ပြည်သူချစ်သည့် အနုပညာရှင်များကို ဖမ်းဆီးအကျဉ်းချခြင်းသည် ပြည်သူတွေရဲ့အမုန်းတရားကို ရယူခြင်းဖြစ်ဟု ဒေါက်တာနေစိုးမောင်အသိပေးခဲ့ပါတယ်၊အနုပညာရှင်အိန္ဒြာကျော်ဇင် သည်လက်ရှိမှာဖမ်းဆီးတရားစွဲ အကျဉ်းချခံထားရပြီးလူမမယ် သားသမီးတွေနဲ့ဝေးကွာနေရဟု ပြောဆိုထားပါတယ်။

နအဖ ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ငြိမ်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏သမက်ဟောင်း ၊ နေရွေသွေးအောင်ခ ဖိုးလပြည့် ၏ဖခင်ဖြစ်သူဒေါက်တာနေစိုးမောင်မှပြည်သူ ချစ်သည့်အနုပညာ ရှင်များကိုဖမ်းဆီးခြင်း၊ဝရမ်းထုတ်ခြင်းသည်ပြည်သူများ၏အမုန်းတရားတွေကိုရယူခြင်းဖြစ်ပြီး အနုပညာရှင်အိန္ဒြာကျော်ဇင်သည်လက်ရှိမှာဖမ်းဆီးတရားစွဲအကျဉ်းချခံထားရပြီးလူမမယ်သားသမီးတွေနဲ့ဝေးကွာနေရကြောင်းလူမှုကွန်ယက်တွင်ရေးသားခဲ့ပါတယ်။

Germanyနိုင်ငံမှာကျင်းပတဲ့Oldenburg ရုပ်ရှင်ပွဲ တော်မှာ မြန်မာနိုင်ငံမှဒါရိုက်တာဏကြီး ရိုက်ကူးတဲ့What Happened ToTheWolfဇာတ်ကားမှအိန္ဒြာ ကျော်ဇင်ကအကောင်းဆုံး သရုပ်ဆောင်ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်၊ပြည်သူချစ်အနုပညာရှင် သရုပ်ဆောင်အိ​န္ဒြာကျော်ဇင်ဟာလက်ရှိမှာဖမ်းဆီးတရားစွဲအကျဉ်းချခံထားရပြီးလူမမယ်သားသမီးတွေ နဲ့ ဝေးကွာနေရပါတယ်။

ဒီလိုပြည်သူချစ်တဲ့ အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ်တာ ၊ ဖမ်းဆီးပြီးအကျဉ်းချတာတွေဟာ ပြည်သူတွေရဲ့အမုန်းတရားကို ရယူလိုက်တာပါဘဲ၊တနည်းအားဖြင့်ပြည်သူတွေအပေါ် စည်းရုံးရေးပျက်ပြားစေပြီးအမုန်းပွားမှုကို ဖန်တည်းရယူလိုက်တာပါဘဲ ဆိုပြီးရေးသားထားပါတယ်။

Credit……

ZAWGYI





Credit……