သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ မေန႔ည က ပုဒ္မ ၅၀၅(က) ျဖင့္ အမႈဖြင့္အေရးယူခံခဲ့ရတာပဲ ျဖစ္ၿပီး ဒီမနက္အေစာပိုင္းမွာဘဲ သူ႔ရဲ့ေနအိမ္တြင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ သူဟာ က်န္းမာေရး ေတာ္ေတာ္ ေလးကို ခ်ဴခ်ာေနတာေၾကာင့္ ေနအိမ္သို႔ ေခတၱျပန္ေနတဲ့ အခ်ိန္မွာ အခုလိုျဖစ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ သူ႔ကိုခ်စ္တဲ့ ပရိသတ္မ်ားနဲ႔ အႏုပညာရွင္ ညီအစ္ကို ေမာင္ႏွမမ်ားက ပိုင္တံခြန္ရဲ့ က်န္းမာေရးအတြက္ စိုးရိမ္ေနၾကတာပါ။

ပိုင္တံခြန္ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတဲ့ သတင္းဟာ ျပည္တြင္းတြင္သာမကဘဲ ထိုင္နိုင္ငံက ႐ုပ္သံဌာနမ်ားတြင္ ေဖာ္ျပရ တဲ့အထိပါ အေတာ္ေလးလႈပ္ခတ္သြားခဲ့ပါတယ္။ ျပည္တြင္းျပည္ပမွာရွိတဲ့ ပိုင္တံခြန္ရဲ့ ပရိသတ္မ်ားကလည္း အျမန္ဆုံး လြတ္ေျမာက္ရန္အတြက္ Twitter လူမႈကြန္ယက္တြင္ tweet ေပးေနၾကတာလည္း ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္း ေလာက္ကလည္း သ႐ုပ္ေဆာင္ တိုင္ရြန္ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ျပည္သူေတြ ပို႔သတဲ့ ေမတၱာေတြနဲ႔ အျမန္ဆုံးလြတ္ေျမာက္ပါေစလို႔ သူငယ္ခ်င္း ပိုင္တံခြန္အတြက္ ဆုေတာင္း ေပးေနတဲ့ စာေလးေရးသား ထားတာပဲ ျဖစ္ပါတယ္။ ” သူငယ္ခ်င္းေရ မင္းအဆင္မေၿပ မွန္းသိိေပမယ့္ အဆင္ေျပပါေစဆုေတာင္းေပး႐ုံကလြဲလို႔ ဘာမွမတတ္ နိုင္ခဲ့ဘူးကြာ သူေတာ္ေကာင္းနတ္ေကာင္းမပါေစကြာ 🙏 ျပည္သူေတြပို႔သတဲ့ေမတၱာနဲ႔ မင္းအျမန္ဆုံးလြတ္ေျမာက္ပါေစ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြ အတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Paing Takhon’s Facebook Page and Tyron Bejay’s Facebook Account

unicode

သရုပ်ဆောင် ပိုင်တံခွန်ကတော့ မနေ့ည က ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူခံခဲ့ရတာပဲ ဖြစ်ပြီး ဒီမနက်အစောပိုင်းမှာဘဲ သူ့ရဲ့နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ သူဟာ ကျန်းမာရေး တော်တော် လေးကို ချူချာနေတာကြောင့် နေအိမ်သို့ ခေတ္တပြန်နေတဲ့ အချိန်မှာ အခုလိုဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်များနဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမများက ပိုင်တံခွန်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြတာပါ။

ပိုင်တံခွန် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သတင်းဟာ ပြည်တွင်းတွင်သာမကဘဲ ထိုင်နိုင်ငံက ရုပ်သံဌာနများတွင် ဖော်ပြရ တဲ့အထိပါ အတော်လေးလှုပ်ခတ်သွားခဲ့ပါတယ်။ ပြည်တွင်းပြည်ပမှာရှိတဲ့ ပိုင်တံခွန်ရဲ့ ပရိသတ်များကလည်း အမြန်ဆုံး လွတ်မြောက်ရန်အတွက် Twitter လူမှုကွန်ယက်တွင် tweet ပေးနေကြတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်း လောက်ကလည်း သရုပ်ဆောင် တိုင်ရွန်ရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ပြည်သူတွေ ပို့သတဲ့ မေတ္တာတွေနဲ့ အမြန်ဆုံးလွတ်မြောက်ပါစေလို့ သူငယ်ချင်း ပိုင်တံခွန်အတွက် ဆုတောင်း ပေးနေတဲ့ စာလေးရေးသား ထားတာပဲ ဖြစ်ပါတယ်။ ” သူငယ်ချင်းရေ မင်းအဆင်မပြေ မှန်းသိိပေမယ့် အဆင်ပြေပါစေဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ် နိုင်ခဲ့ဘူးကွာ သူတော်ကောင်းနတ်ကောင်းမပါစေကွာ 🙏 ပြည်သူတွေပို့သတဲ့မေတ္တာနဲ့ မင်းအမြန်ဆုံးလွတ်မြောက်ပါစေ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင် ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Paing Takhon’s Facebook Page and Tyron Bejay’s Facebook Account