မင္းသားေခ်ာ ေလး ပိုင္တံခြန္ ကေတာ့ ႐ုပ္ရည္ ေခ်ာေမာ ခန္႔ညားတဲ့အျပင္ ေယာက္်ား ပီသတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားတာ ေၾကာင့္ မိန္းကေလး ပရိသတ္ေတြရဲ့ စိတ္ဝင္ စားမႈကို ပိုမို ရရွိထားတာပဲ ျဖစ္ပါတယ္ ။ ပိုင္တံခြန္ က ျမန္မာနိုင္ငံမွာ ေအာင္ျမင္ေန ႐ုံသာမက ထိုင္း ၊ တ႐ုတ္ စတဲ့ ျပည္ပနိုင္ငံ ေတြမွာပါ လူသိမ်ားေက်ာ္ၾကားေနၿပီး နိုင္ငံတကာ သတင္းေတြ မွာ ေတာင္ ေဖာ္ၿပ ျခင္းခံ ေနရတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ လည္း ပိုင္တံခြန္ က သူ႔ကိုခ်စ္တဲ့ ပရိသတ္ ေတြ အားလုံးအေပၚမွာ ေႏြးေႏြး ေထြးေထြး ဆက္ဆံ ေပးေလ့ရွိတာ ျဖစ္ပါတယ္ ။

လတ္တေလာ မွာဆိုရင္ ပိုင္တံခြန္ က ေန႔စဥ္ ေန႔တိုင္း လမ္းေပၚကို ထြက္ၿပီး ျပည္သူလူထု နဲ႔ အတူ တက္တက္ ႂကြႂကြ ပါဝင္ လႈပ္ရွားေနတာ ျဖစ္ပါတယ္ ။ ျပည္သူေတြကို ေရွ႕ဆုံး ကေန ဦးေဆာင္ ၿပီး လႈပ္ရွားမႈ ေတြကိုေဆာင္ရြက္ ေနတဲ့ ပိုင္တံခြန္ က မေန႔က ေတာ့ မင္းသမီးေခ်ာ ေလး ဝတ္မႈန္ေရႊရည္နဲ႔ဆုံေတြ႕ခဲ့တာ ျဖစ္ပါတယ္ ။ ပိုင္တံခြန္၊ ဝတ္မႈန္ေရႊရည္နဲ႔ အဆိုေတာ္ Ar-T တို႔က ျပည္သူေတြအတြက္ အေမာ ေျပေသာက္ဖို႔ အခ်ိဳရည္ ေတြနဲ႔ စားစရာေတြ လႉ ဒါန္းေပးခဲ့ၾကတာ ျဖစ္ပါတယ္ ။

ပိုင္တံခြန္ က “ကၽြန္ေတာ္တို႔ အားလုံးမွာ ကိုယ္ပိုင္ အခက္အခဲ ေတြ အသီးသီး ရွိၾကတယ္ ဒါေပမယ့္ ဒီအခ်ိန္မွာ ကၽြန္ေတာ္တို႔ ရဲ့ ပန္းတိုင္က တစ္ခုတည္းပဲ Fight For Democracy “ဆိုၿပီး ပုံေလးေတြ တင္ထားသလို ေရႊကစ္ ကလည္း “13/2/2021 ျပည္သူေတြ အားတင္း ထားပါ နိုးနိုး ၾကားၾကား ေနၾကပါ” ဆိုၿပီး လႈပ္ရွားမႈ ေတြကို မၽွေဝ ထားတာ ျဖစ္ပါတယ္ ။ ကဲ တက္ညီ လက္ညီ နဲ႔ လူထု လႈပ္ရွားမႈမွာ ပါဝင္ၿပီး အစား အေသာက္ေတြ အတူတူ လႉဒါန္းခဲ့တဲ့ ပိုင္တံခြန္နဲ႔ ေရႊကစ္ တို႔အ ႏုပညာေမာင္ႏွမရဲ့ပုံရိပ္ေတြကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္ေနာ္ ။

Source & Photo Credit -Paing TaKhon’s FB Page & Wutt Hmone Shwe Yi’s FB Page

UNICODE

မင်းသားချော လေး ပိုင်တံခွန် ကတော့ ရုပ်ရည် ချောမော ခန့်ညားတဲ့အပြင် ယောက်ျား ပီသတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ ကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ စိတ်ဝင် စားမှုကို ပိုမို ရရှိထားတာပဲ ဖြစ်ပါတယ် ။ ပိုင်တံခွန် က မြန်မာနိုင်ငံမှာ အောင်မြင်နေ ရုံသာမက ထိုင်း ၊ တရုတ် စတဲ့ ပြည်ပနိုင်ငံ တွေမှာပါ လူသိများကျော်ကြားနေပြီး နိုင်ငံတကာ သတင်းတွေ မှာ တောင် ဖော်ပြ ခြင်းခံ နေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် လည်း ပိုင်တံခွန် က သူ့ကိုချစ်တဲ့ ပရိသတ် တွေ အားလုံးအပေါ်မှာ နွေးနွေး ထွေးထွေး ဆက်ဆံ ပေးလေ့ရှိတာ ဖြစ်ပါတယ် ။

လတ်တလော မှာဆိုရင် ပိုင်တံခွန် က နေ့စဉ် နေ့တိုင်း လမ်းပေါ်ကို ထွက်ပြီး ပြည်သူလူထု နဲ့ အတူ တက်တက် ကြွကြွ ပါဝင် လှုပ်ရှားနေတာ ဖြစ်ပါတယ် ။ ပြည်သူတွေကို ရှေ့ဆုံး ကနေ ဦးဆောင် ပြီး လှုပ်ရှားမှု တွေကိုဆောင်ရွက် နေတဲ့ ပိုင်တံခွန် က မနေ့က တော့ မင်းသမီးချော လေး ဝတ်မှုန်ရွှေရည်နဲ့ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ် ။ ပိုင်တံခွန်၊ ဝတ်မှုန်ရွှေရည်နဲ့ အဆိုတော် Ar-T တို့က ပြည်သူတွေအတွက် အမော ပြေသောက်ဖို့ အချိုရည် တွေနဲ့ စားစရာတွေ လှူ ဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ် ။

ပိုင်တံခွန် က “ကျွန်တော်တို့ အားလုံးမှာ ကိုယ်ပိုင် အခက်အခဲ တွေ အသီးသီး ရှိကြတယ် ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော်တို့ ရဲ့ ပန်းတိုင်က တစ်ခုတည်းပဲ Fight For Democracy “ဆိုပြီး ပုံလေးတွေ တင်ထားသလို ရွှေကစ် ကလည်း “13/2/2021 ပြည်သူတွေ အားတင်း ထားပါ နိုးနိုး ကြားကြား နေကြပါ” ဆိုပြီး လှုပ်ရှားမှု တွေကို မျှဝေ ထားတာ ဖြစ်ပါတယ် ။ ကဲ တက်ညီ လက်ညီ နဲ့ လူထု လှုပ်ရှားမှုမှာ ပါဝင်ပြီး အစား အသောက်တွေ အတူတူ လှူဒါန်းခဲ့တဲ့ ပိုင်တံခွန်နဲ့ ရွှေကစ် တို့အ နုပညာမောင်နှမရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit -Paing TaKhon’s FB Page & Wutt Hmone Shwe Yi’s FB Page