဉ်က “ကြော်ငြာတွေ ရိုက် ဈေးတွေပြန်ရောင်းဖို့ ပြင်ဆင် နေပီဆိုတော့ လိပ်ပြာလုံရဲ့လားတဲ့ လာမေးကြတယ်😂သိပ်လုံတာပေါ့😏😏😏 ဒီအတိုင်း ထိုင်စားသောက်လှုတန်းနေရအောင် ကျွန်မတို့က ကျိကျိ တက်ချမ်းသာနေသူတွေမှ မဟုတ်တာ…မရှိတဲ့ ထဲက ကိုယ် လှုနေ တန်းနေတာတွေ ကိုယ်သာအသိဆုံးးးး အလုပ်လုပ်မှရမှာပေါ့ …ကျွန်မတို့ တစ်ချို့ လူတွေလို အပျော်မရှာဘူး တချို့လူတွေလို နေသာသလိုမနေဘူးးးး အဲ့အတွက် လိပ်ပြာက Ever လုံတယ်…..😏” ဆိုပြီး သူမရဲ့လူမှု ကွန်ယက်စာမျက်နှာကနေ ထိထိမိမိ ပြန်လည်ချေပလိုက်တာပဲဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ..။သူမကိုချစ်တဲ့ပရိတ်သတ်တွေကလည်း သူမစျေးပြန်ရောင်းမယ့်အပေါ် အားပေးစကား တွေေပြောထားတာကိုလည်း comment မှာမြင်တွေရပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်..။
Source ; Nhying Shin ‘s Facebook acc
Credit ; Celebrity Platforms
ZAW GYI