



unicode

မင်းသမီးချောလေး ယုသန္တာတင် ကတော့ အနုပညာ အလုပ် တွေကို အချိန် အတော်ကြာ လုပ်ကိုင်လျက် ရှိနေခဲ့တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပြီး ယခုအချိန်ထိ အောင်မြင်လျက်ရှိနေတဲ့ သရုပ်ဆောင် တွေထဲမှာ တစ်ယောက်အပါအဝင် ဆိုလည်း မမှားပါဘူးနော်…….။သူမဟာ ဗီဒီယို ဇာတ်ကားများစွာကို ရိုက်ကူးခဲ့သူ တစ်ယောက် ဖြစ်ပြီး ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်တာကြောင့် ပရိသတ် တွေရဲ့ တစ်ခဲနက် အားပေး မှုကို ရရှိထားသူလေး ဖြစ်ပါတယ်။

ပြည်သူချစ် အနုပညာရှင်တစ်ဦး ဖြစ်တဲ့ သူမ ကတော့ လွတ်လွတ်လပ်လပ် ပြောဆို နေထိုင်တတ်တဲ့ အပြင် ဆွဲဆောင်မှုရှိလွန်းတဲ့ အမိုက်စားဘော်ဒီလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။အပြုံးချိုချိုလေး တွေနဲ့ စကားပြော ဆိုတတ်ကာ သူမရဲ့ ချစ်စရာ ပုံရိပ်လေး တွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို အမြဲ မျှဝေလေ့ရှိတာ ပဲဖြစ်ပါတယ်။ယုဟာ ကြော်ငြာ တွေကို လက်ခံရိုက်ကူး နေတာ ဖြစ်ပြီး Live sale တွင်လည်း ပရိသတ် တွေနဲ့ အတူရှိနေတဲ့ သူလေး ဖြစ်ပါတယ်။

ယခုတစ်ခါမှာတော့ ယုလေးက ခရီးသွား ရတာလည်း ဝါသနာပါ သူလေး ဖြစ်တာကြောင့် ခရီးသွား ခဲ့တဲ့ ပုံလေးတွေ တင်ကာ လွမ်းနေတာ ပဲဖြစ်ပါတယ်။သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် “India နိုင်ငံ rajasthan ပြည်နယ်က ပန်းရောင်မြို့တော် Jaipur ရွှေပြည်တော်မျှော်တိုင်းဝေးဖတ်ပီးထဲ က စိတ်ကူးယဉ်ရတဲ့ မြို့”ဆိုပြီး အဆိုပါစာသားလေးနဲ့အတူ လှပတဲ့ ပုံရိပ်လေး တွေကို ဖော်ပြပေး လာတာ ဖြစ်ပါတယ်။ချစ်ပရိသတ် တွေကလည်း ယုလေးကို ချစ်ခင်နှစ်ခြိုက်လိမ့်မှာ အမှန်ပဲမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Yu Thandar Tin FB Account