ပရိသတ်ကြီးရေ Myanmar Idol season 4 Runner-Up ဖြစ်သလို အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အဆိုတော် ဘင်ဂျမင်ဆုမ်းကတော့ ဒုတိယနှစ်အရွယ်သာရှိသေးတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပေမယ့် အရွယ် နဲ့ မလိုက်အောင် အနုပညာ အရည်အချင်း ပြည့်ဝသူ ဖြစ်တဲ့ အတွက် ပရိသတ်အများစုရဲ့ အားပေးဝန်းရံမှု ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပြည်တွင်း ပြည်ပရှိ စစ်ဘေးရှောင်တွေအတွက် အလှူငွေ တွေ တတ်အားသရွေ့ ရှာဖွေလှူဒါန်းခဲ့တဲ့ အနုပညာရှင် တစ်ဦးဖြစ်တဲ့ ဘင်ဂျမင် ကတော့ လက်ရှိရောက်ရှိနေထိုင်တဲ့ မီဇိုရမ်ပြည်နယ် မှာလည်း တေးသံရှင် David Lai ၊ Guys From Chin အဖွဲ့ နဲ့ အတူ မြန်မာစစ်ဘေးရှောင်ပြည်သူတွေအတွက် ငွေကြေးနဲ့ အစားအသောက်တွေ ပေးအပ် လှူဒါန်းခဲ့တဲ့အပြင် တေးသီချင်းတွေ နဲ့ ပါ သီဆိုဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ သွားရောက်ခဲတဲ့ မြန်မာစစ်ဘေးရှောင်စခန်း လေးခုမှာ Dapchhuah , Mamit Distric, Nghhalchawm, Aizawl Distric, Sihhmu, Aizawl Distric, Sairang, Aizawl Distric တို့ဖြစ်ပြီး စုစုပေါင်း စခန်းတွင်းနေထိုင်သူ ဦးရေ ၃၀၀ နီးပါး ခန့်ရှိပါတယ်။ သူတို့က အဆိုပါ စခန်း လေးခု အတွက် ရူပီးငွေ ၁၀၀,၀၀၀ (ကျပ် ၂၃သိန်းကျော်) နဲ့ အခြားလိုက်ပါလာသူတွေက ငပိထောင်း ၊ ငပိရည်ကျို ၊ လက်ဖက်နှပ် ၊ အကြော်စုံ နဲ့ ဘာလချောင်ကျော်တွေအပြင် စခန်းတစ်ခုကို ခြင်းလုံးနှစ်လုံးစီ နဲ့ ပိုက်တစ်ခုစီ ဝေငှပေး ခဲ့ကြပါတယ်။

Credit…MM Load

ZAWGYI

ပရိသတ္ႀကီးေရ Myanmar Idol season 4 Runner-Up ျဖစ္သလို ေအာင္ျမင္တဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္တဲ့ အဆိုေတာ္ ဘင္ဂ်မင္ဆုမ္းကေတာ့ ဒုတိယႏွစ္အရြယ္သာရွိေသးတဲ့ ေက်ာင္းသားတစ္ေယာက္ ျဖစ္ေပမယ့္ အရြယ္ နဲ႔ မလိုက္ေအာင္ အႏုပညာ အရည္အခ်င္း ျပည့္ဝသူ ျဖစ္တဲ့ အတြက္ ပရိသတ္အမ်ားစုရဲ့ အားေပးဝန္းရံမႈ ကို ရရွိခဲ့တာလည္းျဖစ္ပါတယ္။

ျပည္တြင္း ျပည္ပရွိ စစ္ေဘးေရွာင္ေတြအတြက္ အလႉေငြ ေတြ တတ္အားသေရြ႕ ရွာေဖြလႉဒါန္းခဲ့တဲ့ အႏုပညာရွင္ တစ္ဦးျဖစ္တဲ့ ဘင္ဂ်မင္ ကေတာ့ လက္ရွိေရာက္ရွိေနထိုင္တဲ့ မီဇိုရမ္ျပည္နယ္ မွာလည္း ေတးသံရွင္ David Lai ၊ Guys From Chin အဖြဲ႕ နဲ႔ အတူ ျမန္မာစစ္ေဘးေရွာင္ျပည္သူေတြအတြက္ ေငြေၾကးနဲ႔ အစားအေသာက္ေတြ ေပးအပ္ လႉဒါန္းခဲ့တဲ့အျပင္ ေတးသီခ်င္းေတြ နဲ႔ ပါ သီဆိုေဖ်ာ္ေျဖခဲ့ၾကတာ ျဖစ္ပါတယ္။

သူတို႔ သြားေရာက္ခဲတဲ့ ျမန္မာစစ္ေဘးေရွာင္စခန္း ေလးခုမွာ Dapchhuah , Mamit Distric, Nghhalchawm, Aizawl Distric, Sihhmu, Aizawl Distric, Sairang, Aizawl Distric တို႔ျဖစ္ၿပီး စုစုေပါင္း စခန္းတြင္းေနထိုင္သူ ဦးေရ ၃၀၀ နီးပါး ခန႔္ရွိပါတယ္။ သူတို႔က အဆိုပါ စခန္း ေလးခု အတြက္ ႐ူပီးေငြ ၁၀၀,၀၀၀ (က်ပ္ ၂၃သိန္းေက်ာ္) နဲ႔ အျခားလိုက္ပါလာသူေတြက ငပိေထာင္း ၊ ငပိရည္က်ိဳ ၊ လက္ဖက္ႏွပ္ ၊ အေၾကာ္စုံ နဲ႔ ဘာလေခ်ာင္ေက်ာ္ေတြအျပင္ စခန္းတစ္ခုကို ျခင္းလုံးႏွစ္လုံးစီ နဲ႔ ပိုက္တစ္ခုစီ ေဝငွေပး ခဲ့ၾကပါတယ္။

Credit…MM Load