



Yuan – Cele Zone

Photo – Aye Thaung

unicode

မင်းသမီးချော မအေး​သောင်းကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာတွေ ထဲမှာ တစ်ယောက်အပါ အဝင်ဖြစ်ပြီး ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ ပြည်သူချစ်အနုပညာ ရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်လျက်ရှိနေပြီး ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင် လျက်ရှိနေတဲ့ သူမကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့သူလေးပါ ။

မအေးသောင်းက အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပေမယ့်လည်း အရမ်းနုပျိုပြီး လှချင်တိုင်း လှနေဆဲ ဖြစ်ပါတယ် ။ လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေထိုင်လေ့ရှိတဲ့ မအေးသောင်းက ဆယ်ကျော် သက်အရွယ် လူငယ်လေးတစ်ယောက်လို့တောင် အထင်မှား နိုင်စရာပါ ။ ဒါ့အပြင် မအေးသောင်းက Tik Tok ကစားရတာကို ကြိုက်နှစ်သက်ပြီး သူများ တွေနဲ့မတူတဲ့ပုံစံလေးတွေနဲ့ ဗီဒီယိုလေးတွေကို ဖန်တီးလေ့ရှိတာလည်းတွေ့ရပါတယ် ။

အခုလည်း ရိုက်ကွင်းမှာ မြင့်မြတ် ကိုပေါက် တို့နဲ့အတူဆုံတုန်းလေး ခေတ်စားနေတဲ့ သီချင်းလေးကို အခွီက ကွက်တွေကကာ မျက်နှာပြောင် ထားတဲ့ tik tok ဗီဒီယိုလေးကိုဝေမျှလာတာဖြစ်ပါတယ်။ သုံးယောက် လုံး ကနေတာ အရမ်းရယ်နေရသလို ချစ်စရာကောင်း လွန်းတာကြောင့် အခါခါပြန်ကြည့်တိုင်း မရိုးရအောင်ပါပဲနော် ။ ပရိသတ်ကြီးလည်း သူတို့ သုံးယောက်ရဲ့ ဗီဒီယိုလေးကို ကြည့်ရှု နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

{“uid”:”5C29B075-1566-49A4-8AC4-44499F86CCFE_1610370336292″,”source”:”other”,”origin”:”unknown”}

Yuan – Cele Zone

Photo – Aye Thaung