ပရိတ်သတ်ကြီးရေ…ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ စိုးမြတ်သူဇာ ဟာဆိုရင် ရုပ်ရှင် ဇာတ်ကားပေါင်း များစွာကို ပီပြင် ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ အတွက် အကယ်ဒမီ ဆုကြီးကို ထိုကိထိုက် တန်တန် ဆွတ်ခူးခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်နော် ။မကြီးစိုး ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ ပြည်သူလူထု နဲ့ အတူ ရပ်တည် ခြင်းမရှိခဲ့ တာကြောင့် ပရိတ်သတ် တွေ ရဲ့ ဝေဖန်မှုကို ခံနေရတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။မကြီးစိုးရဲ့ဖခင်ဖြစ်သူကလည်း စစ်တပ် မှ အငြိမ်းစား ယူထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်နော်။မနေ့က စစ်ကောင်စီ မှ ဖွင့်လှစ်တဲ့ ဆေးရုံ ဖွင့်ပွဲကို တတ်ရောက်ခဲ့ လို့ အွန်လိုင်းအသုံးပြု သူတွေကြား ဝေဖန်မှု တွေမြင့် တတ်နေတာပဲ ဖြစ်ပါတယ်..

အဲ့လိုဝေဖန်မှု တွေကို အပြင်းအထန် ခံစားနေ ရတဲ့ မကြီးစိုး က ဒီက နေ့မှာတော့ အေးချမ်း လှတဲ့သာသနာ့ ဘောင်ထဲသို့ ဝင်ရောက် သွားတာပဲ ဖြစ်ပါတယ်နော်။သာသနာ့ ဘောင်ထဲသို့ ဝင်ရောက်သွားတဲ့ မကြီးစိုး က အရှင်ဆေကနန္ဒီ ဆို့ တဲ့ဘွဲ့အမည် နဲ့ ရှိနေတာပဲ ဖြစ်ပါတယ်။မနေ့က ပွဲ ကိုတတ်ရောက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးမကြီးစိုး ရဲ့ မိတ်ကပ်ဆရာ က အခုလိုလည်းပြောထားပါသေးတယ်နော်..။

” အခုက သေနေတဲ့ လူတွေကြား ပျော်စေတဲ့ သင်္ကြန်ပွဲ မဟုတ်သလို , လူသတ် တရားခံ လုပ်တဲ့ တပ်မတော် ည စာစားပွဲလည်း မတက်ခဲ့တဲ့ မင်းသမီး Fb မှာ အရင်ထဲက စ ခုထိ ဘာလုပ်ပါ ညာလုပ်ပါ ဘယ်သူ အားပေးပါ မပေးပါနဲ့ မရေး သလို ရေးဖို့လည်း မသိတဲ့( နားမလည်လို့) သူမိဘတွေ ဖြစ်တဲ့ အငြိမ်းစား စစ်ဗိုလ်ကြီးစိတ် ချမ်းသာ စေဖို့ တွေးခဲ့တဲ့သူက သူကြီးပြင်း လာတဲ့ စစ်တပ်ထဲမှာ ကောင်းတဲ့စစ်သားတွေပဲ တွေ့ခဲ့ရလို အဲ့လိုလူတွေကိုပဲ ချစ်တယ်လို့ ပြောခဲ့တဲ့မင်းသမီး( မကောင်းတဲ့လူမပါဘူး)စစ်ကားရိုက်သလို ဗိုလ်ချုပ် ကားလည်း မညီးမညူ ရိုက်ခဲ့တဲ့ မင်းသမီး ရုပ်ရှင်ရုံ ဖွင့်ပွဲမို့ အနုပညာရှင် အနေနဲ့ သွားတက်တာမှန်တယ်လေကိုယ် ဘာလုပ်နေလဲ သိတာတောင် အမြဲဘေးကင်းဖို့ ဆု တောင်းပေးတဲ့သူသူ လုပ်ရပ်အတွက် မှန်တယ်ထင်သလို ကိုယ့်အလုပ်မို့ ကိုယ်လုပ်တာ ဘာမှဂရုမစိုက်လို့ ဒီအတိုင်းသွားတာ …” လို့မင်းသမီး ဘက်က ပြန်လည် ချေပ ရေးသားထားတာပဲ ဖြစ်ပါတယ်နော်.။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်။

Credit

ZAWGYI




Credit