ပရိသတ်တွေ ချစ်ကြတဲ့ စိုးပြည့်သဇင်က ငယ်စဉ်က တည်းက အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး ယနေ့ထက်တိုင် အကယ်ဒမီဆုရှင် မင်းသမီးတစ်ယောက်အဖြစ် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ အမြဲတမ်းပြုံးနေတတ်ပြီး ဖြူစင်စွာ လှတဲ့ စိုးပြည့်သဇင် က သူမရဲ့အပြင်က နေထိုင်မှုပုံစံကလည်း အေးဆေးပြီး သူတစ်ပါးအပေါ် ကြင်နာငဲ့ညှာတတ်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း စိုးပြည့်သဇင် က သူမတို့အိမ်မှာ အိမ်အလုပ်တွေကူလုပ်ပေးတဲ့ ညီမလေးကို ကိတ်မုန့်ခွဲပြီး မွေးနေ့ပွဲလေး ဖန်တီးပေးခဲ့တာကို တွေ့ရပါတယ်။ စိုးပြည့်သဇင်တို့ မိသားစုက သူတို့ရဲ့ အိမ်မှာရှိကြတဲ့ အိ လေးတိုင်းကို မိသားစုဝင် တစ်ယောက်လို ဆက်ဆံပြီး တကယ့်ကို ကောင်းပေးကြတဲ့ အိမ်ရှင်ကောင်းတွေဆိုတာ ပြောစရာမလိုအောင်ကို တွေ့ရပါတယ်။

စိုးပြည့်သဇင် ကတော့ တကယ့်ကို စိတ်နှလုံးကောင်းရှိပြီး အဆင့်အတန်း မခွဲခြားသူတစ်ယောက် ဆိုတာကိုတော့ ထွေထွေထူးထူးပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ပရိသတ်ကြီးလည်း စိုးပြည့်လေးရဲ့ချစ်စရာကောင်းတဲ့ စိတ်နှလုံးသားလေးကို ကြည့်ပြီးပိုလို့တောင် အချစ်တွေ တိုးသွားကြမယ်ထင်ပါတယ်။ပရိတ်သတ်ကြီးကလည်း စိုးပြည့်အတွက် တစ်ခုဝင်မန့်ပေးခဲ့အုံးနော်….

Credit…..

ZAWGYI




Credit…..