ပရိသတ်ကြီး ရေ ထပ်ဆင့် အကယ်ဒမီ နန္ဒာလှိုင် ရဲ့ မောင်ဖြစ်သူ သရုပ်ဆောင် မောင် ဟာဆိုရင် အနုပညာ လောကမှာ အောင်မြင်မှု တစ်ခုကို ရရှိခဲ့ သူ တစ်ယောက်ဖြစ် ပါတယ်နော်။ သရုပ်ဆောင် ရီရီပွင့်ဖြူ နဲ့လေး ရွှေ လက်တွဲ ကာ အချစ်ကမ႓ာလေး တစ်ခုကို တည်ဆောက် ထားပါတယ်။ စိန်ဖြိုးလှိုင်(မောင်) ကတော့ ဆရာဝန် တစ်ယောက် ဖြစ်ပြီး ကိုဗစ် ကာလတုန်းက လည်း ပြည်သူတွေ ရဲ့ ကျန်းမာရေးအတွက် အားကြိုးမာန် တက်ပါဝင် ကူညီခဲ့သူ ဖြစ်ပါတယ်။

ယခုဆိုရင်တော့ စိန်ဖြိုးလှိုင် ဟာ လက်ရှိ အခြေအနေ တွေကြောင့် လပေါင်း များစွာ တစ်နှစ် လောက် အပင်ပန်းခံ ကြိုးစားခဲ့တဲ့ သူ့ရဲ့အိပ်မက် တွေကို စွန့်လွှတ်လိုက်တဲ့ အကြောင်းကို ပရိသတ်ကြီးကို ပြောပြလာ ပါတယ်နော်။အခုလို အချိန်မှာ ကျောင်းတက် ပြီး ဘွဲ့ယူမယ့် အစား ပြည်သူတွေ နဲ့ အတူ ရပ်တည်ပြီး သူ့ရဲ့စိတ်ကူး အိပ်မက်တွေ ကို စွန့်လွှတ် ကာ ကျောင်းနားလိုက်တဲ့ အကြောင်း ပြောပြ ထားတာ ပါနော်။

စိန်ဖြိုးလှိုင်က“ကျွန်တော့်ရဲ့ Master ဘွဲ့အိမ်မက် ကို စွန့်လွှတ်ခြင်း ကျွန်တော် Covid မဖြစ်ခင် ၁ နှစ်လောက် ကတည်းက ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာ တန်း ( EMPA ) သင်တန်းကို စတက်ခဲ့တာပါ။ ရေးဖြေ, လူတွေ့ တွေဖြတ် ကျော်ပြီးမှာ ဝင်ခွင့် ရခဲ့လို့ အလွယ်တကူ တက်ခွင့်ရခဲ့တာတော့မဟုတ်ပါဘူး။ တက်ခွင့် ရတော့လဲ ညနေတိုင်း တစ်ပတ် ၅ ရက်နဲ့ စနေနေ့ နေ့တစ်ဝက် ကိုအလုပ်ဆင်းပြီး အိမ်မပြန်ပဲ တက်ခဲ့တာပါ။ ကြားထဲမှာလဲ ဘာသာရပ်တွေကို စိတ်ဝင်စားလို့ စာမေးပွဲပေါင်းများစွာကို Grade ကောင်းအောင်ကြိုးစား ဖြေခဲ့ပါတယ်။

အခု Covid ကတည်း က ပိတ်ထားတဲ့ ကျောင်းကို ပြန်ဖွင့်ဖို့ အမိန့်စာ ထွက် လာတော့ ကျွန်တော် ဆုံးဖြတ်ရ တော့မဲ့ အချိန်ရောက် လာပါတယ်။ ဒီလို အခြေအနေတွေမှာ ၆လပဲကျန်တော့တဲ့ ကျောင်းကိုကြိတ်မှိတ်ပြန်တက်ပြီး ဘွဲ့ရအောင်ယူမလား, ကိုယ်လိုချင်လွန်းလို့ တစ်နှစ်လောက် ညနေတိုင်း အပင်ပန်းခံခဲ့ တာတွေကို လွှတ်ပစ်ပြီး ကျောင်းနားမလား ဆိုတာပါ။ Master ယူဖို့ ဆိုတာ ကျွန်တော့ အိမ်မက်တွေ ထဲက တစ်ခုပါ။ အခုလို တိုင်းပြည်ဒုက္ခ ရောက်နေတဲ့အချိန်မှာ ဘာမှမဖြစ်သလိုကျောင်းဆက်တက်ပြီး ဘွဲ့ရလာ တော့လဲ တိုင်းပြည်အတွက် သုံးပေးလို့ မရတော့မဲ့ အတူတူ ဆက်မတက် တော့ဘူးလို့ပဲ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်လိုက်ပါတယ်။..”ဆိုပြီးသူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားတာကို တွေ့ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူး ပဲ ကျေးဇူးတင်ရှိပါတယ်။

Source:Sein Phyo Hlaing’s fb
TWWH(Pay Phu Hlwar)

ZAWGYI