လူရွှင်တော် တိုင်းကျော် အပါအဝင် ဟားငါးကောင် အဖွဲ့ဝင် များဟာ လွတ်မြောက် နယ်မြေ တစ်နေရာတွင် စစ်သင် တန်း တက်ရောက် သင်ကြား နေကြတာ ဖြစ်ပါတယ်။ အန္တရာယ် ရှိတဲ့ ကြား ကနေ သူတို့ ရဲ့ လှုပ်ရှားမှု တွေကို ပြည်သူတွေ သိရှိ နိုင်အောင် ပုံလေး တွေ ဝေ မျှပေးနေကြတာ ဖြစ် ပါတယ်။ ပြည်သူ တွေနဲ့ အတူ အမှန် တရား ဘက်ကနေ မားမား မတ်မတ် ရပ်တည် ပေးခဲ့ ကြတဲ့ ဟားငါးကောင် အဖွဲ့ဝင် များကို အားလုံးက လေးစား ဂုဏ်ယူ နေကြတာ ဖြစ်ပါတယ်။

မနေ့ ညကလည်း တိုင်းကျော် ရဲ့ လူမှု့ ကွန်ယက် တွင် ပြည်သူတွေ အတွက် သူစိုးရိမ်ပူပန်နေသော အရာတစ်ခု အားဖွင့်ဟ ပြောပြ လာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ သူတို့ကို စိတ်ပူနေ ကြသူများအား အရမ်းကြီး မစိုးရိမ် ကြရန် နဲ့ ပြည်သူတွေ သာ အန္တရာယ်ကင်း အောင် နေကြရန် ရေးသား ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ တွေဟာ အောင်မြင်သင့် သလောက် အောင်မြင်ပြီးပြီ ဖြစ်တာ ကြောင့် အောင်မြင် မှုအတွက် ပြည်သူ တွေကို ဘယ်တော့မှ ချနင်းမှာ မဟုတ်ကြောင်းကိုလည်း အခုလို ပြောပြထားတာ ဖြစ်ပါတယ်။

” ကျွန်တော် တို့ ပုံ တွေတင်တာ အန္တရာယ် များတာပေါ့။ ခင်ဗျားတို့ အန္တရယ်ကို နည်းနည်းလေး ခွဲယူရုံပါ။ကျွန်တော်တို့က ခင်ဗျား တို့ ကျွေးတာ တစ်သက်လုံးစားခဲ့တာ ခင်ဗျား တို့သာ အန္တရာယ် ကင်းအောင်နေ ပေးပါ။ကျွန်တော်တို့ကို မပူနဲ့ ကျွန်တော်တို့မိသားစုကို မပူနဲ့ ကျွန်တော်တို့ပဲ ခင်ဗျားတို့ကို ပူပါရစေ။ ကျွန်တော်တို့ က အောင် မြင်သင့်သလောက် အောင်မြင်ပြီးသားပါ။ အောင်မြင်မှု အတွက် ပြည်သူကို ချမနင်းဘူး ကျွန်တော် ပူတာတစ်ခုပဲ ခင်ဗျားတို့ ပျော်အောင် ကျွန်တော် တို့ ပြက်လုံး ပြက်ပြခွင့် မရတော့ မှာဘဲ ” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။ ဓမ္မဘက်က ရပ်တည်ကြသူများကတော့ တော်လှန်ရေး အတွက် သူတို့ တတ်နိုင်တဲ့ ဘက်ကနေပါဝင် ဆောင်ရွက် ပေးနေတာကို မြင်တွေ့ ရသည်မှာ အားတက်စရာ ကောင်းလှပါတယ်။ အရေးတော်ပုံ ကြီးအောင်မြင်ဖို့ အတွက် တစ်ထောင့်တစ် နေရာကနေ ပူးပေါင်းပါဝင် နေကြသူ အားလုံး ဘေးအန္တရာယ် ကင်းဝေးကြ ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက် ပေးလိုက် ရပါတယ်။

Crd-Taingkyaw’s Facebook Page

ZAWGYI

လူရႊင္ေတာ္ တိုင္းေက်ာ္ အပါအဝင္ ဟားငါးေကာင္ အဖြဲ႕ဝင္ မ်ားဟာ လြတ္ေျမာက္ နယ္ေၿမ တစ္ေနရာတြင္ စစ္သင္ တန္း တက္ေရာက္ သင္ၾကား ေနၾကတာ ျဖစ္ပါတယ္။ အႏၲရာယ္ ရွိတဲ့ ၾကား ကေန သူတို႔ ရဲ့ လႈပ္ရွားမႈ ေတြကို ျပည္သူေတြ သိရွိ နိုင္ေအာင္ ပုံေလး ေတြ ေဝ မၽွေပးေနၾကတာ ျဖစ္ ပါတယ္။ ျပည္သူ ေတြနဲ႔ အတူ အမွန္ တရား ဘက္ကေန မားမား မတ္မတ္ ရပ္တည္ ေပးခဲ့ ၾကတဲ့ ဟားငါးေကာင္ အဖြဲ႕ဝင္ မ်ားကို အားလုံးက ေလးစား ဂုဏ္ယူ ေနၾကတာ ျဖစ္ပါတ
ယ္။

မေန႔ ညကလည္း တိုင္းေက်ာ္ ရဲ့ လူမႈ႔ ကြန္ယက္ တြင္ ျပည္သူေတြ အတြက္ သူစိုးရိမ္ပူပန္ေနေသာ အရာတစ္ခု အားဖြင့္ဟ ေျပာၿပ လာခဲ့တာ ျဖစ္ပါတယ္။ ဒါကေတာ့ သူတို႔ကို စိတ္ပူေန ၾကသူမ်ားအား အရမ္းႀကီး မစိုးရိမ္ ၾကရန္ နဲ႔ ျပည္သူေတြ သာ အႏၲရာယ္ကင္း ေအာင္ ေနၾကရန္ ေရးသား ထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔ ေတြဟာ ေအာင္ျမင္သင့္ သေလာက္ ေအာင္ျမင္ၿပီးၿပီ ျဖစ္တာ ေၾကာင့္ ေအာင္ျမင္ မႈအတြက္ ျပည္သူ ေတြကို ဘယ္ေတာ့မွ ခ်နင္းမွာ မဟုတ္ေၾကာင္းကိုလည္း အခုလို ေျပာျပထားတာ ျဖစ္ပါတယ္။

” ကၽြန္ေတာ္ တို႔ ပုံ ေတြတင္တာ အႏၲရာယ္ မ်ားတာေပါ့။ ခင္ဗ်ားတို႔ အႏၲရယ္ကို နည္းနည္းေလး ခြဲယူ႐ုံပါ။ကၽြန္ေတာ္တို႔က ခင္ဗ်ား တို႔ ေကၽြးတာ တစ္သက္လုံးစားခဲ့တာ ခင္ဗ်ား တို႔သာ အႏၲရာယ္ ကင္းေအာင္ေန ေပးပါ။ကၽြန္ေတာ္တို႔ကို မပူနဲ႔ ကၽြန္ေတာ္တို႔မိသားစုကို မပူနဲ႔ ကၽြန္ေတာ္တို႔ပဲ ခင္ဗ်ားတို႔ကို ပူပါရေစ။ ကၽြန္ေတာ္တို႔ က ေအာင္ ျမင္သင့္သေလာက္ ေအာင္ျမင္ၿပီးသားပါ။ ေအာင္ျမင္မႈ အတြက္ ျပည္သူကို ခ်မနင္းဘူး ကၽြန္ေတာ္ ပူတာတစ္ခုပဲ ခင္ဗ်ားတို႔ ေပ်ာ္ေအာင္ ကၽြန္ေတာ္ တို႔ ျပက္လုံး ျပက္ျပခြင့္ မရေတာ့ မွာဘဲ ” ဆိုၿပီး ေရးသား ထားတာ ျဖစ္ပါတယ္။ ဓမၼဘက္က ရပ္တည္ၾကသူမ်ားကေတာ့ ေတာ္လွန္ေရး အတြက္ သူတို႔ တတ္နိုင္တဲ့ ဘက္ကေနပါဝင္ ေဆာင္ရြက္ ေပးေနတာကို ျမင္ေတြ႕ ရသည္မွာ အားတက္စရာ ေကာင္းလွပါတယ္။ အေရးေတာ္ပုံ ႀကီးေအာင္ျမင္ဖို႔ အတြက္ တစ္ေထာင့္တစ္ ေနရာကေန ပူးေပါင္းပါဝင္ ေနၾကသူ အားလုံး ေဘးအႏၲရာယ္ ကင္းေဝးၾက ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ ေပးလိုက္ ရပါတယ္။

Crd-Taingkyaw’s Facebook Page