မတရားမှု့ကို ဆန့်ကျင်ကြတဲ့ နေရာမှာ ပြည်သူတစ်ရပ်လုံးဟာ နိုင်ရာ တာဝန်ထမ်းရင်း ကြိုးစားပေးနေ ကြပါတယ်။ လူငယ်တော်တော် များများဟာလည်း တောခိုပြီး လက်နှက်ကိုင်ကာ စစ်ပညာတွေကို သင်ယူပြီး မတရားမှုကို တိုက်ထုတ်ဖို့ ကြိုးစားနေခဲ့ကြသလို တတ်နိုင်သူတွေ ကလည်း ကြိုးစားနေသူတွေအတွက် ငွေကြေး ထောက်ပံ့ လှူဒါန်းမှုတွေ လုပ်ပေးခဲ့ကြပါတယ်။ဒီနေ့မှာလည်း လွတ်မြောက်နယ်မြေ တစ်ခုကိုရောက်ရှိနေတဲ့ နိုဗန်ထူးဟာ ယခင်ကတည်းက ကြိုးစားခဲ့တဲ့ ကိစ္စတစ်ခု အကောင် အထည်ပေါ်လာခဲ့ပြီး ဘဝတူ ရဲဘော်တွေကို ထောက်ပံ့ပေး နိုင်ခဲ့လို့ ပျော်ရတဲ့ အကြောင်းကို လူမှုကွန်ရက်မှာ ပြောပြလာခဲ့ပါတယ်။အခုလိုကာလမှာ ဘယ်ကိစ္စမဆိုလျို့ဝှက်ပြီးလုပ်ရတာမို့ အဆင်မပြေမချင်း ဘယ်သူ့ကိုမှ အသိမပေးဘဲ အောင်မြင်သွားပြီဆိုမှ အသိပေးစကားပြောလာခဲ့တာပါ။ ပျော်စရာအကြောင်း လေးကို ” နာကျင်စရာတွေ ကြားက ကျေနပ်စရာတချို့လည်းဖြစ်ခဲ့တယ်။

ကိုဝင်းကျော်နဲ့ တိုင်ပင်ပြီး ကျနော်တို့ ရဲဘော်တွေအတွက် လိုအပ်တာတွေ တက်နိုင်သမျှ ရှာဖွေပေးသွားမယ် ဆိုပြီး အရင်ကတည်းကကြံစည်ခဲ့တာ အခုတော့ ဖြစ်လာခဲ့ပြီ။ ဒီကြားထဲ ကိုရေမွန် ရုတ်တရက် ထွက်ခွာသွားတော့ ကျနော်တို့ စိတ်တွေ တိမ်းတိမ်း ပွေပွေ ဖြစ်ခဲ့ရတယ်။ ဖြစ်တယ် ဆိုပြီးတော့ လည်း တော်လှန်ရေးကို စိတ်လျော့သွားရမှာမဟုတ်ဘူး။ ပိုပြီးနာကြည်းတယ်။အမုန်းတရားနဲ့ မိတ်ဖွဲ့ထားပြီး ပြန်လည် ပေးဆပ်ဖို့ ရှေ့ဆက်လျှောက်ဖို့ပဲ ရှိတယ်။ကိုရေမွန်လည်း စောင့်ကြည့်နေမယ်လို့ ယုံကြည်တယ်။ အခုလည်း အာလုံးစုပေါင်းထည့်ဝင်ထားတဲ့ အထဲက ဘတ်နှစ်သိန်းလည်း ကျွန်တော်တို့ ရဲဘော်တွေဆီ ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့ပါပြီ။ သေချာတာတစ်ခုက ပန်းနဲ့ပေါက်တဲ့ ပွဲမဟုတ်တော့ ပေးဆပ်မူကတော့ ကြီးမှာပါပဲ။ ဘယ်အကြောင်း ကြောင်းနဲ့မှ သွေးမအေးစေရ။ ✊✊✊✊✊ ” ဆိုပြီး နိုဗန်ထူးက အားလုံးကိုအသိပေးလာခဲ့ပါတယ်။

ဒုက္ခခံပြီး တောထဲမှာ စစ်ရေး လေ့ကျင့်သင်ကြားနေတဲ့ လူငယ်တွေဟာ မလုံမခြုံ နဲ့ ချို့ချို့ တဲ့တဲ့နေရတာ များပါတယ်။ တိုက်ပွဲဝင်တယ်ဆိုတာ အားအင်တွေပြည့်ဖြိုးနေမှ အဆင် ပြေတာမို့ ဒီလိုနေရာတွေကို များများ လှူပေးကြဖို့ ထားထက်ထက် ကိုယ်တိုင်ကလည်း တိုက်တွန်းခဲ့ ပါသေးတယ်။ တောထဲမှာ ငှက်ဖျားကြောင့်အသက်ဆုံးရှုံးခဲ့ရတာတွေနဲ့ ကုသပေးမယ့်ဆရာဝန် မရှိတာကြောင့် မဆုံးရှုံးသင့်တဲ့ အသက်တွေ ဆုံးရှုံးရတာတွေဟာလည်း ရင်နာစရာပါ။ဒီလိုအဖြစ်တွေကနေ ကင်းဝေးအောင် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ခွန်အားပြည့်မယ့် အစာအာဟာရတွေ များများ စားစား ရှိဖို့လိုအပ်ပါတယ်။ အခုလိုအလှူငွေတွေ အများကြီးရရှိခဲ့တဲ့အပေါ်မှာလည်း အကျိုးရှိမယ့်အရာတွေကို လုပ်ဆောင်သွားမှာမို့ ကြိုးစားနေတဲ့ ရဲဘော်တွေအတွက်တော့ တကယ်ကို ခွန်အားဖြစ်စရာပါပဲ။

crd-original

ZAWGYI

မတရားမႈ႔ကို ဆန႔္က်င္ၾကတဲ့ ေနရာမွာ ျပည္သူတစ္ရပ္လုံးဟာ နိုင္ရာ တာဝန္ထမ္းရင္း ႀကိဳးစားေပးေန ၾကပါတယ္။ လူငယ္ေတာ္ေတာ္ မ်ားမ်ားဟာလည္း ေတာခိုၿပီး လက္ႏွက္ကိုင္ကာ စစ္ပညာေတြကို သင္ယူၿပီး မတရားမႈကို တိုက္ထုတ္ဖို႔ ႀကိဳးစားေနခဲ့ၾကသလို တတ္နိုင္သူေတြ ကလည္း ႀကိဳးစားေနသူေတြအတြက္ ေငြေၾကး ေထာက္ပံ့ လႉဒါန္းမႈေတြ လုပ္ေပးခဲ့ၾကပါတယ္။ဒီေန႔မွာလည္း လြတ္ေျမာက္နယ္ေၿမ တစ္ခုကိုေရာက္ရွိေနတဲ့ နိုဗန္ထူးဟာ ယခင္ကတည္းက ႀကိဳးစားခဲ့တဲ့ ကိစၥတစ္ခု အေကာင္ အထည္ေပၚလာခဲ့ၿပီး ဘဝတူ ရဲေဘာ္ေတြကို ေထာက္ပံ့ေပး နိုင္ခဲ့လို႔ ေပ်ာ္ရတဲ့ အေၾကာင္းကို လူမႈကြန္ရက္မွာ ေျပာျပလာခဲ့ပါတယ္။အခုလိုကာလမွာ ဘယ္ကိစၥမဆိုလ်ိဳ႕ဝွက္ၿပီးလုပ္ရတာမို႔ အဆင္မေျပမခ်င္း ဘယ္သူ႔ကိုမွ အသိမေပးဘဲ ေအာင္ျမင္သြားၿပီဆိုမွ အသိေပးစကားေျပာလာခဲ့တာပါ။ ေပ်ာ္စရာအေၾကာင္း ေလးကို ” နာက်င္စရာေတြ ၾကားက ေက်နပ္စရာတခ်ိဳ႕လည္းျဖစ္ခဲ့တယ္။

ကိုဝင္းေက်ာ္နဲ႔ တိုင္ပင္ၿပီး က်ေနာ္တို႔ ရဲေဘာ္ေတြအတြက္ လိုအပ္တာေတြ တက္နိုင္သမၽွ ရွာေဖြေပးသြားမယ္ ဆိုၿပီး အရင္ကတည္းကႀကံစည္ခဲ့တာ အခုေတာ့ ျဖစ္လာခဲ့ၿပီ။ ဒီၾကားထဲ ကိုေရမြန္ ႐ုတ္တရက္ ထြက္ခြာသြားေတာ့ က်ေနာ္တို႔ စိတ္ေတြ တိမ္းတိမ္း ေပြေပြ ျဖစ္ခဲ့ရတယ္။ ျဖစ္တယ္ ဆိုၿပီးေတာ့ လည္း ေတာ္လွန္ေရးကို စိတ္ေလ်ာ့သြားရမွာမဟုတ္ဘူး။ ပိုၿပီးနာၾကည္းတယ္။အမုန္းတရားနဲ႔ မိတ္ဖြဲ႕ထားၿပီး ျပန္လည္ ေပးဆပ္ဖို႔ ေရွ႕ဆက္ေလၽွာက္ဖို႔ပဲ ရွိတယ္။ကိုေရမြန္လည္း ေစာင့္ၾကည့္ေနမယ္လို႔ ယုံၾကည္တယ္။ အခုလည္း အာလုံးစုေပါင္းထည့္ဝင္ထားတဲ့ အထဲက ဘတ္ႏွစ္သိန္းလည္း ကၽြန္ေတာ္တို႔ ရဲေဘာ္ေတြဆီ ေခ်ာေခ်ာေမြ႕ေမြ႕ ေရာက္ရွိလာခဲ့ပါၿပီ။ ေသခ်ာတာတစ္ခုက ပန္းနဲ႔ေပါက္တဲ့ ပြဲမဟုတ္ေတာ့ ေပးဆပ္မူကေတာ့ ႀကီးမွာပါပဲ။ ဘယ္အေၾကာင္း ေၾကာင္းနဲ႔မွ ေသြးမေအးေစရ။ ✊✊✊✊✊ ” ဆိုၿပီး နိုဗန္ထူးက အားလုံးကိုအသိေပးလာခဲ့ပါတယ္။

ဒုကၡခံၿပီး ေတာထဲမွာ စစ္ေရး ေလ့က်င့္သင္ၾကားေနတဲ့ လူငယ္ေတြဟာ မလုံမျခဳံ နဲ႔ ခ်ိဳ႕ခ်ိဳ႕ တဲ့တဲ့ေနရတာ မ်ားပါတယ္။ တိုက္ပြဲဝင္တယ္ဆိုတာ အားအင္ေတြျပည့္ၿဖိဳးေနမွ အဆင္ ေျပတာမို႔ ဒီလိုေနရာေတြကို မ်ားမ်ား လႉေပးၾကဖို႔ ထားထက္ထက္ ကိုယ္တိုင္ကလည္း တိုက္တြန္းခဲ့ ပါေသးတယ္။ ေတာထဲမွာ ငွက္ဖ်ားေၾကာင့္အသက္ဆုံးရႈံးခဲ့ရတာေတြနဲ႔ ကုသေပးမယ့္ဆရာဝန္ မရွိတာေၾကာင့္ မဆုံးရႈံးသင့္တဲ့ အသက္ေတြ ဆုံးရႈံးရတာေတြဟာလည္း ရင္နာစရာပါ။ဒီလိုအျဖစ္ေတြကေန ကင္းေဝးေအာင္ က်န္းမာေရးေစာင့္ေရွာက္မႈေတြနဲ႔ ခြန္အားျပည့္မယ့္ အစာအာဟာရေတြ မ်ားမ်ား စားစား ရွိဖို႔လိုအပ္ပါတယ္။ အခုလိုအလႉေငြေတြ အမ်ားႀကီးရရွိခဲ့တဲ့အေပၚမွာလည္း အက်ိဳးရွိမယ့္အရာေတြကို လုပ္ေဆာင္သြားမွာမို႔ ႀကိဳးစားေနတဲ့ ရဲေဘာ္ေတြအတြက္ေတာ့ တကယ္ကို ခြန္အားျဖစ္စရာပါပဲ။

crd-original