သႏၲာဗိုလ္ ကေတာ့ သ႐ုပ္ေဆာင္ အျဖစ္ေရာ ေမာ္ဒယ္အျဖစ္ပါ အႏုပညာ လမ္းေၾကာင္းေပၚ မွာ အခ်ိန္အေတာ္ၾကာ ေလၽွာက္လွမ္းလာခဲ့တာ ျဖစ္ပါတယ္။ သူမကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူ ပရိသတ္ေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ ေနတာျဖစ္ၿပီး လႈပ္ရွားမႈ ပုံေလးေတြကိုလည္း လူမႈကြန္ယက္ ေဖ့ဘြတ္ စာမ်က္ႏွာ ထက္မွာ တင္ေပးေလ့ရွိတာေတြ႕ရပါတယ္။

လူထုလႈပ္ရွားမႈေတြဟာလည္း တစ္ရက္ၿပီးတစ္ရက္ အားေကာင္းလာ ေနတာျဖစ္ၿပီး အႏုပညာရွင္ေတြ အပါအဝင္ျပည္သူေတြကပါ တက္ႂကြစြာပါဝင္လႈပ္ရွားေနၾကတာျဖစ္ပါတယ္။နိုင္ငံတကာရဲ့ သတင္းေတြမွာလည္း အဆက္မျပတ္ေဖာ္ျပျခင္း ခံေနရၿပီး အားလုံးကအခ်ိန္နဲ႔တစ္ေျပးညီ ေစာင့္ၾကည့္ေနၾကတာလည္းျဖစ္ ပါတယ္။

ဒါ့အျပင္ သႏၲာဗိုလ္က လူထုလႈပ္ရွားမႈမွ ာပါဝင္ေနတဲ့ ျပည္သူေတြအတြက္ လိုအပ္တဲ့ ပစၥည္းေတြနဲ႔ အစား အေသာက္ေတြကိုလည္း တက္နိုင္တဲ့ဘက္ကေန လိုက္လံကာလႉဒါန္းမႈေတြ ျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။အခုလည္း ျပည္သူလူ ထုနဲ႔အတူ အႏၲရယ္ေတြၾကားကေန ရဲရဲဝင့္ဝင့္ ဆႏၵထုတ္ ေဖာ္လ်က္ ရွိတာကိုေလးစားစြာေတြ႕ျမင္ရျပန္ပါတယ္။ပရိသတ္ႀကီးအတြက္ သႏၲာဗိုလ္ရဲ့ ဗီဒီယိုေလးကို မၽွေဝေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Thandar Bo

unicode

သန္တာဗိုလ် ကတော့ သရုပ်ဆောင် အဖြစ်ရော မော်ဒယ်အဖြစ်ပါ အနုပညာ လမ်းကြောင်းပေါ် မှာ အချိန်အတော်ကြာ လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူ ပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည် နေတာဖြစ်ပြီး လှုပ်ရှားမှု ပုံလေးတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ် စာမျက်နှာ ထက်မှာ တင်ပေးလေ့ရှိတာတွေ့ရပါတယ်။

လူထုလှုပ်ရှားမှုတွေဟာလည်း တစ်ရက်ပြီးတစ်ရက် အားကောင်းလာ နေတာဖြစ်ပြီး အနုပညာရှင်တွေ အပါအဝင်ပြည်သူတွေကပါ တက်ကြွစွာပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။နိုင်ငံတကာရဲ့ သတင်းတွေမှာလည်း အဆက်မပြတ်ဖော်ပြခြင်း ခံနေရပြီး အားလုံးကအချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နေကြတာလည်းဖြစ် ပါတယ်။

ဒါ့အပြင် သန္တာဗိုလ်က လူထုလှုပ်ရှားမှုမှ ာပါဝင်နေတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစား အသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။အခုလည်း ပြည်သူလူ ထုနဲ့အတူ အန္တရယ်တွေကြားကနေ ရဲရဲဝင့်ဝင့် ဆန္ဒထုတ် ဖော်လျက် ရှိတာကိုလေးစားစွာတွေ့မြင်ရပြန်ပါတယ်။ပရိသတ်ကြီးအတွက် သန္တာဗိုလ်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone

Photo – Thandar Bo