တက်သစ်စ မော်ဒယ် တစ်ယောက်အဖြစ် အနုပညာ လမ်းကြောင်းမှာ လျှောက် လှမ်းနေပြီး ပရိသတ် တွေရဲ့ အားပေးမှုတွေ ဖြည်းဖြည်းချင်း ရရှိလာသူကတော့ ဟန်လင်းပဲ ဖြစ်ပါတယ်။ သူကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေ နဲ့အတူ ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်ပါတယ်။ နေ့စဉ် ရက်ဆက် ဆန္ဒပြပွဲ တွေမှာ ပါဝင်ခဲ့ တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာပါ။

အခုလက်ရှိမှာတော့ Gen-Z Burma အဖွဲ့ ဝင်တစ်ချို့နဲ့ ထိုင်းနိုင်ငံ နယ်စပ်ကို ရောက် ရှိနေကြတာ ဖြစ်ပါတယ်။ ရောက်ရှိတဲ့ နေရာကနေ တော်လှန်ရေးအတွက် ကိုယ်စွမ်း ရှိသလောက် ပါဝင်ပေးနေတဲ့ ဟန်လင်း ကိုတော့ ပရိသတ်တွေက လေးစား နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်း လောက် ကလည်း ဟန်လင်း ရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ပြည်သူတွေ အနေနဲ့ နွေဦးတော်လှန်ရေး ဒုတိယလှိုင်း ကနေ စတင်ပြီး ရဲရင့်သတ္တိ နဲ့ခွန်အားအပြည့်ရှိတာကို ပြသဖို့လိုကြောင်း တိုက်တွန်းနှိုးဆော် လိုက်တာ ဖြစ်ပါတယ်။

သူကလည်း ” နွေဦးတော် လှန်ရေး ဒုတိယလှိုင်း အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေအပြီးအပိုင် အမြစ်ဖြုတ် တွန်းလှန် ခဲ့တဲ့ နောက်ဆုံးမျိုးဆက်ဟကျွန်တော်တို့ မျိုးဆက် ပဲဖြစ်ရမယ် ဒါ့ကြောင့် မနက်ဖြန် မေလ ၁ ရက်နေ့ကစ ပြီးအင်အားကြီးလာမည့် နွေဦးတော်လှန်ရေး ဒုတိယလှိုင်း ကနေခွန်အားအပြည့် သတိရှိစွာနဲ့ သတ္တိရှိရှိ ရဲရင့်ကြောင်း ကိုပြသဖို့ တိုက်တွန်း နှိုးဆော်ပါတယ်ခင်ဗျား

“အရေးတော်ပုံအောင်ရမည်” 💪🏻” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။ အနုပညာရှင် များက လည်း လူထုလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လူမှုကွန်ယက်များတွင် Speak Out လုပ်ပေးနေကြတာ ပြည်သူတွေအနေ နဲ့အားတက်စရာပါပဲ။ လမ်းပေါ်ထွက်ကာ ဆန္ဒ ထုတ်ဖော်ကြတဲ့ အခါမှာလည်း သတိရှိစွာဖြင့် သွားလာကြဖို့လည်း သတိပေးလိုက်ပါရစေနော်။

Source and Photo Crd-Han Lin’s Facebook Account

ZAW GYI

တက္သစ္စ ေမာ္ဒယ္ တစ္ေယာက္အျဖစ္ အႏုပညာ လမ္းေၾကာင္းမွာ ေလၽွာက္ လွမ္းေနၿပီး ပရိသတ္ ေတြရဲ့ အားေပးမႈေတြ ျဖည္းျဖည္းခ်င္း ရရွိလာသူကေတာ့ ဟန္လင္းပဲ ျဖစ္ပါတယ္။ သူကေတာ့ လက္ရွိ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြ နဲ႔အတူ ပူးေပါင္းပါဝင္ခဲ့သူ ျဖစ္ပါတယ္။ ေန႔စဥ္ ရက္ဆက္ ဆႏၵျပပြဲ ေတြမွာ ပါဝင္ခဲ့ တာေၾကာင့္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရတာပါ။

အခုလက္ရွိမွာေတာ့ Gen-Z Burma အဖြဲ႕ ဝင္တစ္ခ်ိဳ႕နဲ႔ ထိုင္းနိုင္ငံ နယ္စပ္ကို ေရာက္ ရွိေနၾကတာ ျဖစ္ပါတယ္။ ေရာက္ရွိတဲ့ ေနရာကေန ေတာ္လွန္ေရးအတြက္ ကိုယ္စြမ္း ရွိသေလာက္ ပါဝင္ေပးေနတဲ့ ဟန္လင္း ကိုေတာ့ ပရိသတ္ေတြက ေလးစား ေနၾကတာ ျဖစ္ပါတယ္။ မၾကာေသးခင္ ရက္ပိုင္း ေလာက္ ကလည္း ဟန္လင္း ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ျပည္သူေတြ အေနနဲ႔ ေႏြဦးေတာ္လွန္ေရး ဒုတိယလွိုင္း ကေန စတင္ၿပီး ရဲရင့္သတၱိ နဲ႔ခြန္အားအျပည့္ရွိတာကို ျပသဖို႔လိုေၾကာင္း တိုက္တြန္းႏွိုးေဆာ္ လိုက္တာ ျဖစ္ပါတယ္။

သူကလည္း ” ေႏြဦးေတာ္ လွန္ေရး ဒုတိယလွိုင္း အာဏာရွင္စနစ္ကို ျမန္မာ့ေျမေပၚကေနအၿပီးအပိုင္ အျမစ္ျဖဳတ္ တြန္းလွန္ ခဲ့တဲ့ ေနာက္ဆုံးမ်ိဳးဆက္ဟကၽြန္ေတာ္တို႔ မ်ိဳးဆက္ ပဲျဖစ္ရမယ္ ဒါ့ေၾကာင့္ မနက္ျဖန္ ေမလ ၁ ရက္ေန႔ကစ ၿပီးအင္အားႀကီးလာမည့္ ေႏြဦးေတာ္လွန္ေရး ဒုတိယလွိုင္း ကေနခြန္အားအျပည့္ သတိရွိစြာနဲ႔ သတၱိရွိရွိ ရဲရင့္ေၾကာင္း ကိုျပသဖို႔ တိုက္တြန္း ႏွိုးေဆာ္ပါတယ္ခင္ဗ်ား

“အေရးေတာ္ပုံေအာင္ရမည္” 💪🏻” ဆိုၿပီး ေရးသား ထားတာ ျဖစ္ပါတယ္။ အႏုပညာရွင္ မ်ားက လည္း လူထုလႈပ္ရွားမႈမ်ားနဲ႔ ပတ္သက္ၿပီး သူတို႔ရဲ့ လူမႈကြန္ယက္မ်ားတြင္ Speak Out လုပ္ေပးေနၾကတာ ျပည္သူေတြအေန နဲ႔အားတက္စရာပါပဲ။ လမ္းေပၚထြက္ကာ ဆႏၵ ထုတ္ေဖာ္ၾကတဲ့ အခါမွာလည္း သတိရွိစြာျဖင့္ သြားလာၾကဖို႔လည္း သတိေပးလိုက္ပါရေစေနာ္။

Source and Photo Crd-Han Lin’s Facebook Account