မိန္းကေလး ပရိသတ္ေတြ ရဲ့ အားေပးမႈ ကို အခိုင္အမာ ရရွိထားတဲ့ မင္းသား ေခ်ာ တိုင္ရြန္ ကေတာ့ အႏုပညာ ေလာကမွာ ေအာင္ျမင္မႈ ရရွိ ထားၿပီးသား လူငယ္တစ္ေယာက္ျဖစ္ပါတယ္။ တိုင္ရြန္ ကေတာ့ လူငယ္ တစ္ေယာက္ပီပီ လက္ရွိမွာေတာ့ သူ႔ရဲ့ အသက္ ေမြးဝမ္းေၾကာင္း အလုပ္ျဖစ္တဲ့ အႏုပညာ အလုပ္ေတြ အားလုံးကို ရပ္နားထားၿပီး ျမန္မာ့ ဒီမိုကေရစီ လြတ္လပ္ေရး အတြက္ ျပည္သူလူထု နဲ႔ အတူတူ တစ္သားတည္း ဆႏၵ ထုတ္ေဖာ္ ေနတာပဲ ျဖစ္ပါတယ္။ တိုင္ရြန္ကေတာ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပေန ၾကတဲ့ ညီအစ္ကို ေမာင္ႏွမေတြ အတြက္ ျဖစ္နိုင္ သမၽွ အႏၲရာယ္ ေတြကို ကာကြယ္ဖို႔ ေရွ႕တန္း ကေန ဦးေဆာင္ခ်ီတက္ေနပုံကို အခုလိုပဲ ေျပာျပလာပါတယ္။

“ကၽြန္ေတာ္တို႔ ဒိုင္းေတြ ဟာ အနည္းဆုံး ေတာ့ ေရ နဲ႔ ထိုးတာ ရာဘာ က်ည္ေလာက္ေတာ့ ကာကြယ္ ေပးနိုင္ တာမို႔ ကၽြန္ေတာ္တို႔ တကယ္ျဖစ္လာ ခ်ိန္ ရသေလာက္ ကာကြယ္ ေပးပါမယ္။ လူထုကို ထိန္းပါ မယ္ လူစုခြဲဖို႔ လြတ္ရာကို ေျပးဖို႔ ေအာ္ေျပာ ေပးပါမယ္။ အထိနာ သက္သာေအာင္ ေရွ႕ကေန ရသေလာက္ ကာကြယ္ေပးပါမယ္။ ေနာက္ထပ္ ဒိုင္းေတြ ထပ္လိုအပ္ ပါေသးတယ္။ လာေရာက္ လႉဒါန္းေပးလို႔ ရပါတယ္။ ေနာက္ၿပီး တူတူပါဝင္ ေပးနိုင္မယ့္ စိတ္ဓာတ္မာၿပီး သတၱိရွိတဲ့ ညီအကို အမာခံ လူေတြ လိုအပ္ပါတယ္။ မွတ္ခ်က္ … ခုခံဖို႔ မဟုတ္ပါ ကာကြယ္ဖို႔ အဓိကပါ။ “ဆိုၿပီး ေျပာျပလာပါတယ္။

တိုင္ရြန္ ကေတာ့ ဆႏၵ ျပေနၾကတဲ့ ညီအစ္ကို ေမာင္ႏွမေတြ အတြက္ ျဖစ္လာနိုင္တဲ့ အႏၲရာယ္ေတြကို ကာကြယ္ေပးနိုင္ဖို႔ အတြက္ ဒိုင္းေတြ နဲ႔ ေရွ႕တန္းကေန မားမား မတ္မတ္ ဦးေဆာင္ ခ်ီတက္ ေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈ ေပးၾကတဲ့ ပရိသတ္ ႀကီးအားလုံး သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: Tyron Bejay’s fb
Credit:Cele Connections

UNICODE

မိန်းကလေး ပရိသတ်တွေ ရဲ့ အားပေးမှု ကို အခိုင်အမာ ရရှိထားတဲ့ မင်းသား ချော တိုင်ရွန် ကတော့ အနုပညာ လောကမှာ အောင်မြင်မှု ရရှိ ထားပြီးသား လူငယ်တစ်ယောက်ဖြစ်ပါတယ်။ တိုင်ရွန် ကတော့ လူငယ် တစ်ယောက်ပီပီ လက်ရှိမှာတော့ သူ့ရဲ့ အသက် မွေးဝမ်းကြောင်း အလုပ်ဖြစ်တဲ့ အနုပညာ အလုပ်တွေ အားလုံးကို ရပ်နားထားပြီး မြန်မာ့ ဒီမိုကရေစီ လွတ်လပ်ရေး အတွက် ပြည်သူလူထု နဲ့ အတူတူ တစ်သားတည်း ဆန္ဒ ထုတ်ဖော် နေတာပဲ ဖြစ်ပါတယ်။ တိုင်ရွန်ကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေ ကြတဲ့ ညီအစ်ကို မောင်နှမတွေ အတွက် ဖြစ်နိုင် သမျှ အန္တရာယ် တွေကို ကာကွယ်ဖို့ ရှေ့တန်း ကနေ ဦးဆောင်ချီတက်နေပုံကို အခုလိုပဲ ပြောပြလာပါတယ်။

“ကျွန်တော်တို့ ဒိုင်းတွေ ဟာ အနည်းဆုံး တော့ ရေ နဲ့ ထိုးတာ ရာဘာ ကျည်လောက်တော့ ကာကွယ် ပေးနိုင် တာမို့ ကျွန်တော်တို့ တကယ်ဖြစ်လာ ချိန် ရသလောက် ကာကွယ် ပေးပါမယ်။ လူထုကို ထိန်းပါ မယ် လူစုခွဲဖို့ လွတ်ရာကို ပြေးဖို့ အော်ပြော ပေးပါမယ်။ အထိနာ သက်သာအောင် ရှေ့ကနေ ရသလောက် ကာကွယ်ပေးပါမယ်။ နောက်ထပ် ဒိုင်းတွေ ထပ်လိုအပ် ပါသေးတယ်။ လာရောက် လှူဒါန်းပေးလို့ ရပါတယ်။ နောက်ပြီး တူတူပါဝင် ပေးနိုင်မယ့် စိတ်ဓာတ်မာပြီး သတ္တိရှိတဲ့ ညီအကို အမာခံ လူတွေ လိုအပ်ပါတယ်။ မှတ်ချက် … ခုခံဖို့ မဟုတ်ပါ ကာကွယ်ဖို့ အဓိကပါ။ “ဆိုပြီး ပြောပြလာပါတယ်။

တိုင်ရွန် ကတော့ ဆန္ဒ ပြနေကြတဲ့ ညီအစ်ကို မောင်နှမတွေ အတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်ပေးနိုင်ဖို့ အတွက် ဒိုင်းတွေ နဲ့ ရှေ့တန်းကနေ မားမား မတ်မတ် ဦးဆောင် ချီတက် နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှု ပေးကြတဲ့ ပရိသတ် ကြီးအားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Tyron Bejay’s fb
Credit:Cele Connections