ပရိသတ်ကြီးရေ နိုင်ငံကျော် မင်းသားကြီး ဒွေး ဟာဆိုရင် ပြည်သူ ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှု ကို များစွာ ရရှိ ပိုင်ဆိုင်ထား တဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်လက်ဖြစ်ခဲ့ ပါတယ်နော်။ယခု ဆိုရင်တော့ ပရိသတ်တွေ နဲ့ သူချစ်တဲ့ သူတွေ အားလုံးကို ခွဲခွာ သွားခဲ့တာ ဆယ်စုနှစ် တိုင်ခဲ့ပါပြီ။သူ့ကို ချစ်ကြ တဲ့ မိတ်ဆွေမောင်နှမ များကတော့ ဒွေးရဲ့ အမှတ်တရ နေ့ ရက်တိုင်းမှာ ကုသိုလ် ကောင်းမှု တွေ အမြဲ ပြုလုပ်ပေးခဲ့ ကြတာ ဖြစ်ပါတယ်။

ဒွေး ရဲ့ မွေးနေ့ နဲ့ အမှတ်တရ နေ့ရက်တိုင်းကို မမေ့မလျော့ပဲ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးနေ တဲ့ အထဲမှာ ဇွဲနိုင်ဝင်း တစ်ယောက်လည်း ပါဝင် ပါတယ်နော်။ ဇွဲနိုင်ဝင်း ဟာ ဒွေး ရဲ့ ညီအရင်းလို ချစ်ခင်ရတဲ့ သူ တစ်ယောက် ဖြစ်ပါတယ်နော်။ဒွေး နဲ့ ပတ်သက်တဲ့ အမှတ်တရ အကြောင်းအရာ လေးတွေ ကိုလည်း ဇွဲနိုင်ဝင်းရဲ့ လူမှု ကွန်ယက်တွင် အမြဲ ရေးသားဝေ မျှပေးနေတာ ဖြစ်ပါတယ်။

ဒီကနေ့ဟာ ဆိုရင် မင်းသားကြီးဒွေး ရဲ့ အသက်(၅၅)နှစ် ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်နော်။ဇွဲနိုင်ဝင်းက ဒွေးရဲ့မွေးနေ့ အား ရည်စူးပြီး ဘုရားတွင် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးခဲ့တာကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်ပြထားတာကို တွေ့ရပါတယ်။ဇွဲနိုင်ဝင်း က”ဒီနေ့ ကျွန်တော့် ကျေးဇူးရှင် ဆရာသမား ကိုသားကြီး (ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒွေး) ရဲ့ (၅၅)နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။HAPPY BIRTHDAY ပါအစ်ကို 🙏 🙏🙏🙏🙏အစ်ကို့ အတွက် ရည်စူးပြီး ကျွန်တော် ဒီမနက် ရွှေတိဂုံ စေတီတော် စနေထောင့်မှာ ရှိခိုးပြီး အောင်မြေမှာ မေတ္တာ သုတ်တော်နှင့် ( ၂၄ )ပစ္စည်း ပဋ္ဌာန်း ဒေသနာတော် အကျယ်ကို ရွတ်ဖတ် ပူဇော်ကန်တော့ပြီး ကုသိုလ်ပြုခဲ့ပါတယ်ခင်ဗျာ ။အစ်ကို သာဓု ခေါ်နိုင်ပါစေ 🙏🙏🙏🙏🙏

ချောင်းဝ ဘုန်းဘုန်းကျောင်း ကို သွားပြီး အစ်ကို့ကို သန့်ရှင်းရေး လုပ်ပေးပြီး ကန်တော့ဖို့ အတွက် ဖုန်းဆက်တော့ ဘုန်းဘုန်းကြီး ကျောင်းက ဝင်လို့ မရသေးလို့ပါတဲ့။အဲ့ဒါနဲ့ ဘုရားမှာ ဘဲ အစ်ကို့ အတွက် ကုသိုလ် ပြုခဲ့ပါတယ်။အစ်ကို ရှိနေတယ့်နေရာ ကနေ သာဓု ခေါ်နိုင်ပါစေ သာဓု ခေါ်ပေး အစ်ကိုရယ် နော် သာဓု သာဓု သာဓု 🙏🙏🙏🙏🙏ကိုသားကြီးနှင့်မွေးနေ့ တစ်ရက် တည်းဖြစ်တဲ့ ကိုလူမင်း ကျန်းမာ ချမ်းသာပြီး အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ “ဆိုပြီးရေးသား တင်ပြထားတာ ကို တွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်။

Source:Zwe Naing Win’s fb
TWWH(Cele Post)

ZAWGYI

ပရိသတ္ႀကီးေရ နိုင္ငံေက်ာ္ မင္းသားႀကီး ေဒြး ဟာဆိုရင္ ျပည္သူ ပရိသတ္ေတြ ရဲ့ ခ်စ္ခင္ အားေပးမႈ ကို မ်ားစြာ ရရွိ ပိုင္ဆိုင္ထား တဲ့ ဒိတ္ဒိတ္ၾကဲ မင္းသားတစ္လက္ျဖစ္ခဲ့ ပါတယ္ေနာ္။ယခု ဆိုရင္ေတာ့ ပရိသတ္ေတြ နဲ႔ သူခ်စ္တဲ့ သူေတြ အားလုံးကို ခြဲခြာ သြားခဲ့တာ ဆယ္စုႏွစ္ တိုင္ခဲ့ပါၿပီ။သူ႔ကို ခ်စ္ၾက တဲ့ မိတ္ေဆြေမာင္ႏွမ မ်ားကေတာ့ ေဒြးရဲ့ အမွတ္တရ ေန႔ ရက္တိုင္းမွာ ကုသိုလ္ ေကာင္းမႈ ေတြ အျမဲ ျပဳလုပ္ေပးခဲ့ ၾကတာ ျဖစ္ပါတယ္။

ေဒြး ရဲ့ ေမြးေန႔ နဲ႔ အမွတ္တရ ေန႔ရက္တိုင္းကို မေမ့မေလ်ာ့ပဲ ေကာင္းမႈကုသိုလ္ေတြ ျပဳလုပ္ေပးေန တဲ့ အထဲမွာ ဇြဲနိုင္ဝင္း တစ္ေယာက္လည္း ပါဝင္ ပါတယ္ေနာ္။ ဇြဲနိုင္ဝင္း ဟာ ေဒြး ရဲ့ ညီအရင္းလို ခ်စ္ခင္ရတဲ့ သူ တစ္ေယာက္ ျဖစ္ပါတယ္ေနာ္။ေဒြး နဲ႔ ပတ္သက္တဲ့ အမွတ္တရ အေၾကာင္းအရာ ေလးေတြ ကိုလည္း ဇြဲနိုင္ဝင္းရဲ့ လူမႈ ကြန္ယက္တြင္ အျမဲ ေရးသားေဝ မၽွေပးေနတာ ျဖစ္ပါတယ္။

ဒီကေန႔ဟာ ဆိုရင္ မင္းသားႀကီးေဒြး ရဲ့ အသက္(၅၅)ႏွစ္ ျပည့္ေမြးေန႔ပဲ ျဖစ္ပါတယ္ေနာ္။ဇြဲနိုင္ဝင္းက ေဒြးရဲ့ေမြးေန႔ အား ရည္စူးၿပီး ဘုရားတြင္ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ေပးခဲ့တာကို သူ႔ရဲ့လူမႈကြန္ယက္ စာမ်က္ႏွာမွာ တင္ျပထားတာကို ေတြ႕ရပါတယ္။ဇြဲနိုင္ဝင္း က”ဒီေန႔ ကၽြန္ေတာ့္ ေက်းဇူးရွင္ ဆရာသမား ကိုသားႀကီး (႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီေဒြး) ရဲ့ (၅၅)ႏွစ္ျပည့္ ေမြးေန႔ ျဖစ္ပါတယ္။HAPPY BIRTHDAY ပါအစ္ကို 🙏 🙏🙏🙏🙏အစ္ကို႔ အတြက္ ရည္စူးၿပီး ကၽြန္ေတာ္ ဒီမနက္ ေရႊတိဂုံ ေစတီေတာ္ စေနေထာင့္မွာ ရွိခိုးၿပီး ေအာင္ေျမမွာ ေမတၱာ သုတ္ေတာ္ႏွင့္ ( ၂၄ )ပစၥည္း ပ႒ာန္း ေဒသနာေတာ္ အက်ယ္ကို ရြတ္ဖတ္ ပူေဇာ္ကန္ေတာ့ၿပီး ကုသိုလ္ျပဳခဲ့ပါတယ္ခင္ဗ်ာ ။အစ္ကို သာဓု ေခၚနိုင္ပါေစ 🙏🙏🙏🙏🙏

ေခ်ာင္းဝ ဘုန္းဘုန္းေက်ာင္း ကို သြားၿပီး အစ္ကို႔ကို သန႔္ရွင္းေရး လုပ္ေပးၿပီး ကန္ေတာ့ဖို႔ အတြက္ ဖုန္းဆက္ေတာ့ ဘုန္းဘုန္းႀကီး ေက်ာင္းက ဝင္လို႔ မရေသးလို႔ပါတဲ့။အဲ့ဒါနဲ႔ ဘုရားမွာ ဘဲ အစ္ကို႔ အတြက္ ကုသိုလ္ ျပဳခဲ့ပါတယ္။အစ္ကို ရွိေနတယ့္ေနရာ ကေန သာဓု ေခၚနိုင္ပါေစ သာဓု ေခၚေပး အစ္ကိုရယ္ ေနာ္ သာဓု သာဓု သာဓု 🙏🙏🙏🙏🙏ကိုသားႀကီးႏွင့္ေမြးေန႔ တစ္ရက္ တည္းျဖစ္တဲ့ ကိုလူမင္း က်န္းမာ ခ်မ္းသာၿပီး အျမန္ဆုံး လြတ္ေျမာက္ပါေစလို႔ ဆုေတာင္းေမတၱာပို႔သပါတယ္ခင္ဗ်ာ “ဆိုၿပီးေရးသား တင္ျပထားတာ ကို ေတြ႕ရပါတယ္။ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ ရွိပါတယ္။

Source:Zwe Naing Win’s fb
TWWH(Cele Post)