ျပည္သူခ်စ္ အနုပညာရွင္မ်ားျဖစ္ၾကတဲ့ ျမင့္ျမတ္နဲ့ K ညီ တို့ကေတာ့ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ အတူတူတြဲဖက္သရုပ္ေဆာင္ရင္း ခင္မင္ရင္းနွီးခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ငယ္သူငယ္ခ်င္းေတြ မဟုတ္ေပမယ့္ အလုပ္ေတြ အတူတူလုပ္ရင္း ရင္းနွီးခဲ့ၾကတဲ့ ျမင့္ျမတ္နဲ့ K ညီ တို့က အခုအခ်ိန္ထိတိုင္ သြားအတူ၊ စားအတူ၊ လာအတူနဲ့ တပူးပူး တတြဲတြဲရိွၾကသူေတြပဲ ျဖစ္ၾကပါတယ္။ ပရိသတ္ေတြကလည္း ျမင့္ျမတ္လို့ ဆိုလုိက္တာနဲ့ K ညီကို တြဲျပီးျမင္ၾကတဲ့အထိေအာင္ လုိက္ဖက္ညီလြန္းတဲ့ မင္းသားနဲ့ ဇာတ္ပို့သရုပ္ေဆာင္ၾကီးကို ခ်စ္ခင္စြာနဲ့ အားေပးေနၾကတာပဲ ျဖစ္ပါတယ္။

မၾကာခဏဆိုသလို အနုပညာလႈပ္ရွားမႈေတြ အတူတူပူးတြဲလုပ္ကိုင္ၾကတဲ့ ျမင့္ျမတ္နဲ့ K ညီတို့က လက္ရိွမွာလည္း ျပင္ဦးလြင္ျမိဳ့မွာ ရုပ္ရွင္ဇာတ္ကားတစ္ခုကို အတူတူ သရုပ္ေဆာင္ေပးေနၾကတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ K ညီက ရိုက္ကြင္းနားတုန္းေလး ပရိသတ္ေတြအတြက္ ဗီဒီယိုေလးရိုက္ကူးခဲ့ရာ ျမင့္ျမတ္သင္ေပးတဲ့ ဒိုင္ယာေလာ့နဲ့ အိုက္တင္အတိုင္း တစ္ေသြမတိမ္းလိုက္လုပ္ျပီး ရင္ထဲမွာ တစ္ေနရာစာေလာက္ ေနရာခ်န္ဖို့ေျပာလာတာကို ေတြ့ရပါတယ္။

ျမင့္ျမတ္နဲ့ K ညီတုိ့ကေတာ့ ပရိသတ္ေတြအတြက္ တစ္မ်ိဳးမဟုတ္ တစ္မ်ိဳး သေဘာက်ရေအာင္ ဖန္တီးတတ္သူေတြပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မင္းသားနွစ္ေယာက္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: K Nyi’s fb

unicode

ပြည်သူချစ် အနုပညာရှင်များဖြစ်ကြတဲ့ မြင့်မြတ်နဲ့ K ညီ တို့ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အတူတူတွဲဖက်သရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ငယ်သူငယ်ချင်းတွေ မဟုတ်ပေမယ့် အလုပ်တွေ အတူတူလုပ်ရင်း ရင်းနှီးခဲ့ကြတဲ့ မြင့်မြတ်နဲ့ K ညီ တို့က အခုအချိန်ထိတိုင် သွားအတူ၊ စားအတူ၊ လာအတူနဲ့ တပူးပူး တတွဲတွဲရှိကြသူတွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်တွေကလည်း မြင့်မြတ်လို့ ဆိုလိုက်တာနဲ့ K ညီကို တွဲပြီးမြင်ကြတဲ့အထိအောင် လိုက်ဖက်ညီလွန်းတဲ့ မင်းသားနဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီးကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။

မကြာခဏဆိုသလို အနုပညာလှုပ်ရှားမှုတွေ အတူတူပူးတွဲလုပ်ကိုင်ကြတဲ့ မြင့်မြတ်နဲ့ K ညီတို့က လက်ရှိမှာလည်း ပြင်ဦးလွင်မြို့မှာ ရုပ်ရှင်ဇာတ်ကားတစ်ခုကို အတူတူ သရုပ်ဆောင်ပေးနေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ K ညီက ရိုက်ကွင်းနားတုန်းလေး ပရိသတ်တွေအတွက် ဗီဒီယိုလေးရိုက်ကူးခဲ့ရာ မြင့်မြတ်သင်ပေးတဲ့ ဒိုင်ယာလော့နဲ့ အိုက်တင်အတိုင်း တစ်သွေမတိမ်းလိုက်လုပ်ပြီး ရင်ထဲမှာ တစ်နေရာစာလောက် နေရာချန်ဖို့ပြောလာတာကို တွေ့ရပါတယ်။

မြင့်မြတ်နဲ့ K ညီတို့ကတော့ ပရိသတ်တွေအတွက် တစ်မျိုးမဟုတ် တစ်မျိုး သဘောကျရအောင် ဖန်တီးတတ်သူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းသားနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: K Nyi’s fb